ဧဇရ 6:20 - မြန်မာ့စံမီသမ္မာကျမ်း20 ယဇ်ပုရောဟိတ်အပါအဝင် လေဝိအမျိုးတို့သည် တစ်စိတ်တစ်သဘောတည်း ကိုယ်ကိုစင်ကြယ်စေကြပြီးဖြစ်၍ အားလုံးမှာ သန့်ရှင်းခြင်းသို့ရောက်ကြ၏။ ထို့ကြောင့် သူတို့အပါအဝင် သူတို့၏ညီအစ်ကိုယဇ်ပုရောဟိတ်တို့နှင့် သုံ့ပန်းသားသမီးတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။- အခန်းကိုကြည့်ပါ။Judson Bible20 ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီတညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဖို့မှစ၍ ပေါက်ဖော်ချင်း ယဇ်ပုရောဟိတ်တို့အဖို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဖို့ ပသခါသိုးသငယ်ကို သတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ယဇ်ပုရောဟိတ်အင်အားနည်းသောကြောင့် မီးရှို့ရာယဇ်ကောင်အားလုံး၏အရေခွံကို မခွာနိုင်။ ထို့ကြောင့် သူတို့၏ညီအစ်ကို လေဝိအမျိုးတို့သည် အမှုအားလုံးပြီးစီးသည်အထိ၊ အခြားယဇ်ပုရောဟိတ်တို့ မိမိကိုယ်ကို သန့်ရှင်းခြင်းဝတ်ပြုပြီးသည့်အချိန်အထိ သူတို့ကို ကူညီကြ၏။ အကြောင်းမူကား လေဝိအမျိုးတို့သည် ယဇ်ပုရောဟိတ်တို့ထက်ပင် စိတ်နှလုံးဖြောင့်မှန်၍ မိမိတို့ကိုယ်ကိုသန့်ရှင်းစေသောသူများ ဖြစ်ကြ၏။
အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။