Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 10:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အားလုံး​သည် တစ်မျိုးတည်း​သော ဝိညာဉ်​ရေး​ဆိုင်ရာ​ရေ​ကို သောက်​ခဲ့​ကြ​၏။ တစ်နည်းဆိုသော် သူ​တို့​နှင့်အတူ​လိုက်​ပါလာ​သော ဝိညာဉ်​ရေး​ဆိုင်ရာ​ကျောက်​မှ ရေ​ကို​သောက်​ကြ​၏။ ထို​ကျောက်​ကား ခရစ်တော်​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဋ္ဌမ္မ​ရေ​စာ​တစ်​မျိုး​တည်း​ကို​သောက်​ကြ​ရ​၏။ သူ တို့​အား​လုံး​ပင်​မိ​မိ​တို့​နှင့်​လိုက်​ပါ​လာ​သော ဋ္ဌမ္မ​ကျောက်​မှ​ရေ​ကို​သောက်​သုံး​ကြ​ရ​၏။ ထို ကျောက်​ကား​ခ​ရစ်​တော်​ပင်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ခ ရစ် တော် တည်း ဟူ သော လိုက် ပါ သည့် လော ကု တ္တ ရာ ကျောက် က ရေ ကို သောက် ရ သည့် အ လျောက် ရှိ သ မျှ တို့ သည် တစ် မျိုး တည်း သော လော ကု တ္တ ရာ အ မြိုက် သောက် ခွင့် များ ကို ရ ကြ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​သူ​တို့​နောက်၌ လိုက်​သော​ဓ​မ္မ​ကျောက်​မှ ထွက်​သော​ရေ​ကို သောက်​ကြ၏။ ထို​ကျောက်​ကား ခ​ရစ်​တော်​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 တူညီသော ဓမ္မ​ရေ​ကို သောက်ခဲ့ကြ၏။ သူတို့​အားလုံး​သည် သူတို့​နှင့်အတူ ခရီးပြုသော ဓမ္မ​ကျောက်​မှ ရေ​ကို သောက်ခဲ့ကြ၏။ ထို​ကျောက်​မှာ ခရစ်တော်​ပင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 10:4
23 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယောသပ်​က သူ့​အား “​အိပ်မက်​၏​အနက်​ကား ဤသို့​ဖြစ်​၏​။ အခက်​သုံး​ခက်​သည် သုံး​ရက်​ဖြစ်​၏​။


ကောင်း​သော​နွားမ​ခုနစ်​ကောင်​သည် ခုနစ်​နှစ်​ဖြစ်​၏​။ ကောင်း​သော​စပါးနှံ​ခုနစ်​နှံ​သည်​လည်း ခုနစ်​နှစ်​ဖြစ်​၏​။ အိပ်မက်​နှစ်​ခု​သည် အတူတူ​ပင်​ဖြစ်​ပါ​၏​။


ကိုယ်တော်​သည် ကျောက်ဆောင်​ကို ဖွင့်​တော်မူ​သောအခါ ရေ​များ​စီးထွက်​၍ ခြောက်သွေ့​သော​နေရာ​တွင် မြစ်​ကဲ့သို့​စီးဆင်း​လေ​၏​။


တောကန္တာရ​ထဲ၌ ကျောက်ဆောင်​များ​ကို​ခွဲ​၍ နက်ရှိုင်း​သော​သမုဒ္ဒရာ​မှ​ရေ​ကဲ့သို့ များစွာ​သော​ရေ​ကို သူ​တို့​အား တိုက်​တော်မူ​၏​။


ကျောက်ဆောင်​ကို​ရိုက်​သောအခါ ရေ​များ​စီးထွက်​လာ​ပါ​၏​။ စမ်းချောင်း​များ​စီးဆင်း​ပါ​၏​။ သို့သော် မုန့်​ကို​ကား ပေး​နိုင်​ပါ​မည်​လော​။ မိမိ​လူမျိုး​တော်​အတွက် အသား​ကို ပြင်ဆင်​ပေး​နိုင်​ပါ​မည်​လော​”​ဟု ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​ကြ​၏​။


ကြည့်ရှု​လော့​။ ငါ​သည် ဟောရပ်​တောင်​ရှိ​ကျောက်ဆောင်​ပေါ်တွင် သင့်​ရှေ့​၌ ရပ်​နေ​မည်​။ သင်​သည် ထို​ကျောက်ဆောင်​ကို​ရိုက်​လော့​။ ထို​ကျောက်ဆောင်​မှ ရေ​ထွက်လာ​သဖြင့် လူ​တို့​သည် ရေသောက်​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း အစ္စရေး​သက်ကြီးဝါကြီး​တို့​၏​မျက်မှောက်​၌ ထိုအတိုင်း​ပြု​လေ​၏​။


ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။


သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။


အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။


‘ဤ​သားရဲ​ကြီး​လေး​ကောင်​သည် နောင်တွင်​ပေါ်လာ​မည့်​မြေကြီး​ဘုရင်​လေး​ပါး​ကို ဆိုလို​၏​။


မောရှေ​သည် မိမိ​၏​လက်​ကို​မြှောက်​၍ တောင်ဝှေး​ဖြင့် ထို​ကျောက်​ကို နှစ်ကြိမ်​ရိုက်​လေ​၏​။ ထိုအခါ ရေ​များစွာ​ထွက်လာ​သဖြင့် လူထု​ကြီး​နှင့်​သူ​တို့​၏​တိရစ္ဆာန်​များ ရေသောက်​ရ​ကြ​၏​။


ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ထို​ပွဲတော်​၏​ကြီးမြတ်​သော​နေ့​ဖြစ်​သည့် နောက်ဆုံး​နေ့​၌ ယေရှု​သည်​ရပ်​လျက်“မည်သူမဆို ရေငတ်​လျှင် ငါ့​ထံသို့​လာ​၍ သောက်​လော့။


ဟာဂရ​သည် အာရေဗျ​ပြည်​၌​ရှိ​သော သိနာ​တောင်​ကို​ဆိုလို​၍ လက်ရှိ​ဂျေရုဆလင်​မြို့​နှင့်​လည်း အလားတူ​၏။ အဘယ်ကြောင့်​ဆိုသော် ၎င်း​သည် မိမိ​၏​သားသမီး​တို့​နှင့်အတူ ကျွန်ခံ​နေ​ရ​၏။


သင်​တို့​ကို အပြစ်​ဖြစ်စေ​သည့် သင်​တို့​သွန်းလုပ်​သော​နွားသငယ်ရုပ်တု​ကို ငါ​ယူ​၍ မီး​ရှို့​ပစ်​ပြီး မြေမှုန့်​ကဲ့သို့ ညက်ညက်ကြေ​သည်​အထိ ကြိတ်ချေ​ပြီးလျှင် ထို​အမှုန့်​ကို တောင်​ထဲမှ​စီးထွက်​လာ​သည့်​ချောင်း​ထဲသို့ ပစ်ချ​လိုက်​၏​။


၎င်း​တို့​သည် ဖြစ်လာ​မည့်​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ကြ​ပြီး အကောင်အထည်​အစစ်​မူကား ခရစ်တော်​၌​ရှိ​၏။


ပညတ်​တရား​သည် နောင်​လာ​မည့်​ကောင်း​သော​အရာ​များ​၏​အရိပ်​မျှသာ​ဖြစ်​ပြီး ၎င်း​တို့​၏​ပုံသဏ္ဌာန်​အစစ်အမှန်​မ​ဟုတ်​သောကြောင့် နှစ်စဉ် အမြဲမပြတ်​ပူဇော်​နေ​သည့် တူညီ​သော​ယဇ်​များ​အားဖြင့် အထံ​တော်​သို့​ချဉ်းကပ်​သော​သူ​တို့​ကို မ​စုံလင်​စေ​နိုင်​ပေ။


ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ