Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 4:32 - Common Language Bible

32 တဲ​တော်​ဝင်း​ပတ်​လည်​ရှိ​တိုင်​များ၊ အောက်​ခံ​ခုံ များ၊ ကြက်​ဆူး​များ​နှင့်​ကြိုး​များ​ကို​လည်း ကောင်း၊ ထို​ပစ္စည်း​များ​ကို​တပ်​ဆင်​ရာ​၌​အ​သုံး ပြု​သော​တန်​ဆာ​ပ​လာ​အား​လုံး​တို့​ကို လည်း​ကောင်း​သယ်​ဆောင်​ရ​မည်။ လူ​တိုင်း မိ​မိ​အ​တွက်​သတ်​မှတ်​ပေး​သော​ပစ္စည်း ကို​သယ်​ဆောင်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

32 ပတ် လည် တံ တိုင်း တိုင်၊ အောက် ခံ ခုံ၊ ကြက် ဆူး၊ ကြိုး များ မှ စ သော သုံး ရာ ကိ ရိ ယာ များ တည်း။ ၎င်း တို့ တာ ဝန် ကို ကိ ရိ ယာ အ မည် သ ညာ သေ ချာ စွာ သင် တို့ စီ မံ ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ဝင်း​တိုင်၊ ခြေ​စွပ်​တံ​သင်၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ သူ​တို့​ထမ်း​ရွက်​ရ​သော​တန်​ဆာ​တို့​ကို အ​မည်​မှတ်၍​ရေ​တွက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​စသည့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို လုပ်ဆောင်​ရ​မည်​။ သူ​တို့​သယ်ဆောင်​ရ​မည့်​ပစ္စည်း​တို့​ကို အမည်​နှင့်တကွ ချမှတ်​ပေး​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 4:32
12 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-


တဲ​တော်​နှင့်​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​တို့​ကို ငါ​ပြ​မည့်​ပုံ​စံ​အ​တိုင်း​ပြု​လုပ်​ရ​မည်။


``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ပိတ်​ချော​ကန့်​လန့် ကာ​တို့​ဖြင့်​ကာ​ရံ​ထား​ရ​မည်။ တောင်​ဘက်​ကိုက် ငါး​ဆယ်​ရှည်​သော​ကန့်​လန့်​ကာ​ဖြင့်​ကာ​ရ​မည်။-


တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-


ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။


သူ​တို့​သည်​တဲ​တော်​ဘောင်​များ၊ တန်း​များ၊ တိုင်​များ၊ အောက်​ခံ​ခုံ​များ​နှင့်​ယင်း​တို့​နှင့် စပ်​လျက်​ရှိ​သော​တန်​ဆာ​များ​တို့​ကို​ထိန်း သိမ်း​စောင့်​ရှောက်​ရန်​တာ​ဝန်​ယူ​ရ​သည်။ သူ တို့​သည်​အ​ထက်​ပါ​ပစ္စည်း​များ​ကို​ထိန်း​သိမ်း စောင့်​ရှောက်​ရ​ကြ​သည်။-


သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​ပစ္စည်း အား​လုံး​ကို​ထိန်း​သိမ်း​၍​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​တဲ​တော်​တွင်​အ​မှု​ထမ်း ရ​မည်။-


သူ​တို့​သည်​တဲ​တော်​သစ်​သား​ဘောင်​များ၊ တန်း များ၊ တိုင်​များ​နှင့်​အောက်​ခံ​ခုံ​များ​ကို​လည်း ကောင်း၊-


ဤ​သည်​တို့​သည်​ကား​တဲ​တော်​တွင်​မေ​ရာ​ရိ သား​ချင်း​စု​တို့​ဆောင်​ရွက်​ရ​မည့်​တာ​ဝန်​များ ဖြစ်​သည်။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ညွှန်​ကြား​သည့်​အ​တိုင်း ဆောင်​ရွက်​ကြ​ရ​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော်​မူ သည့်​အ​တိုင်း လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​စီ တို့​ကို​စာ​ရင်း​ကောက်​ယူ​၍ သူ​တို့​အ​သီး​သီး ဆောင်​ရွက်​ရ​မည့်​ဝတ္တ​ရား​နှင့်​သယ်​ဆောင်​ရ မည့်​တာ​ဝန်​ကို​ခွဲ​ခန့်​ပေး​လေ​သည်။


မော​ရှေ​သည်​တဲ​တော်​ကို​တည်​ဆောက်​ပြီး သော​နေ့​တွင် တဲ​တော်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း များ​ကို​လည်း​ကောင်း၊ ယဇ်​ပလ္လင်​နှင့်​သက်​ဆိုင် သော​ပစ္စည်း​များ​ကို​လည်း​ကောင်း ဘိ​သိက်​ဆီ လောင်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-


လှည်း​လေး​စီး​နှင့်​နွား​ရှစ်​ကောင်​ကို မေ​ရာ​ရိ သား​ချင်း​စု​တို့​အား​လည်း​ကောင်း​ပေး​အပ် လေ​သည်။ သူ​တို့​သည်​အ​လုပ်​ရှိ​သ​မျှ​ကို အာ​ရုန်​၏​သား ဣ​သ​မာ​ညွှန်​ကြား​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ