တောလည် 3:8 - မြန်မာ့စံမီသမ္မာကျမ်း8 တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible8 သူတို့သည်တဲတော်နှင့်ဆိုင်သောပစ္စည်း အားလုံးကိုထိန်းသိမ်း၍ဣသရေလအမျိုး သားတို့အတွက်တဲတော်တွင်အမှုထမ်း ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible8 တွေ့ ဆုံ ရာ တဲ တော် အ သုံး အ ဆောင် ရှိ သ မျှ ကို စောင့် ထိန်း ၍ ဣ သ ရေ လ အ မျိုး သား တို့ အ တွက် အ မှု ကို ဆောင် ရွက် ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible8 သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုးသားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။