Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 38:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 တိုင်​အောက်ခံအစွပ်​များ​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့် တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​၏​။ တိုင်​ထိပ်​ကို ငွေ​ဖြင့်​မွမ်းမံ​၏​။ ဝင်း​တိုင်​အားလုံး​၏​ထိပ်​ကို ငွေ​အစွပ်​ဖြင့်​စွပ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 တိုင် များ၌ ကြေး အောက် ခံ ခုံ၊ ငွေ မှို၊ ငွေ ထိပ် ပတ် ရှိ၍ တိုင် ထိပ် များ လည်း ငွေ မွမ်း မံ လျက် ရှိ ၏။ တံ တိုင်း တိုင် ဟူ သ မျှ လည်း ငွေ ထိပ် ပတ် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 တိုင်​တို့​သည် ကြေး​ဝါ​ခြေ​စွပ်၊ ငွေ​တံ​စို့၊ ငွေ​တန်း​နှင့်​ပြည့်​စုံ၍ တိုင်​ထိပ်​များ​ကို​လည်း ငွေ​နှင့်​မွမ်း​မံ​လေ၏။ ဝင်း​တိုင်​တန်း​ရှိ​သ​မျှ​တို့​သည် ငွေ​တန်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 38:17
6 ပူးပေါင်းရင်းမြစ်များ  

တိုင်​ထိပ်​တွင်​အုပ်​ဖို့ ကြေးနီ​ဖြင့်​သွန်းလုပ်​ထား​သော​တိုင်အုပ်​နှစ်​ခု​ကို သွန်းလုပ်​၏​။ တိုင်အုပ်​တစ်ခုစီ​သည် အမြင့်​ငါး​တောင်​ရှိ​၏​။


ထို​အကာ​အတွက် တိုင်​နှစ်ဆယ်​နှင့် တိုင်​အောက်ခံအစွပ်​အခု​နှစ်ဆယ်​ကို ကြေးနီ​ဖြင့်​လည်းကောင်း​၊ တိုင်​ချိတ်​နှင့်​တိုင်ထိပ်အစွပ်​တို့​ကို ငွေ​ဖြင့်​လည်းကောင်း လုပ်​ရ​မည်​။


ဝင်း​ပတ်ပတ်လည်​၏​အကာ​ရှိသမျှ​ကို ရက်လုပ်​ထား​သော​ပိတ်ချောထည်​ဖြင့်​လုပ်​၏​။


ဝင်း​အဝင်ဝ​ကို​ကာ​ရန် အပြာရောင်​ချည်​၊ ခရမ်းရောင်​ချည်​၊ အနီရောင်​ချည် တို့​ဖြင့်​ရက်လုပ်​ထား​သော​ပိတ်ချောထည်​ပေါ်တွင် ပန်းထိုး​ထား​သော​လိုက်ကာ​ကို​လုပ်​၏​။ ထို​လိုက်ကာ​၏​အလျား​သည် အတောင်​နှစ်ဆယ်​၊ အနံ​သည် ဝင်း​အကာ​၏​အမြင့်​အတိုင်း ငါး​တောင်​ရှိ​၏​။


မေရာရိ​သားမြေး​တို့​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ဘောင်​များ​၊ ကန့်လန့်ကျင်​များ​၊ တိုင်​များ​၊ အောက်ခံအစွပ်​များ​၊ တန်ဆာပလာ​အားလုံး​၊ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​၊


ဝင်း​ပတ်ပတ်လည်​တိုင်​များ​၊ တိုင်​များ​၏​အောက်ခံအစွပ်​များ​၊ ငုတ်တိုင်​များ​၊ ကြိုး​များ​စသည့်​တန်ဆာပလာ​ရှိသမျှ​တို့​ကို သယ်ဆောင်​ရ​မည်​။ ထို​အရာ​တို့​နှင့်ဆိုင်သော​အလုပ်​ဟူသမျှ​တို့​ကို လုပ်ဆောင်​ရ​မည်​။ သူ​တို့​သယ်ဆောင်​ရ​မည့်​ပစ္စည်း​တို့​ကို အမည်​နှင့်တကွ ချမှတ်​ပေး​ရ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ