တောလည် 4:49 - မြန်မာ့စံမီသမ္မာကျမ်း49 မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible49 ထာဝရဘုရားသည်မောရှေအားမိန့်တော်မူ သည့်အတိုင်း လေဝိအမျိုးသားတစ်ယောက်စီ တို့ကိုစာရင်းကောက်ယူ၍ သူတို့အသီးသီး ဆောင်ရွက်ရမည့်ဝတ္တရားနှင့်သယ်ဆောင်ရ မည့်တာဝန်ကိုခွဲခန့်ပေးလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible49 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော ပ ညတ် တော် နှင့် အ ညီ အ သီး အ သီး တို့ တာ ဝန် အ ငန်း အ တာ အ လိုက် မော ရှေ ရေ တွက် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible49 မောရှေ၌ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးအသီးစောင့်ရသောအမှု၊ အသီးအသီးထမ်းရသောဝန်တို့ကို ထောက်၍ မောရှေရေတွက်သတည်း။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။