ဟေရှာယ 6:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ဤသို့သူတို့ကြွေးကြော်ကြသည့်အသံကြောင့်၊ ဗိမာန်တော်အုတ်မြစ်သည်တုန်လှုပ်ကာဗိမာန်တော်သည်လည်းမီးခိုးများနှင့်ပြည့်၍လာတော့၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ထို အ သံ ကြောင့် ဗိ မာန် တော် ဝ အ ခြေ အ မြစ် လှုပ် ရှား၍၊ တစ် ဗိ မာန် လုံး မီး ခိုး ပြည့် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တစ်အိမ်လုံး ပြည့်လေ၏။ အခန်းကိုကြည့်ပါ။ |
တံပိုးမှုတ်သူများနှင့် သီချင်းဆိုသူများသည် စည်းဝါးညီညီတစ်သံတည်းဖြင့် ထာဝရဘုရားထံ ဂုဏ်တော်ချီးမွမ်းသီဆိုကြ၏။ တံပိုးသံ၊ လင်းကွင်းသံ စသောတူရိယာသံများနှင့်တကွ ထာဝရဘုရားထံ “ကိုယ်တော်ကောင်းမြတ်တော်မူ၏။ မေတ္တာကရုဏာတော် အစဉ်အမြဲတည်၏”ဟု အသံကိုလွှင့်၍ ချီးမွမ်းသီဆိုကြသောအခါ ထာဝရဘုရား၏အိမ်တော်တစ်ခုလုံး မိုးတိမ်များဖုံးလွှမ်းသွားလေ၏။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။