Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 20:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သို့သော် သူ​တို့​၏​သားသမီး​တို့​သည် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​ကြ​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို မ​စောင့်ထိန်း​ကြ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ​၏​ဒေါသ​ကို သူ​တို့​အပေါ်​သို့​သွန်ချ​၍ သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ``သို့​ရာ​တွင်​ထို​လူ​မျိုး​ဆက်​သည်​လည်း​ငါ့​ကို အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင်​ခွင့်​ရ​မည်​ဖြစ် သော်​လည်း သူ​တို့​သည်​ငါ​၏​ပ​ညတ်​တော်​တို့ ကို​ချိုး​ဖောက်​၍​ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ် ပယ်​ကြ​၏။ ဥ​ပုသ်​နေ့​ကို​လည်း​အ​လျှင်း​မ ရို​သေ။ သူ​တို့​အား​တော​ကန္တာ​ရ​တွင်​သေ​စေ ရန် ငါ​သည်​မိ​မိ​၏​အ​မျက်​တော်​ကို​သူ​တို့ အ​ပေါ်​သို့​သွန်း​လောင်း​၍ အ​မျက်​တော်​ဒဏ် ကို​ခံ​စေ​မည်​ဟု​အ​ကြံ​ရှိ​ခဲ့​သော်​လည်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ သက် တည် ရာ တည် ကြောင်း ဖြစ် သော၊ ငါ့ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ အ တိုင်း မ လိုက် မ လျှောက်၊ မ စောင့် မ ထိန်း၊ မ ပြု မ ကျင့် ဘဲ၊ ဥ ပုသ် နေ့ တော် ကို ရှုတ် ချ လျက်၊ ငါ့ အား ပုန် ကန် ကြ သည့် အ တွက်၊ သဲ တော တွင် ထို သူ တို့ အ ပေါ် သို့ အ မျက် ဒေါ သ ကုန် သွန်း လောင်း မည် ဟု အောက် မေ့ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သို့​သော်​လည်း၊ သူ​တို့၏​သား​မြေး​တို့​သည် ငါ့​ကို ပုန်​ကန်​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ အ​ကြောင်း​ဖြစ်​သော၊ ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို မ​စောင့်​ရှောက်၊ မ​ကျင့်​ကြံ​ဘဲ​နေ၍၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို ရှုတ်​ချ​ကြ၏။ ထို​အ​ခါ ငါ​သည်​သူ​တို့၌ ဒေါ​သ​စိတ်​ကို ပြေ​စေ​ခြင်း​ငှာ၊ တော​ထဲ​မှာ ငါ၏​အ​မျက်​အ​ရှိန်​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​မည်​ဟု အ​ကြံ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 20:21
22 ပူးပေါင်းရင်းမြစ်များ  

“​ငါ့​အတွက်​သာမက အစ္စရေး​ပြည်​၊ ယုဒ​ပြည်​၌​ကြွင်းကျန်​သော​သူ​တို့​အတွက် ဤ​တွေ့ရှိ​ထား​သော​ကျမ်းပါစကား​တော်​များ​နှင့်​ပတ်သက်ပြီး ထာဝရဘုရား​ထံ သွား​၍​မေးလျှောက်​ကြ​လော့​။ ငါ​တို့​ဘိုးဘေး​တို့​သည် ထာဝရဘုရား​၏​စကား​တော်​ကို မ​လိုက်နာ​၊ ဤ​ကျမ်း​ထဲ၌​ရေးထား​သမျှ​အတိုင်း မ​ပြုကျင့်​ကြ​သောကြောင့် ထာဝရဘုရား​သည် ငါ​တို့​ကို ပြင်းစွာ​အမျက်ထွက်​လေ​ပြီ​”​ဟု မိန့်ဆို​၏​။


အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်သောအရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။


သူ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​တော်​ကို မ​စောင့်ထိန်း​ကြ​။ တရားတော်​အတိုင်း​လျှောက်လှမ်း​ရန်​လည်း ငြင်းဆန်​ကြ​၏​။


သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။


ထာဝရဘုရား ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​။ အမျက်​တော်​မီး​ကို သွန်ချ​လေ​ပြီ​။ ဇိအုန်​မြို့​ကို​မီးရှို့​၍ မြို့​၏​အုတ်မြစ်​ကို​ပါ လောင်ကျွမ်း​စေ​လေ​ပြီ​။


ထိုသို့ မြို့ရိုး​နှင့် မြို့ရိုး​ကို​ထုံးဖြူ​သုတ်​သော​သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​မည်​။ ထို့နောက် မြို့ရိုး​မ​ရှိ​၊ ထုံးဖြူ​သုတ်​သော​သူ​တို့​လည်း မ​ရှိ​၊


‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို သူ​တို့​အား ချမှတ်​ပေး​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို သိ​စေ​ခဲ့​၏​။


သို့သော် အစ္စရေး​အမျိုး​သည် တောကန္တာရ​တွင် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​ကြ​၏​။ ဥပုသ်နေ့​ကို​လည်း အလွန်​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​၍ သူ​တို့​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


ငါ​သည် သင်​တို့​၏​ဘိုးဘေး​တို့​ကို အီဂျစ်​တောကန္တာရ​တွင် စီရင်​ခဲ့​သကဲ့သို့ သင်​တို့​ကို စီရင်​မည်’​ဟု မိန့်​တော်မူ​၏​။


သို့သော် သူ​တို့​သည် ငါ့​စကား​ကို​နား​မ​ထောင်​၊ ငါ့​ကို​ပုန်ကန်​ကြ​၏​။ သူ​တို့​ကိုးစား​သော​ရွံရှာဖွယ်​ရာ​များ​ကို သူ​တို့​မ​ဖယ်ရှား​၊ အီဂျစ်​ရုပ်တု​တို့​ကို​လည်း မ​စွန့်ပစ်​ကြ​။ ထို့ကြောင့် ‘ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​မည်​။ အီဂျစ်​ပြည်​တွင် သူ​တို့​ကို ငါ့​အမျက်မီး လောင်ကျွမ်း​သွား​စေ​မည်​’​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


ငါ့​အမျက်​ကို သင့်​အပေါ်​သွန်ချ​မည်​။ ဒေါသ​မီး​ဖြင့် မှုတ်ထုတ်​ပစ်​မည်​။ သင့်​ကို ရက်စက်ကြမ်းကြုတ်​သော အဖျက်သမား​တို့​လက်​သို့​အပ်​မည်​။


သင်​သည် ငါ​၏​သန့်ရှင်းရာဌာန​ကို မထီမဲ့မြင်ပြု​ပြီ​။ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ပြီ​။


မကြာမီ ငါ့​ဒေါသ​ကို သင့်​အပေါ် သွန်ချ​မည်​။ ငါ့​အမျက်​ကို သင့်​အပေါ် အကုန်​ဖွင့်ချ​မည်​။ သင်​ပြု​ခဲ့​သည့်​အတိုင်း သင့်​ကို ငါ​စီရင်​မည်​။ သင်​ပြု​ခဲ့​သော စက်ဆုပ်ရွံရှာဖွယ်​အလုံးစုံ​ကို သင့်​အား ပြန်ပေးဆပ်​စေ​မည်​။


ထို​ဘုရင်​သည် မိမိ​အလို​အတိုင်း ပြုမူ​လိမ့်မည်​။ ဘုရား​တကာ​တို့​ထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှင့်​မြှောက်စား​လိမ့်မည်​။ ဘုရား​တကာ​တို့​၏​ဘုရား​ကို ရင့်သီးကြမ်းကြုတ်​သော​စကား​တို့​ဖြင့် ဆန့်ကျင်​ပြောဆို​လိမ့်မည်​။ အမျက်​တော်​ကာလ ပြီးဆုံး​သည်​အထိ သူ​သည် အောင်မြင်မှု​ရ​လိမ့်မည်​။ စီရင်​ထား​သော​အရာ​သည် ဧကန်​ဖြစ်လာ​လိမ့်မည်​။


လူ​တို့​က “​မုန့်​မ​ရှိ​၊ ရေ​မ​ရှိ​သော ဤ​တောကန္တာရ​တွင် သေ​စေရန် အဘယ်ကြောင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သနည်း​။ အရသာ​ပေါ့ရွှတ်​သော​အစားအစာ​ကို​လည်း ငါ​တို့​ငြီးငွေ့လှ​ပြီ​”​ဟု ဘုရားသခင်​နှင့်​မောရှေ​အား ဆန့်ကျင်​ပြောဆို​ကြ​၏​။


ကိုယ်တော်​က​လည်း“ကောင်းမြတ်​သော​အမှု​နှင့်​ပတ်သက်၍ အဘယ်ကြောင့် ငါ့​ကို​မေး​သနည်း။ ကောင်းမြတ်​သော​အရှင်​တစ်ပါးတည်း​သာ​ရှိ​တော်မူ​၏။ သင်​သည် အသက်ရှင်​ခြင်း​သို့​ဝင်စား​လို​လျှင် ပညတ်​တော်​တို့​ကို စောင့်ထိန်း​လော့”​ဟု မိန့်​တော်မူ​၏။


အနှစ်​လေးဆယ်​ခန့်မျှ​သော​ကာလ​ပတ်လုံး တော​ကန္တာရ​တွင် သူ​တို့​ကို သည်းခံ​တော်မူ​၏။


သင်​တို့​၏​ပုန်ကန်​တတ်​သော​သဘော​၊ ခေါင်းမာ​တတ်​သော​သဘော​ကို ငါ​သိ​၏​။ ယနေ့ ငါ​သည် သင်​တို့​နှင့်အတူ​အသက်ရှင်​နေ​စဉ်တွင်ပင် သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​ကြ​ပြီ​။ ငါ​သေ​ပြီးလျှင် ထိုထက်မက ပုန်ကန်​ကြ​လိမ့်မည်​။


ထို့နောက် ဗိမာန်​တော်​ထဲမှ​ကျယ်လောင်​သော​အသံ​က “သွား​ကြ​လော့။ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖလား​ခုနစ်​လုံး​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​ကြ​လော့”​ဟု ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ