အချို့မှာ သန့်ရှင်းရာဌာန၏အသုံးအဆောင်အားလုံးနှင့် ဂျုံမှုန့်၊ စပျစ်ဝိုင်၊ ဆီ၊ လော်ဗန်၊ အမွှေးနံ့သာ စသည့်အသုံးအဆောင်တို့ကို ထိန်းသိမ်းပေးရ၏။
တောလည် 4:32 - မြန်မာ့စံမီသမ္မာကျမ်း ဝင်းပတ်ပတ်လည်တိုင်များ၊ တိုင်များ၏အောက်ခံအစွပ်များ၊ ငုတ်တိုင်များ၊ ကြိုးများစသည့်တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကို လုပ်ဆောင်ရမည်။ သူတို့သယ်ဆောင်ရမည့်ပစ္စည်းတို့ကို အမည်နှင့်တကွ ချမှတ်ပေးရမည်။ Common Language Bible တဲတော်ဝင်းပတ်လည်ရှိတိုင်များ၊ အောက်ခံခုံ များ၊ ကြက်ဆူးများနှင့်ကြိုးများကိုလည်း ကောင်း၊ ထိုပစ္စည်းများကိုတပ်ဆင်ရာ၌အသုံး ပြုသောတန်ဆာပလာအားလုံးတို့ကို လည်းကောင်းသယ်ဆောင်ရမည်။ လူတိုင်း မိမိအတွက်သတ်မှတ်ပေးသောပစ္စည်း ကိုသယ်ဆောင်ရမည်။- Garrad Bible ပတ် လည် တံ တိုင်း တိုင်၊ အောက် ခံ ခုံ၊ ကြက် ဆူး၊ ကြိုး များ မှ စ သော သုံး ရာ ကိ ရိ ယာ များ တည်း။ ၎င်း တို့ တာ ဝန် ကို ကိ ရိ ယာ အ မည် သ ညာ သေ ချာ စွာ သင် တို့ စီ မံ ကြ ရ မည်။ Judson Bible ဝင်းတိုင်၊ ခြေစွပ်တံသင်၊ ကြိုးများတို့ကိုလည်းကောင်း ထိုအရာများနှင့်ဆိုင်၍ အမှုတော်ထမ်းရန် တန်ဆာရှိသမျှတို့ကိုလည်းကောင်း ထမ်းရွက်ရကြမည်။ သူတို့ထမ်းရွက်ရသောတန်ဆာတို့ကို အမည်မှတ်၍ရေတွက်ရမည်။ |
အချို့မှာ သန့်ရှင်းရာဌာန၏အသုံးအဆောင်အားလုံးနှင့် ဂျုံမှုန့်၊ စပျစ်ဝိုင်၊ ဆီ၊ လော်ဗန်၊ အမွှေးနံ့သာ စသည့်အသုံးအဆောင်တို့ကို ထိန်းသိမ်းပေးရ၏။
ကိန်းဝပ်တော်မူရာတဲတော်၏ပုံစံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့၏ပုံစံကို သင့်အားငါပြသမျှအတိုင်း သင်တို့လုပ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်၏ဝင်းကိုလည်း လုပ်ရမည်။ ထိုဝင်း၏တောင်ဘက်ခြမ်းတစ်ခြမ်းအတွက် အလျားအတောင်တစ်ရာရှိသောအကာကို ရက်လုပ်ထားသောပိတ်ချောထည်ဖြင့်လုပ်ရမည်။
တိုင်အောက်ခံအစွပ်များကို ကြေးနီဖြင့်လည်းကောင်း၊ တိုင်ချိတ်နှင့် တိုင်ထိပ်အစွပ်တို့ကို ငွေဖြင့်လည်းကောင်း လုပ်၏။ တိုင်ထိပ်ကို ငွေဖြင့်မွမ်းမံ၏။ ဝင်းတိုင်အားလုံး၏ထိပ်ကို ငွေအစွပ်ဖြင့်စွပ်၏။
မောရှေပြောသည့်အတိုင်း သက်သေခံတော်မူချက်ထားရှိသောကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အတွက် ပြုစုထားသောပစ္စည်းစာရင်းကား ဤသို့တည်း။ ထိုစာရင်းကို ယဇ်ပုရောဟိတ်အာရုန်၏သားဣသမာဦးဆောင်၍ လေဝိအမျိုးတို့က ပြုစုကြ၏။
မေရာရိသားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊ တန်ဆာပလာအားလုံး၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှ၊
တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်၌ သူတို့တာဝန်ယူလုပ်ဆောင်ရမည့်အလုပ်အားလုံးကား ဤသို့ဖြစ်၏။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်၏ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ၊
ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်တွင် ယဇ်ပုရောဟိတ်အာရုန်၏သား ဣသမာ၏ဦးဆောင်မှုအောက်၌ မေရာရိသားမြေးတို့၏မျိုးနွယ်စုများ လုပ်ဆောင်ရမည့်အလုပ်အားလုံးဖြစ်၏”ဟု မိန့်တော်မူ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။
မောရှေသည် ကိန်းဝပ်တော်မူရာတဲတော်ကို တည်ပြီးသောနေ့၌ ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏တန်ဆာပလာရှိသမျှကို ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။ ယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်း ဘိသိက်သွန်း၍ သန့်ရှင်းစေ၏။
မေရာရိသားမြေးတို့အား သူတို့ထမ်းဆောင်ရသည့်တာဝန်အလိုက် လှည်းအိမ်လေးခုနှင့်နွားရှစ်ကောင်ကိုပေးအပ်လေ၏။