Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 17:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထာဝရဘုရား​က​လည်း မောရှေ​အား “​ထို​လူ​တို့​၏​ရှေ့​မှ​သွား​လော့​။ သင်​နှင့်အတူ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို ခေါ်သွား​လော့​။ နိုင်း​မြစ်​ကို​ရိုက်​ခဲ့​သော သင်​၏​တောင်ဝှေး​ကို ကိုင်ဆောင်​၍ သွား​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို``သင်​နှင့်​ဣ​သ ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ချို့​တို့​သည် လူ​အ​ပေါင်း​တို့​ကို​ဦး​ဆောင်​၍​ရှေ့​သို့​သွား လော့။ နိုင်းမြစ်​ကို​ရိုက်​သော​တောင်​ဝှေး​ကို​ယူ ၍​သွား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထာ ဝ ရ ဘု ရား က လည်း၊ ဣ သ ရေ လ လူ ကြီး တို့ ကို ခေါ် ပြီး လျှင် နိ လ မြစ် ကို ရိုက် ခဲ့ သော သင့် တောင် ဝေး ကို ကိုင် စွဲ လျက် လူ မျိုး အား ရှေ့ ဆောင်၍ သွား လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​များ​ရှေ့​သို့​သွား၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ကို​ခေါ်​လော့။ မြစ်​ကို​ရိုက်​သော သင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ ဟော​ရပ်​အ​ရပ်​သို့​သွား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 17:5
8 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍ အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူ​၏​။


သင်​မူကား တောင်ဝှေး​ကို​မြှောက်​ပြီးလျှင် ပင်လယ်​အပေါ်​သို့ သင့်​လက်​ကို​ဆန့်​၍ ပင်လယ်​ကို​ခွဲ​လော့​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် သွား​ရ​လိမ့်မည်​။


သင်​သည် သွား​၍ အစ္စရေး​သက်ကြီးဝါကြီး​တို့​ကို​စုဝေး​စေ​ပြီးလျှင် သူ​တို့​အား ‘​သင်​တို့​ဘိုးဘေး​တို့​၏​ဘုရား​၊ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​၏​ဘုရား​တည်းဟူသော ထာဝရဘုရား​သည် ငါ့​အား ကိုယ်​ထင်ရှားပြ​တော်မူ​လျက် “​ငါ​သည် သင်​တို့​ကို​လည်းကောင်း​၊ အီဂျစ်​ပြည်​တွင် သင်​တို့​၌​ဖြစ်ပျက်​သော​အရာ​ကို​လည်းကောင်း အမှန်ပင် အကြည့်အရှု​ကြွလာ​ပြီ​။


ထိုအခါ သူ​တို့​သည် သင်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။ သင်​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည်​လည်း အီဂျစ်​ဘုရင်​ထံသို့​ဝင်​၍ သူ့​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​’​ဟု လျှောက်ထား​လော့​။


အချင်း​လူသား​၊ သင့်​ကို ဆူးပင်​များ​၊ ဆူးချုံ​များ ဝိုင်းရံ​နေ​ပါစေ​၊ ကင်းမြီးကောက်​တို့​နှင့်​နေ​ရ​ပါစေ​၊ သူ​တို့​ကို မ​ကြောက်​နှင့်​။ သူ​တို့​စကား​ကို​လည်း မ​ကြောက်​နှင့်​။ သူ​တို့​သည် ပုန်ကန်​တတ်​သော​လူမျိုး​ဖြစ်​သောကြောင့် သူ​တို့​စကား​ကို မ​ကြောက်​နှင့်​။ သူ​တို့​မျက်နှာထား​ကြောင့် မ​ထိတ်လန့်​နှင့်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ