ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
တရားဟော 1:1 - မြန်မာ့စံမီသမ္မာကျမ်း ဂျော်ဒန်မြစ်တစ်ဖက်၊ တောကန္တာရရှိပါရန်အရပ်နှင့် တောဖလ၊ လာဗန်၊ ဟာဇရုတ်၊ ဒိဇဟတ်အရပ်တို့အကြား သုဖနှင့်မျက်နှာချင်းဆိုင်အရာဗလွင်ပြင်၌ အစ္စရေးအမျိုးသားအပေါင်းတို့အား မောရှေဆင့်ဆိုသောစကားများကား ဤသို့ဖြစ်၏။ Common Language Bible ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။- Garrad Bible ယော် ဒန် မြစ် တစ် ဘက်၊ အ ရာ ဗာ ချိုင့်၊ သဲ တော ရှိ သု ဖ မြို့ ရင် ဆိုင်၊ ပါ ရန် မြို့ နှင့် တော ဖေ လ၊ လာ ဗန်၊ ဟာ ဇ ရုတ်၊ ဒိ ဇ ဟပ် မြို့ များ စပ် ကြား တွင် ဣ သ ရေ လ တစ် မျိုး လုံး အား မော ရှေ ဆင့် ဆို ချက် များ အ ကြောင်း၊ Judson Bible တောကြီးလွင်ပြင်၊ ယော်ဒန်မြစ်နား၊ သုဖမြို့တစ်ဖက်၊ ပါရန်မြို့၊ တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့အလယ်၌ မောရှေသည် ဣသရေလ အမျိုးသားတို့အား ဟောပြောသောစကားများကို ပြန်ရလေသည်မှာ၊ |
ဤသို့ဖြင့် သူသည် ပါရန်တောကန္တာရ၌နေထိုင်လေ၏။ သူ၏မိခင်သည် အီဂျစ်ပြည်မှ မိန်းမတစ်ယောက်နှင့် သူ့ကိုစုံဖက်ပေး၏။
သူတို့သည် မိဒျန်ပြည်မှထွက်၍ ပါရန်ပြည်သို့သွား၏။ ထိုမှ ပါရန်အမျိုးသားအချို့ကို သူတို့နှင့်အတူခေါ်၍ အီဂျစ်ပြည်သို့သွားကာ အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ ခိုဝင်ကြ၏။ ဖာရောမင်းကြီးသည် သူတို့အား နေစရာအိမ်ကိုပေးကာ အစားအစာများကို ထောက်ပံ့၍ မြေကိုလည်းပေး၏။
ဘုရားသခင်သည် တေမန်မြို့မှ ကြွလာတော်မူ၏။ သန့်ရှင်းတော်မူသောအရှင်သည် ပါရန်တောင်မှ ကြွလာတော်မူ၏။ ကိုယ်တော်၏ဘုန်းတော်သည် ကောင်းကင်တစ်ပြင်လုံးကိုဖုံးလွှမ်း၍ ဂုဏ်တော်ချီးမွမ်းသံသည်လည်း မြေတစ်ပြင်လုံး ပျံ့နှံ့လေ၏။ (စေလာ)
အစ္စရေးအမျိုးသားတို့သည် သိနာတောကန္တာရမှ ခရီးထွက်ခွာလာကြ၏။ မိုးတိမ်သည် ပါရန်တောကန္တာရ၌ ရပ်တန့်လေ၏။
လူတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ဟာဇရုတ်အရပ်သို့ ခရီးပြု၍ ဟာဇရုတ်အရပ်၌နေကြ၏။
ထို့နောက်မှ လူတို့သည် ဟာဇရုတ်အရပ်မှ ခရီးပြု၍ ပါရန်တောကန္တာရတွင် စခန်းချကြ၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း မောရှေသည် အစ္စရေးအမျိုးသားတို့၏အကြီးအမှူးများကို ပါရန်တောကန္တာရမှ စေလွှတ်၏။
အကျွန်ုပ်တို့၏အမွေမြေသည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်း၌ ကျသောကြောင့် ဂျော်ဒန်မြစ်တစ်ဖက်ကိုလွန်၍ သူတို့နှင့်အတူ အမွေမြေကိုမယူပါ”ဟု ပြန်လျှောက်ကြ၏။
အကျွန်ုပ်တို့သည် လက်နက်ကိုင်စွဲလျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါမည်။ အကျွန်ုပ်တို့အတွက် ပိုင်ဆိုင်ရာအမွေမြေသည် ဂျော်ဒန်မြစ်တစ်ဖက်၌ ဖြစ်စေပါ”ဟု ပြန်လျှောက်ကြ၏။
အကျွန်ုပ်တို့သည် သခင်၏ရှေ့၌ မျက်နှာရပါလျှင် ဤပြည်ကို သခင်၏အစေအပါးတို့အား ပိုင်ဆိုင်ရာမြေအဖြစ်ပေးပါ။ ဂျော်ဒန်မြစ်တစ်ဖက်သို့ အကျွန်ုပ်တို့မကူးပါရစေနှင့်”ဟု လျှောက်ကြ၏။
ဤအမျိုးအနွယ်နှစ်နွယ်နှင့် တစ်ဝက်သည် ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ အရှေ့ဘက်နေထွက်ရာအရပ်တွင် အမွေရပြီးဖြစ်၏”ဟု မိန့်မှာလေ၏။
ဂျော်ဒန်မြစ်တစ်ဖက်၌ သင်တို့ပေးသောမြို့သုံးမြို့၊ ခါနာန်ပြည်၌ သင်တို့ပေးသောမြို့သုံးမြို့သည် ခိုလှုံရာမြို့ဖြစ်ရမည်။
ထို့ကြောင့် ငါတို့သည် ငါတို့၏ညီအစ်ကိုများဖြစ်သည့် ဧသော၏သားမြေးတို့နေထိုင်သော စိရပြည်ကို အရာဗလမ်းအတိုင်း ဧလတ်အရပ်၊ ဧဇယုန်ဂါဗာအရပ်မှ ဖြတ်ကျော်သွားပြီးနောက် မောဘတောကန္တာရလမ်းအတိုင်း လှည့်၍ခရီးပြုကြ၏။
တစ်ဖန် မောရှေနှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည် လူတို့အား “ယနေ့ သင်တို့အား ငါမှာကြားသည့် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းလော့။
ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
ဤတရားကို ဂျော်ဒန်မြစ်တစ်ဖက်၊ ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ မိန့်ဆိုခဲ့ခြင်းဖြစ်၏။ ထိုအရပ်သည် မောရှေနှင့်အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှထွက်လာပြီးနောက် တိုက်ခိုက်ခဲ့သော ဟေရှဘုန်မြို့၌စံမြန်းသည့် အာမောရိဘုရင်ရှိဟုန်မင်းကြီး၏နယ်မြေဖြစ်၏။
မောရှေသည် အစ္စရေးလူမျိုးအပေါင်းတို့ကိုခေါ်၍ သူတို့အား “အို အစ္စရေးလူမျိုးတို့၊ ယနေ့ သင်တို့ကြားသိအောင် ငါဆင့်ဆိုသော ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို နားထောင်လော့။ သင်ယူလော့။ လိုက်နာစောင့်ထိန်းလော့။
ယခုတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားကတိပေးခဲ့သည့်အတိုင်း သင်တို့၏ညီအစ်ကိုတို့အား အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကိုပေးတော်မူပြီ။ ထို့ကြောင့် သင်တို့သည်လည်း သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေပေးခဲ့သည့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ သင်တို့ပိုင်ဆိုင်ရာပြည်၊ သင်တို့၏အိမ်ရှိရာသို့ပြန်သွားကြလော့။
မောရှေက မနာရှေအမျိုးအနွယ်တစ်ဝက်အား ဗာရှန်ပြည်ကို အမွေမြေအဖြစ်ပေးခဲ့၏။ ယောရှုက ကျန်မနာရှေအမျိုးအနွယ်တစ်ဝက်အား သူတို့၏ညီအစ်ကိုတို့နှင့်အတူ ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်းကို အမွေမြေအဖြစ်ပေး၏။ သူတို့ကို အိမ်သို့ပြန်စေသောအခါ ယောရှုသည် ကောင်းချီးပေး၍
အထက်မှစီးဆင်းလာသောရေသည် ရပ်၍ အလှမ်းဝေးသောဇာရတန်မြို့အနီးရှိအာဒံမြို့အထိ တစ်ဖက်တည်း၌စုပုံလျက် တန့်နေ၏။ အရာဗပင်လယ်ဟုခေါ်သော ဆားပင်လယ်တိုင်အောင် စီးဆင်းသောရေသည် လုံးလုံးပြတ်သွား၏။ လူတို့သည်လည်း တစ်ဖက်ကမ်းရှိ ဂျေရိခေါမြို့သို့ ကူးသွားကြ၏။
ဂျော်ဒန်မြစ်တစ်ဖက် တောင်ပေါ်ဒေသ၊ မြေနိမ့်ဒေသ၊ လက်ဘနွန်တောင်ခြေရှိမြေထဲပင်လယ်ကမ်းခြေတစ်လျှောက် တို့၌နေထိုင်ကြသော ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ရှင်ဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့၏သတင်းကို ကြားသောအခါ
ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၌ ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း ကြားသိသောအခါ
ရှမွေလ ကွယ်လွန်သောအခါ အစ္စရေးလူမျိုးအားလုံး စုရုံး၍ သူ့အတွက် ငိုကြွေးမြည်တမ်းကြ၏။ ထို့နောက် ရာမမြို့ရှိ သူ့အိမ်တွင် သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည်လည်း ထ၍ ပါရန်တောကန္တာရသို့ ဆင်းသွား၏။