တရားဟော 29:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဟောရပ်တောင်၌ အစ္စရေးအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်အပြင် မောဘပြည်၌ အစ္စရေးအမျိုးသားတို့နှင့်ပဋိညာဉ်ဖွဲ့ရန် မောရှေအား မိန့်မှာတော်မူခဲ့သည့် ပဋိညာဉ်ပါအချက်များကား ဤသို့ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ဟော ရပ် တောင် တွင် ဣ သ ရေ လ အ မျိုး သား တို့ နှင့် ဖွဲ့ တော် မူ ခဲ့ သော ပ ဋိ ညာဉ် တော် ပြင် မော ဘ ပြည်၌ ထပ် ဖွဲ့ စေ ရန်၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော ပ ဋိ ညာဉ် ချက် များ ကား ထို သို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible1 ၁၇ ဤရွေ့ကား၊ ဟောရပ်အရပ်၌ ထာဝရဘုရားသည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှတစ်ပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ်ပြုစေခြင်းငှာ၊ ထာဝရဘုရားမှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။
‘ထိုလမ်းကို နောက်တစ်ဖန် သင်မမြင်ရ’ဟု သင့်အား ငါဆင့်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် သင့်ကို အီဂျစ်ပြည်သို့ ထိုလမ်းဖြင့်မဟုတ်ဘဲ သင်္ဘောနှင့်ပြန်သွားစေတော်မူမည်။ ထိုပြည်၌ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် သင့်ကိုယ်သင် သင့်ရန်သူတို့ထံသို့ ရောင်းမည်။ သင့်ကို မည်သူမျှဝယ်မည်မဟုတ်”ဟု ဆိုလေ၏။