မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
တောလည် 25:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်အကားရှား ချိုင့်ဝှမ်းတွင်စခန်းချလျက်ရှိနေကြစဉ် အမျိုး သားအချို့တို့သည်ထိုအရပ်သူမောဘ အမျိုးသမီးတို့နှင့်မှားယွင်းကြ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး တို့ သည် ရှိ တ္တိမ် မြို့၌ စွဲ ရပ် သည့် ကာ လ၊ Judson Bible ဣသရေလအမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရားသောမေထုန်ကိုပြုကြ၏။ |
မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။
တစ်ဖန် သူတို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်၍ လူသေတို့အားပူဇော်သောယဇ်ကို စားကြ၏။
သင်သည် ထိုပြည်၌နေထိုင်သောသူတို့နှင့်ပဋိညာဉ်ဖွဲ့လျှင် သူတို့သည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ၌လည်းကောင်း၊ မိမိတို့၏ဘုရားများအား ယဇ်ပူဇော်သောအခါ၌လည်းကောင်း သင့်ကိုဖိတ်ခေါ်၍ သင်သည် သူတို့ပူဇော်သောယဇ်ကောင်ကိုစားမိလိမ့်မည်။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
ဘေဘီလုံဘုရင်သည် လူအချို့ကို ယုဒပြည်၌ ချန်ထားခဲ့၍ ထိုသူတို့ကိုအုပ်ချုပ်ရန် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိအား ခန့်ထားကြောင်းကို မောဘပြည်၊ အမ္မုန်အမျိုးသားတို့ပြည်၊ ဧဒုံပြည်မှစ၍ အပြည်ပြည်အရပ်ရပ်ရှိ ဂျူးလူမျိုးအပေါင်းတို့ ကြားသိသောအခါ
သို့သော် သူတို့၏သားသမီးတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ကြ၊ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ထိန်းကြ။ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ၏ဒေါသကို သူတို့အပေါ်သို့သွန်ချ၍ သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်ဟု ငါမိန့်ဆိုခဲ့၏။
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
အို ငါ့လူမျိုးတော်၊ ထာဝရဘုရားဖြောင့်မတ်တော်မူကြောင်း သင် သိနိုင်ရန် မောဘဘုရင်ဗာလက်မင်းကြီး မည်သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ သူ့အား ဗောရသား ဗာလမ် မည်သို့ပြန်လည်ဖြေကြားခဲ့သည်ကိုလည်းကောင်း၊ ရှိတ္တိမ်မြို့နှင့် ဂိလဂါလမြို့ကြား မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကိုလည်းကောင်း အောက်မေ့လော့”ဟု မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့အတွက် မိဒျန်လူမျိုးကိုလက်တုံ့ပြန်လော့။ ထို့နောက်မှ သင်သည် မိမိလူမျိုးတို့စုစည်းရာသို့ သွားရမည်”ဟု မိန့်တော်မူ၏။
ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်တစ်လျှောက် ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်အရပ်တိုင်အောင် စခန်းချကြ၏။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
သူတို့ထဲမှ အချို့တို့သည် တရားနှင့်မညီမေထုန်ပြုသကဲ့သို့ ငါတို့သည် တရားနှင့်မညီမေထုန်ပြုခြင်းအမှုကို မပြုဘဲ နေကြကုန်စို့။ သူတို့သည် တရားနှင့်မညီမေထုန်ပြုသဖြင့် တစ်ရက်အတွင်း လူနှစ်သောင်းသုံးထောင်သေဆုံးခဲ့ကြ၏။
ဤသို့ဖြင့် ငါတို့သည် ဗက်ပေဂုရအရပ်နှင့်မျက်နှာချင်းဆိုင်ချိုင့်ဝှမ်း၌ နေထိုင်ကြရ၏။
ထိုဘုရားတို့သည် သူတို့ပူဇော်သောယဇ်ကောင်၏အဆီကိုစား၍ သူတို့၏သွန်းလောင်းရာပူဇော်သက္ကာစပျစ်ဝိုင်ကိုသောက်ကြ၏။ ထိုဘုရားတို့သည် သင်တို့ကို ထ၍ကူညီမစပါလေစေ။ သင်တို့ကို ကွယ်ကာပါလေစေ။
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။
ပေဂုရတောင်၌ ငါတို့ပြုခဲ့မိသောအပြစ်သည် မလုံလောက်သေးသလော။ ယခုအချိန်ထိ ထိုအပြစ်နှင့် ငါတို့မကင်းရှင်းသေး။ ထိုအပြစ်များကြောင့်လည်း ထာဝရဘုရား၏လူများအပေါ်သို့ ဘေးဒဏ်ကျရောက်ခဲ့ပြီ။
ယောရှုသည် နံနက်စောစောထပြီး အစ္စရေးအမျိုးသားအပေါင်းတို့နှင့်အတူ ရှိတ္တိမ်အရပ်မှခရီးပြု၍ ဂျော်ဒန်မြစ်သို့ရောက်လာကြ၏။ မြစ်ကိုမကူးသေးဘဲ ထိုမြစ်နား၌ စခန်းချကြ၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။