Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 12:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အစ္စရေး​လူထု​အပေါင်း​တို့​အား ‘​ဤ​လ​ဆယ်​ရက်​နေ့​၌ လူတိုင်း မိမိ​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အိမ်ထောင်စု​တစ်စု​လျှင် သိုးသငယ်​တစ်ကောင်စီ ယူ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဤ​သို့​ညွှန်​ကြား​လော့။ ဤ​လ​ဆယ်​ရက်​နေ့​တွင် မိ​သား​စု​တစ်​စု​လျှင် သိုး​က​လေး​သို့​မ​ဟုတ် ဆိတ်​က​လေး​တစ်​ကောင်​ကျ​စီ​ရွေး​ယူ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် အား သင် တို့ ဆင့် ဆို ရ မည် မှာ ယ ခု လ ဆယ် ရက် တွင် လူ အ သီး အ သီး တို့ သည် အိမ် ထောင် သား ချင်း အ လိုက် တစ် အိမ် ထောင် လျှင် သိုး ဆိတ် တစ် ကောင် ကောင် ကို ရွေး ယူ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မှာ​ထား​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ဤ​လ​ဆယ်​ရက်​နေ့၌ သင်​တို့​ရှိ​သ​မျှ​သည်၊ မိ​မိ​အိမ်​ထောင်​အ​သီး​အ​သီး​အ​တိုင်း တစ်​အိမ်​ထောင်​လျှင် သိုး​သ​ငယ်​တစ်​ကောင်​စီ ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 12:3
26 ပူးပေါင်းရင်းမြစ်များ  

အာဗြဟံ​က​လည်း “​ငါ့​သား​၊ ဘုရားသခင်​ကိုယ်တော်တိုင် မီးရှို့ရာယဇ်​အတွက် သိုးသငယ်​ကို​အသင့်ပြင်ဆင်​တော်မူ​လိမ့်မည်​”​ဟု ဆို​ပြီးမှ သူ​တို့​နှစ်​ယောက်​သည် အတူတူ​ဆက်သွား​ကြ​၏​။


အာဗေလ​သည်​လည်း မိမိ​သိုးအုပ်​ထဲမှ သိုး​သားဦး​များ​နှင့် သိုး​တို့​၏​အဆီ​များ​ကို​ယူဆောင်​လာ​၏​။ ထာဝရဘုရား​သည် အာဗေလ​နှင့် သူ​၏​ပူဇော်သက္ကာ​ကို ပမာဏပြု​တော်မူ​၏​။


ယောရှိ​မင်းကြီး​သည် ထို​နေရာ​တွင်​ရှိ​နေ​သော ပြည်သူပြည်သား​တို့​အဖို့ ပသခါယဇ်​အဖြစ် သိုးသငယ်​၊ ဆိတ်သငယ်​စုစုပေါင်း​အကောင်ရေ​သုံးသောင်း​၊ နွား​အကောင်ရေ​သုံးထောင်​တို့​ကို ရှင်ဘုရင်​ပိုင်ဆိုင်​ရာ​ထဲမှ လှူဒါန်း​ပေး​လေ​၏​။


“​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။


ထိုအခါ မောရှေ​သည် အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​ကို​ခေါ်​၍ “​သင်​တို့​မျိုးနွယ်စု​အလိုက် သင်​တို့​အတွက် သိုး​များ​ကို ရွေး​ယူ​ပြီးလျှင် ပသခါသိုးသငယ်​ကို​သတ်​ကြ​လော့​။


အကယ်၍ မိသားစု​နည်း​သဖြင့် သိုးသငယ်​တစ်​ကောင်​ကို စားမကုန်​လျှင် သူ​သည် အနီးဆုံး​အိမ်နီးချင်း​နှင့်​ပေါင်း​၍ လူ​ဦးရေ​အလိုက် မိမိ​တို့​အသီးသီး​စား​နိုင်​သည့်​ပမာဏ​နှင့်အညီ သိုးသငယ်​တစ်​ကောင်​ကို ချိန်ဆ​ပြီး​ယူ​ရ​မည်​။


ထို​သိုးသငယ်​ကို ဤ​လ​တစ်ဆယ့်​လေး​ရက်​တိုင်အောင် သင်​တို့​ထံ၌ ထိန်းသိမ်းစောင့်ရှောက်​ထား​ပြီး အစ္စရေး​လူထု​အစုအဝေး​အပေါင်း​တို့​သည် နေဝင်ချိန်​၌​သတ်​၍


ထာဝရဘုရား​က မောရှေ​အား “​သင်​သည် အဘယ်ကြောင့် ငါ့​ထံ​အော်ဟစ်​နေ​သနည်း​။ အစ္စရေး​အမျိုးသား​တို့​အား ဆက်၍​ခရီးပြု​ကြ​ရန် ဆင့်ဆို​လော့​။


ထို့နောက် သူ​တို့​က မောရှေ​အား “​သင်​သာလျှင် အကျွန်ုပ်​တို့​ကို​ဆင့်ဆို​ပါ​လော့​။ အကျွန်ုပ်​တို့​နားထောင်​ပါ​မည်​။ အကျွန်ုပ်​တို့​အား ဘုရားသခင် မိန့်ဆို​တော်​မ​မူ​ပါစေ​နှင့်​။ မိန့်ဆို​တော်မူ​လျှင် အကျွန်ုပ်​တို့​သေ​ကြ​ရ​ပါ​လိမ့်မည်​”​ဟု ဆို​ကြ​၏​။


မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သော​စကား​အားလုံး​ကို အာရုန်​သည် ထို​သူ​တို့​အား ပြောကြား​၍ အစ္စရေး​လူမျိုး​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​တို့​ကို​ပြ​လေ​၏​။


သို့ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ အီဂျစ်​လူမျိုး​တို့​၏​ထမ်းပိုး​အောက်​မှ သင်​တို့​ကို ဆွဲထုတ်​၍ သူ​တို့​၏​ကျွန်ပြု​ခြင်း​မှ​လည်း သင်​တို့​ကို ငါ​ကယ်နုတ်​မည်​။ လက်ရုံး​ကို​ဆန့်​လျက် သူ​တို့​ကို​ကြီးလေး​သော​အပြစ်ဒဏ်​ပေး​ခြင်း​ဖြင့် သင်​တို့​ကို ငါ​ရွေးနုတ်​မည်​။


ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး နှစ်ဆယ့်​ငါး​နှစ်​မြောက်​နှစ်​ဦး​ပိုင်း​၊ ဂျေရုဆလင်​မြို့​တိုက်ခိုက်​ခံရ​ပြီး တစ်ဆယ့်​လေး​နှစ်​မြောက်​၊ လဆန်း​ဆယ်​ရက်​နေ့​၊ ထို​နေ့​တွင်​ပင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​ရောက်လာ​၍ ငါ့​အား ထို​မြို့​သို့ ဆောင်သွား​တော်မူ​၏​။


“​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​သင်​တို့​တွင် တစ်စုံတစ်ယောက်​သည် ထာဝရဘုရား​ထံ ပူဇော်သက္ကာ​ကို တိရစ္ဆာန်​ထဲမှ​ပူဇော်​လို​လျှင် နွား​ကို​ဖြစ်စေ​၊ သိုးဆိတ်​ကို​ဖြစ်စေ ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။


သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​ရန် သိုးဆိတ်​တို့​ထဲမှ သိုးသငယ်အမ​ကို​ဖြစ်စေ​၊ ဆိတ်သငယ်​အမ​ကို​ဖြစ်စေ အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံသို့​ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သူ့​အတွက် အပြစ်​ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။


နွားထီး​၊ သိုးထီး​၊ သိုးသငယ်​၊ ဆိတ်သငယ် တစ်ကောင်ကောင်​ကို​ပူဇော်​လျှင် ထိုသို့​ပြု​ရ​မည်​။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


ယေရှု​ကြွ​တော်မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။


ပသခါ​ပွဲတော်​မတိုင်မီ ခြောက်​ရက်​အလို​တွင် ယေရှု​သည် ဗေသနိ​ရွာ​သို့​ကြွ​တော်မူ​၏။ ထို​ရွာ​သည် သေ​သော​သူ​တို့​ထဲမှ ယေရှု​ထမြောက်​စေ​ခဲ့​သော လာဇရု​နေထိုင်​ရာ​အရပ်​ဖြစ်​၏။


နောက်တစ်နေ့​တွင် ပွဲတော်​သို့​ရောက်လာ​သည့် များစွာ​သော​လူထု​ပရိသတ်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ယေရှု​ကြွလာ​တော်မူ​မည်​ဟု​ကြားသိ​သဖြင့်


သင်​တို့​သည် တဆေးမဲ့​ဖြစ်​ကြ​သည်​နှင့်အညီ အသစ်​သော​မုန့်ညက်​ဖြစ်​နိုင်​ရန် တဆေး​ဟောင်း​ကို​ဖယ်ရှား​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၏​ပသခါ​ပွဲတော်​အတွက် သိုးသငယ်​တည်းဟူသော​ခရစ်တော်​သည် အသေ​သတ်​ခြင်း​ကို​ခံ​ခဲ့​ရ​လေ​ပြီ။


မနက်ဖြန်​နံနက်​၌ သင်​တို့​အမျိုးအနွယ်​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​အမျိုးအနွယ်​သည် မျိုးနွယ်စု​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​မျိုးနွယ်စု​သည် အိမ်ထောင်စု​အလိုက် ချဉ်းကပ်​ရ​မည်​။ ထာဝရဘုရား​ရွေးထုတ်​သော​အိမ်ထောင်စု​သည် တစ်ယောက်ချင်းစီ ချဉ်းကပ်​ရ​မည်​။


အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။


ထိုအခါ ရှမွေလ​က နို့မပြတ်​သေး​သော​သိုးသငယ်​တစ်​ကောင်​ကို ယူ​၍ တစ်ကောင်လုံး​ရှို့​ရ​သော​မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ပြီး အစ္စရေး​လူမျိုး​တို့​အတွက် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ထာဝရဘုရား နားညောင်း​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ