သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
တောလည် 26:51 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့၏အရေအတွက်မှာ ခြောက်သိန်းတစ်ထောင်ခုနစ်ရာ့သုံးဆယ် ရှိ၏။ Common Language Bible ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။ Garrad Bible ထို သို့ ဣ သ ရေ လ အ မျိုး စာ ရင်း ဝင် လူ ပေါင်း ကား ခြောက် သိန်း တစ် ထောင့် ခု နစ် ရာ့ သုံး ဆယ် ရှိ သ တည်း။ Judson Bible ထိုသို့ဣသရေလအမျိုး၊ စာရင်းဝင်သူလူပေါင်းကား ခြောက်သိန်းတစ်ထောင်ခုနစ်ရာသုံးဆယ် ရှိသတည်း။ |
သူတို့၏သားမြေးများကို မိုးကောင်းကင်ကြယ်ကဲ့သို့ များပြားစေတော်မူ၏။ ဘိုးဘေးတို့ဝင်ရောက်ပိုင်ဆိုင်ရန် ကိုယ်တော်မိန့်မှာသည့်ပြည်သို့ သူတို့ကိုပို့ဆောင်တော်မူ၏။
ကိုယ်တော်ဖြိုဖျက်တော်မူလျှင် မည်သူမျှပြန်လည်မတည်ဆောက်နိုင်။ လူကိုချုပ်ထားတော်မူလျှင် မည်သူမျှမလွှတ်ပေးနိုင်။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
ကလေးများအပြင် အစ္စရေးအမျိုးသား ယောက်ျားခြောက်သိန်းခန့်တို့သည် ရာမသက်အရပ်မှ သုကုတ်အရပ်တိုင်အောင် ခြေကျင်ခရီးပြုကြ၏။
အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။
မောရှေကလည်း “အကျွန်ုပ်နှင့်အတူ လိုက်ပါလာသောလူတို့တွင် ခြေကျင်လျှောက်သောယောက်ျား ခြောက်သိန်းရှိပါ၏။ ကိုယ်တော်က ‘ငါသည် သူတို့အား အသားကိုပေး၍ သူတို့သည် တစ်လလုံးစားရလိမ့်မည်’ဟု မိန့်တော်မူပါသည်တကား။
ဤသည်ကား ဘိုးဘေးအိမ်ထောင်စုအလိုက် အစ္စရေးအမျိုးသားတို့၏အရေအတွက် ဖြစ်၏။ သူတို့တပ်ဖွဲ့အလိုက် တပ်စခန်းများရှိလူအရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းသုံးထောင့်ငါးရာ့ငါးဆယ် ဖြစ်၏။