Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 11:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 မောရှေ​က​လည်း “​အကျွန်ုပ်​နှင့်အတူ လိုက်ပါ​လာ​သော​လူ​တို့​တွင် ခြေကျင်​လျှောက်​သော​ယောက်ျား ခြောက်သိန်း​ရှိ​ပါ​၏​။ ကိုယ်တော်​က ‘​ငါ​သည် သူ​တို့​အား အသား​ကို​ပေး​၍ သူ​တို့​သည် တစ်လလုံး​စား​ရ​လိမ့်မည်​’​ဟု မိန့်​တော်မူ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​မှာ လူ​ပေါင်း​ခြောက်​သိန်း​ရှိ​ပါ​၏။ ကိုယ်​တော်​က သူ​တို့​အား​တစ်​လ​ပတ်​လုံး​အ​သား​ကျွေး မည်​ဟု​မိန့်​တော်​မူ​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 မော ရှေ က၊ အ ကျွန်ုပ် နှင့် လိုက် သော လူ ပေါင်း ကား၊ ခြေ လျင် သွား သူ ခြောက် သိန်း ပါ ပါ၏။ ကိုယ် တော် မှာ မူ တစ် လ ပတ် လုံး စား ရန် အ သား ကို ပေး မည် ဟု က တိ ထား တော် မူ ပြီ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​နှင့်​ဆိုင်​သော လူ​ယောက်ျား​ပေါင်း ခြောက်​သိန်း​ရှိ​ကြ​သည်​ဖြစ်၍ ကိုယ်​တော်​က တစ်​လ​စား​စ​ရာ​ဖို့ သူ​တို့​အား​အ​မဲ​သား​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​ပါ​သည်​တ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 11:21
9 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။


ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။


အသက်​နှစ်ဆယ်​နှင့်​အထက် ရေတွက်​သော​စာရင်း​ထဲတွင် ပါဝင်​သူ​အပေါင်း​တို့​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ​ငါးဆယ်​ရှိ​၍ တစ်ယောက်​လျှင် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​အရ ရှယ်ကယ်​တစ်ဝက်​ဖြစ်​သော တစ်​ဗေကာ​ကို ပေးဆောင်​ကြ​၏​။


သူ​တို့​အားလုံး​၏​အရေအတွက်​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ရှိ​၏​။


သူ​တို့​က အကျွန်ုပ်​အား ‘​ငါ​တို့​စား​ဖို့​အသား​ကို ပေး​ပါ​’​ဟု ဆို​လျက် ငိုကြွေး​ကြ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ဤ​လူ​အပေါင်း​တို့​ကို​ပေး​ဖို့ အသား​ကို အဘယ်​က ရ​နိုင်​ပါ​မည်နည်း​။


သင်​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ထာဝရဘုရား​ကို သင်​တို့ စွန့်ပယ်​ကြ​၍ ငါ​တို့​သည် အဘယ်ကြောင့် အီဂျစ်​ပြည်​မှ​ထွက်လာ​ကြ​သနည်း​ဟု ထာဝရဘုရား​ရှေ့​တော်​၌ ငိုကြွေး​လျက်​ဆို​ကြ​သောကြောင့် သင်​တို့​၏​နှာခေါင်း​မှ​ထွက်​၍ သင်​တို့​ရွံရှာ​သည်​အထိ တစ်လလုံး အသား​ကို စား​ရ​လိမ့်မည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


သိုးအုပ်​၊ နွားအုပ်​တို့​ကို​သတ်​လျှင်​လည်း သူ​တို့​အတွက် လုံလောက်​ပါ​မည်လော​။ ပင်လယ်​ငါး​ရှိသမျှ​တို့​ကို စုဝေး​စေ​လျှင်​လည်း သူ​တို့​အတွက် လုံလောက်​ပါ​မည်လော​”​ဟု လျှောက်ဆို​လေ​၏​။


ဤသည်ကား ဘိုးဘေး​အိမ်ထောင်စု​အလိုက် အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက် ဖြစ်​၏​။ သူ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​များ​ရှိ​လူ​အရေအတွက်​စုစုပေါင်း​မှာ ခြောက်သိန်း​သုံး​ထောင့်​ငါး​ရာ့​ငါးဆယ် ဖြစ်​၏​။


အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​မှာ ခြောက်သိန်း​တစ်ထောင်​ခုနစ်​ရာ့​သုံးဆယ် ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ