Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ဟုဿုပ်ညွန့်​တစ်စည်း​ကို​ယူ​၍ အင်တုံ​ထဲ၌​ရှိ​သော​သွေး​တွင်​နှစ်​ပြီးလျှင် တံခါးထုပ်​နှင့် တံခါးတိုင်​နှစ်​ဖက်​ကို အင်တုံ​ထဲမှ​သွေး​ဖြင့် သုတ်​ရ​မည်​။ နံနက်​တိုင်အောင် မည်သူမျှ မိမိ​အိမ်​တံခါး​အပြင်​သို့ မ​ထွက်​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​နောက်​ဟု​ဿုပ်​ညွန့်​တစ်​စည်း​ကို​ယူ​၍​အင်​တုံ ထဲ​ရှိ​သိုး​၏​သွေး​၌​နှစ်​ပြီး​လျှင် တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​တိုင်​တို့​ကို​သုတ်​ရ​မည်။ နံ​နက် ချိန်​သို့​ရောက်​သည့်​တိုင်​အောင်​မည်​သူ​မျှ​မိ​မိ အိမ်​အ​ပြင်​သို့​မ​ထွက်​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဟုဿုပ် ညွန့် တစ် စည်း ကို ယူ၍ အင် တုံ ရှိ အ သွေး ၌ ဆွတ် ပြီး လျှင် တံ ခါး ထုပ်၊ တံ ခါး တိုင် နှစ် ဘက် တွင် သုတ် ထား ကြ လော့။ ထို နောက် နံ နက် တိုင် အောင် မည် သူ မျှ အိမ် တံ ခါး ပြင် သို့ မ ထွက် မ သွား ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဟုဿုပ်​ပင်​ညွန့်​တစ်​စည်း​ကို​ယူ၍ အင်​တုံ၌​ထည့်​သော အ​သွေး​ထဲ​မှာ​နှစ်​ပြီး​လျှင်၊ တံ​ခါး​ထုပ်​တံ​ခါး​တိုင်​နှစ်​ဖက်​တို့​ကို ထိုး​သုတ်​ကြ​လော့။ ထို​နောက်​မှ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ မိ​မိ​အိမ်​တံ​ခါး​ပြင်​သို့ မ​ထွက်​မ​သွား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:22
13 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​ကို ဟုဿုပ်ခက်​ဖြင့် သန့်စင်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် စင်ကြယ်​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ဆေးကြော​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​သည် နှင်းပွင့်​ထက် ပို၍​ဖြူ​ပါ​လိမ့်မည်​။


သွေး​ကို​ယူ​ပြီးလျှင် သိုးသငယ်​ကို​စား​သော​သူ​တို့​နေ​သော​အိမ်​များ​၏​တံခါးတိုင်​နှစ်​ဖက်​နှင့် တံခါးထုပ်​တို့​၌ သုတ်လိမ်း​ရ​မည်​။


ငါ့​လူမျိုး​တော်​တို့​၊ သွား​လော့​။ သင့်​အခန်း​ထဲသို့​ဝင်​၍ တံခါး​ကို ပိတ်​ထား​လော့​။ အမျက်​တော်​ပြေ​သည့်​တိုင်အောင် ခေတ္တ​ခဏ​ပုန်း​နေ​လော့​။


စင်ကြယ်​သော​သူ​သည် ဟုဿုပ်ညွန့်​ကို​ယူ​၍ ထို​ရေ​ထဲသို့​နှစ်​ပြီး တဲ​နှင့် တဲ​ထဲ​ရှိ​အသုံးအဆောင်​အားလုံး​ကို​လည်းကောင်း​၊ တဲ​ထဲ​ရှိ​လူ​တို့​ကို​လည်းကောင်း​၊ လူသေ​အရိုး​၊ အသတ်ခံရ​သူ​၊ အလိုလို​သေ​သော​သူ​၊ သင်္ချိုင်းဂူ​ကို ထိမိ​သော​သူ​ကို​လည်းကောင်း ဖျန်း​ရ​မည်​။


ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။


သားဦး​တို့​ကို​ဖျက်ဆီး​သော​သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​မ​ထိခိုက်​စေရန် သူ​သည် ယုံကြည်​ခြင်း​အားဖြင့် ပသခါ​ပွဲတော်​နှင့်​သွေး​ဖျန်း​ခြင်း​တို့​ကို စီမံ​ဆောင်ရွက်​လေ​၏။


ပဋိညာဉ်​သစ်​၏​ကြားဝင်​စေ့စပ်​သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏​သွေး​ထက် သာ၍​မြတ်​သော​အရာ​ကို​မြွက်ဆို​သည့် ပက်ဖျန်း​သော​သွေး​တော်​ထံသို့​လည်းကောင်း ချဉ်းကပ်​ကြ​၏။


ပထမ​ပဋိညာဉ်​တွင်​လည်း ဝတ်ပြု​ခြင်း​ဆိုင်ရာ​ပြဋ္ဌာန်း​ချက်​များ​နှင့် လောက​၌​ရှိ​သော​သန့်ရှင်း​ရာ​ဌာန​ပါ​၏။


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်


သင့်​အိမ်​အပြင်ဘက် လမ်း​ပေါ်သို့​ထွက်သွား​သော​သူ မည်သူမဆို သူ့​သွေး​သည် သူ့​ခေါင်း​ပေါ်၌​တည်​စေ​။ ငါ​တို့​၌​အပြစ်​မ​ရှိ​။ သင့်​အိမ်​ထဲ၌​ရှိ​သော​သူ တစ်စုံတစ်ယောက်​ကို ငါ​တို့​လက်လွန်​မိ​လျှင် သူ့​သွေး​သည် ငါ​တို့​ခေါင်း​ပေါ်​တည်​စေ​။


ယေရှု​ခရစ်တော်​ကို​နာခံ​ရန်​နှင့် ကိုယ်တော်​၏​သွေး​တော်​ပက်ဖျန်း​ခြင်း​ခံရ​ရန်​အတွက် ဝိညာဉ်​တော်​အားဖြင့်​သန့်ရှင်း​စေ​ခြင်း​ခံရ​၍ ခမည်းတော်​ဘုရားသခင်​၏​ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​အတိုင်း ရွေးကောက်​ခံရ​သော​သူ​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​တိုးပွား​ပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ