ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ထွက်မြောက် 12:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေသည် အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့ကိုခေါ်၍ “သင်တို့မျိုးနွယ်စုအလိုက် သင်တို့အတွက် သိုးများကို ရွေးယူပြီးလျှင် ပသခါသိုးသငယ်ကိုသတ်ကြလော့။ Common Language Bible မောရှေသည်ဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့ကိုခေါ်၍``သင်တို့၏မိသားစု အသီးသီးသည် ပသခါပွဲတော်ကိုဆင်ယင် ကျင်းပနိုင်ရန် တိရစ္ဆာန်များထဲမှရွေးယူ၍ ပသခါပွဲအတွက်သတ်ကြလော့။- Garrad Bible ထို အ ခါ မော ရှေ သည် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ ကို ခေါ်၍ အိမ် ထောင် သား ချင်း များ အ လိုက် သိုး ဆိတ် များ ကို ရွေး ချယ် ယူ ခဲ့ ပြီး လျှင် ပ သ ခါ အ ကောင် အ ဖြစ် စီ ရင် ကြ လော့။ Judson Bible ထိုအခါ မောရှေသည်ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့ကိုခေါ်၍၊ သင်တို့သည် အိမ်ထောင်များအသီးအသီး ကိုယ်စီကိုယ်စီ သိုးသငယ်တို့ကိုယူ၍ ပသခါပွဲဖို့သတ်ကြလော့။ |
ထို့နောက် ရှင်ဘုရင်က ပြည်သူပြည်သားအပေါင်းတို့အား “ဤပဋိညာဉ်ကျမ်းတွင် ရေးထားသည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ပသခါပွဲကို ကျင်းပကြလော့”ဟု မိန့်ဆို၏။
ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် တစ်စိတ်တစ်သဘောတည်း ကိုယ်ကိုစင်ကြယ်စေကြပြီးဖြစ်၍ အားလုံးမှာ သန့်ရှင်းခြင်းသို့ရောက်ကြ၏။ ထို့ကြောင့် သူတို့အပါအဝင် သူတို့၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့နှင့် သုံ့ပန်းသားသမီးတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။
သင်တို့ အဘယ်သို့စားရမည်နည်းဟူမူကား သင်တို့၏ခါးကိုစည်းလျက်၊ ခြေ၌ဖိနပ်ကိုစီးလျက်၊ လက်ထဲ၌တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ဤသည်ကား ထာဝရဘုရား၏ပသခါပွဲတော်ဖြစ်၏။
သင်တို့သည် တဆေးပါသောအရာတစ်စုံတစ်ခုကိုမျှ မစားရ။ မည်သည့်အရပ်၌နေထိုင်သည်ဖြစ်စေ တဆေးမဲ့မုန့်ကို စားရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
ထာဝရဘုရားကလည်း မောရှေအား “ထိုလူတို့၏ရှေ့မှသွားလော့။ သင်နှင့်အတူ အစ္စရေးသက်ကြီးဝါကြီးတို့ကို ခေါ်သွားလော့။ နိုင်းမြစ်ကိုရိုက်ခဲ့သော သင်၏တောင်ဝှေးကို ကိုင်ဆောင်၍ သွားလော့။
မောရှေသည် ပြန်လာ၍ လူတို့ထဲမှ သက်ကြီးဝါကြီးတို့ကို ခေါ်ပြီးလျှင် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသော ထိုစကားအလုံးစုံတို့ကို သူတို့ရှေ့မှောက်၌ ပြန်ပြော၏။
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။
အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
သားဦးတို့ကိုဖျက်ဆီးသောသူသည် အစ္စရေးလူမျိုးတို့ကိုမထိခိုက်စေရန် သူသည် ယုံကြည်ခြင်းအားဖြင့် ပသခါပွဲတော်နှင့်သွေးဖျန်းခြင်းတို့ကို စီမံဆောင်ရွက်လေ၏။
အစ္စရေးအမျိုးသားတို့သည် ဂိလဂါလအရပ်၌ စခန်းချ၍ ထိုလတစ်ဆယ့်လေးရက်၊ နေဝင်ချိန်တွင် ဂျေရိခေါလွင်ပြင်၌ ပသခါပွဲတော်ကို ကျင်းပကြ၏။