Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 6:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အို ငါ့​လူမျိုး​တော်​၊ ထာဝရဘုရား​ဖြောင့်မတ်​တော်မူ​ကြောင်း သင် သိ​နိုင်​ရန် မောဘ​ဘုရင်​ဗာလက်​မင်းကြီး မည်သို့​ကြံစည်​ခဲ့​သည်​ကို​လည်းကောင်း​၊ သူ့​အား ဗောရ​သား ဗာလမ် မည်သို့​ပြန်လည်ဖြေကြား​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှိတ္တိမ်​မြို့​နှင့် ဂိလဂါလ​မြို့​ကြား မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​လော့”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အို ငါ့ လူ မျိုး၊ ငါ ထာ ဝ ရ ဘု ရား၏ တ ရား မှု များ ကို သိ မှတ် ရ အံ့ သော ငှာ၊ မော ဘ ဘု ရင် ဗာ လက် မင်း ကြံ စည် ချက် နှင့်၊ ဗော ရ သား ဗာ လံ၏ တုံ့ ပြန် ချက် ကို လည်း ကောင်း၊ ရှိ တ္တိမ် မြို့ မှ ဂိ လ ဂါ လ မြို့ ခ ရီး အ ကြား တွင် အ ဖြစ် အ ပျက် များ ကို လည်း ကောင်း၊ သ တိ ရ လော့ ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 6:5
37 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မိမိ​၏​အံ့ဖွယ်​သော​အမှု​တို့​ကို အောက်မေ့စရာ​ဖြစ်​စေရန် စီရင်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ သနားစုံမက်​တတ်​သော​သဘော​ရှိ​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​ကို​အသက်ရှင်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ဆင်းရဲဒုက္ခ​ထဲမှ ထုတ်ဆောင်​တော်မူ​ပါ​။


ကိုယ်တော်​ကို​သိ​သော​သူ​တို့​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို​လည်းကောင်း​၊ စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​၌ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း တည်မြဲတည်​စေ​တော်မူ​ပါ​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် အထက်ကောင်းကင်​တိုင်အောင်​ရောက်​ပါ​၏​။ ကြီးမြတ်​သော​အမှု​တို့​ကို​ပြု​တော်မူ​သော ဘုရားသခင်​၊ မည်သူ​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။


ဇိအုန်​မြို့​သည် တရားမျှတမှု​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။ ထို​မြို့​မှ နောင်တရ​သော​သူ​တို့​သည် ဖြောင့်မတ်​ခြင်း​အားဖြင့် ရွေးနုတ်​ခြင်း​ခံရ​မည်​။


နောက်တစ်နေ့​နံနက်​တွင် ဗာလက်​မင်းကြီး​သည် ဗာလမ်​ကို​ခေါ်​၍ ဗာမုတ်ဗာလ​ကုန်းမြင့်​ပေါ်သို့​တက်သွား​ကြ​၏​။ ထို​နေရာ​မှ အစ္စရေး​လူမျိုး​တို့​၏​တပ်စခန်း​အစွန်အဖျား​ကို တွေ့မြင်​ရ​၏​။


တစ်ဖန် ဗာလက်​မင်းကြီး​က ဗာလမ်​အား “​လာ​ပါ​လော့​။ သင့်​ကို အခြား​တစ်နေရာ​သို့ ခေါ်သွား​မည်​။ အကျွန်ုပ်​အတွက် သူ​တို့​ကို ထို​နေရာ​မှ​ကျိန်ဆဲ​လျှင် ဘုရားသခင်​နှစ်သက်​ကောင်း​နှစ်သက်​တော်မူ​လိမ့်မည်​”​ဟု ဆို​၏​။


အစ္စရေး​လူမျိုး​တို့​သည် ရှိတ္တိမ်​အရပ်​၌ နေထိုင်​ကြ​စဉ် မောဘ​အမျိုးသမီး​တို့​နှင့် စ​၍​ဖောက်ပြန်မှားယွင်း​လာ​ကြ​၏​။


ထို​အမျိုးသမီး​တို့​သည် မိမိ​တို့​ဘုရား​များ​၏​ယဇ်ပူဇော်ပွဲ​များ​သို့ အစ္စရေး​အမျိုးသား​တို့​ကို ခေါ်သွား​၏​။ သူ​တို့​သည် စားသောက်​ကြ​၍ ထို​အမျိုးသမီး​တို့​၏​ဘုရား​များ​ကို​လည်း ရှိခိုးကိုးကွယ်​ကြ​၏​။


ဤ​မိန်းမ​တို့​သည် ဗာလမ်​၏​အကြံပြုချက်​အရ အစ္စရေး​အမျိုးသား​တို့​ကို ပေဂုရ​ဘုရား​အမှု​အားဖြင့် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​သူ​ဖြစ်​စေ​၍ ထာဝရဘုရား​၏​လူထု​အပေါ်​သို့ ဘေးဒဏ်​ကျရောက်​စေ​၏​။


ယောက်ျား​အားလုံး​ကို​သတ်​သည့်​အပြင် ဧဝိ​၊ ရေကင်​၊ ဇုရ​၊ ဟုရ​၊ ရေဘ​စသော မိဒျန်​ဘုရင်​ငါး​ပါး​ကို​လည်း​သတ်​၏​။ ဗောရ​၏​သား ဗာလမ်​ကို​လည်း ဓား​ဖြင့်​သတ်​လေ​၏​။


ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​တစ်လျှောက် ဗက်ယေရှိမုတ်​မြို့​မှ အာဗေလရှိတ္တိမ်​အရပ်​တိုင်အောင် စခန်းချ​ကြ​၏​။


ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။


သင်​သည် အီဂျစ်​ပြည်​မှ အလျင်စလို​ထွက်လာ​သောကြောင့် တဆေးမဲ့​ဆင်းရဲဒုက္ခ​မုန့်​ကို​စား​ခဲ့​ရ​၏​။ သို့ဖြစ်၍ သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​ကို​အောက်မေ့​မည့်​အကြောင်း ခုနစ်​ရက်​ပတ်လုံး ပသခါယဇ်​ကို​တဆေးမဲ့မုန့်​နှင့်​စား​ရ​မည်​။


သင်​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး သူ​တို့​ငြိမ်းချမ်းသာယာ​ဖို့​၊ ကောင်းစား​ဖို့ သင်​မ​ပြု​ရ​။


ထို့ကြောင့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ သင်​အောက်မေ့​ရ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် သင့်​ဘိုးဘေး​တို့​အား​ကျိန်ဆို​တော်မူ​ခဲ့​သည့် မိမိ​ပဋိညာဉ်​ကို တည်​စေရန် ယနေ့​မြင်​ရ​သည့်​အတိုင်း ဥစ္စာပစ္စည်း​ရ​နိုင်​သည့်​အစွမ်း​ကို သင့်​အား ပေး​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။


ဤ​အနှစ်​လေးဆယ်​ပတ်လုံး တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​ခဲ့​သည့် လမ်းခရီး​တစ်လျှောက်​ကို သင်​တို့​အောက်မေ့​ရ​မည်​။ ဤသည်မှာ ပညတ်တော်​များ​ကို သင်​တို့​စောင့်ထိန်း​လို​စိတ်​ရှိ​၊ မ​ရှိ သိ​မည့်​အကြောင်း​သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​နှိမ့်ချ​တော်မူ​၍ စမ်းသပ်​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။


သင်​သည် တောကန္တာရ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မည်သို့​အမျက်ထွက်​စေ​ခဲ့​သည်​ကို အောက်မေ့​လော့​။ မ​မေ့လျော့​နှင့်​။ သင်​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ဤ​အရပ်​သို့​ရောက်​သည့်​တိုင်အောင် ထာဝရဘုရား​ကို ပုန်ကန်​ခဲ့​ကြ​၏​။


နုန်​၏​သား​ယောရှု​သည် သူလျှို​နှစ်ဦး​ကို ရှိတ္တိမ်​အရပ်​မှ တိတ်တဆိတ်​စေလွှတ်​၍ “​ခါနာန်​ပြည်​၊ ဂျေရိခေါ​မြို့​ကို သွား​၍​စူးစမ်း​ကြ​လော့​”​ဟု မှာလိုက်​၏​။ သူ​တို့​လည်း သွား​၍ ရာခပ်​အမည်​ရှိ​သော​ပြည့်တန်ဆာမ​၏​အိမ်​သို့​ဝင်​၍ ညအိပ်​ကြ​၏​။


ယောရှု​သည် နံနက်​စောစောထ​ပြီး အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့်အတူ ရှိတ္တိမ်​အရပ်​မှ​ခရီးပြု​၍ ဂျော်ဒန်​မြစ်​သို့​ရောက်လာ​ကြ​၏​။ မြစ်​ကို​မ​ကူး​သေး​ဘဲ ထို​မြစ်​နား​၌ စခန်းချ​ကြ​၏​။


လူ​တို့​သည် ပထမ​လ​၊ ဆယ်​ရက်​မြောက်​နေ့​တွင် ဂျော်ဒန်​မြစ်​မှ တက်လာ​ကြ​ပြီးနောက် ဂျေရိခေါ​မြို့​အရှေ့ဘက်​နယ်စပ်​ရှိ ဂိလဂါလ​အရပ်​တွင် စခန်းချ​ကြ​၏​။


သူ​တို့​သည် ဖြောင့်တန်း​သော​လမ်း​ကို​စွန့်ခွာ​၍ လမ်းလွဲ​ကာ မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ကို​နှစ်သက်​သည့် ဗော်သော်​၏​သား ဗာလမ်​၏​လမ်းစဉ်​ကို​လိုက်​ကြ​၏။


ငါ​တို့​သည် ကိုယ့်​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျှင် ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​၍ ဖြောင့်မတ်​သော​အရှင်​ဖြစ်​တော်မူ​သောကြောင့် ငါ​တို့​၏​အပြစ်​များ​ကို​ခွင့်လွှတ်​ပြီး ငါ​တို့​ကို မတရားမှု​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


သူ​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကာဣန​၏​လမ်းစဉ်​ကို​လိုက်​၍ အခကြေးငွေ​အတွက် ဗာလမ်​၏​မှားယွင်း​ခြင်း​ထဲသို့​ကျရောက်​သွား​ကာ ကောရ​၏​ဆန့်ကျင်​မှု​မျိုး​၌ ပျက်စီး​ဆုံးရှုံး​ကြ​၏။


သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​အနည်းငယ်​ရှိ​၏။ အကြောင်းမူကား သင့်​ထံ​၌ ဗာလမ်​၏​အယူဝါဒ​ကို ခံယူ​ကျင့်သုံး​သော​သူ​များ​ရှိ​၏။ အစ္စရေး​အမျိုးသား​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန်​လည်းကောင်း၊ တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​လည်းကောင်း သူ​တို့​ရှေ့​၌​မှားယွင်း​စေ​သော​အရာ​ကို​ချထား​မည့်​အကြောင်း ဗာလမ်​သည် ဗာလက်​မင်း​အား သင်ပေး​၏။


သင်​သည် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​ထက် သာ၍​မြတ်​သလော​။ သူ​သည် အစ္စရေး​လူမျိုး​ကို ရန်တွေ့​ဖူး​သလော​၊ စစ်တိုက်​ဖူး​သလော​။


ရေတွင်း​နားတွင် သီချင်းဆိုသူ​တို့​က ထာဝရဘုရား​သည်​ဖြောင့်မတ်​သော​အမှု​ကို ပြု​တော်မူ​ကြောင်း​၊ အစ္စရေး​တောသူတောင်သား​တို့​အား ဖြောင့်မတ်​စွာ​ပြု​တော်မူ​ကြောင်း​ကို သီဆို​ကြ​၏​။ ထာဝရဘုရား​၏​လူမျိုး​တော်​သည် မိမိ​တို့​မြို့​တံခါး​သို့ ပြန်လာ​ကြ​လိမ့်မည်​။


ယခု ရပ်​နေ​ကြ​လော့​။ သင်​တို့​နှင့် သင်​တို့​၏​ဘိုးဘေး​များ​အတွက် ထာဝရဘုရား​ပြု​တော်မူ​သည့် ဖြောင့်မတ်​သော​အမှု​ရှိသမျှ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ သင်​တို့​ကို ငါ​ရှင်းလင်းပြောပြ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ