Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 23:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 မိန်းမ​တို့ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​အဖို့ ရွက်ဖျင်​များ​ကို ရက်လုပ်​သော​နေရာ​ဖြစ်​သည့် ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​ရှိ မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​တို့​၏​အိမ်​များ​ကို​လည်း ဖြိုပစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဘာ​သာ​ရေး​ဆိုင်​ရာ​ပြည့်​တန်​ဆာ​ တို့​၏​နေ​အိမ်​များ​ကို​လည်း​ဖျက်​ဆီး​တော်​မူ​၏။ (အာ​ရှာ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ၌ အ​သုံး​ပြု​သည့်​ဝတ်​လုံ​များ​ကို​ထို​နေ​အိမ် များ​တွင်​အ​မျိုး​သ​မီး​တို့​ရက်​လုပ်​ကြ​သည်။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ရှဲ ရာ နတ် အ ဖို့၊ ဗိ မာန် တော် တွင် မိန်း မ တို့ ရက်၍ ကာ ထား သော၊ ပြည့် တန် ဆာ ယောက်ျား တို့ အ ခန်း ကို လည်း ဆွဲ ချ လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 မိန်း​မ​တို့​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ကု​လား​ကာ​ကို​ရက်​ရာ​အ​ရပ် ဗိ​မာန်​တော်​နား​မှာ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​တို့ နေ​ရာ​အိမ်​များ​ကို​လည်း ဖျက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 23:7
14 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်​တွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​လည်း ရှိ​၏​။ အစ္စရေး​လူမျိုး​တို့​ထံမှ ထာဝရဘုရား​နှင်ထုတ်​တော်မူ​သော​လူမျိုးခြား​တို့​ပြု​သည့် စက်ဆုပ်ရွံရှာဖွယ်​အရာ​ရှိသမျှ​တို့​ကို ပြု​ကြ​၏​။


သူ​သည် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​များ​ကို​လည်း တိုင်းပြည်​မှ​နှင်ထုတ်​ပစ်​၏​။ ဘိုးဘေး​တို့​ပြုလုပ်​ထား​သော​ရုပ်တု​ရှိသမျှ​တို့​ကို​လည်း ဖယ်ရှား​ပစ်​ခဲ့​၏​။


သူ​သည် ခမည်းတော်​လက်ထက်​မှ​ကျန်နေ​ခဲ့​သော မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​များ​ကို ပြည်​တော်​မှ ဖယ်ရှား​ပစ်​၏​။


ထို့နောက် ယောရှိ​မင်းကြီး​သည် အစ္စရေး​အမျိုးသား​တို့​ပိုင်​သော​နယ်မြေ​တစ်ဝန်းလုံး​ရှိ စက်ဆုပ်ရွံရှာဖွယ်​ရုပ်တု​အားလုံး​ကို ဖယ်ရှား​၍ အစ္စရေး​ပြည်သား​အားလုံး​ကို မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​သာ ဝတ်ပြုကိုးကွယ်​စေ​၏​။ ယောရှိ​မင်းကြီး​လက်ထက်​တစ်လျှောက်လုံး သူ​တို့​သည် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံမှ လမ်း​မ​လွဲ​ဘဲ နောက်​တော်​သို့​လိုက်​ကြ​လေ​၏​။


သင်​သည် အဝတ်အစား​အချို့​ကို​ယူ​ပြီး အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ရောင်စုံခြယ်​လျက် မ​လုပ်​သင့်​၊ မ​လုပ်ထိုက်​သော ဖောက်ပြန်မှားယွင်း​ခြင်း​ကို​ပြု​၏​။


တစ်ဖန် ငါ့​အား မြောက်ဘက်​ရှိ ထာဝရဘုရား​၏​အိမ်​တော်​တံခါးဝ​သို့ ဆောင်သွား​ရာ ထို​နေရာ​၌ မိန်းမ​တို့​သည် တမ္မုဇ​နတ်ဘုရား​အတွက် ထိုင်​ငို​နေ​ကြ​သည်​ကို ငါ​တွေ့​ရ​၏​။


သူ​သည် ဗာလ​ဘုရား​ပွဲ​နေ့​များ​၌ နံ့သာပေါင်း​ကို​မီးရှို့​၍ နှာကွင်း​နှင့် လက်ဝတ်ရတနာ​ကို​ဆင်မြန်း​လျက် ချစ်သူ​များ​နောက်သို့​လိုက်​ပြီး ငါ့​ကို​မေ့လျော့​သည့်​အတွက် သူ့​အား ငါ​ဒဏ်ခတ်​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​တို့​သည် တောင်ထိပ်​များ​ပေါ်တွင် ယဇ်ပူဇော်​ပြီး တောင်ကုန်း​များ​ပေါ်တွင်​လည်းကောင်း​၊ အရိပ်​ကောင်း​သော​ဝက်သစ်ချပင်​၊ ပေါ့ပလာပင်​၊ သပိတ်ပင်​တို့​အောက်​တွင်​လည်းကောင်း နံ့သာပေါင်း​ကို မီးရှို့ပူဇော်​ကြ​၏​။ ထို့ကြောင့် သင်​တို့​၏​သမီး​တို့​သည် ပြည့်တန်ဆာလုပ်​ပြီး ချွေးမ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​ကြ​၏​။


ပြည့်တန်ဆာလုပ်​သော​သင်​တို့​၏​သမီး​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​ကြ​သော​သင်​တို့​၏​ချွေးမ​များ​ကို ငါ​ဒဏ်​မ​ခတ်​။ အကြောင်းမှာ ယောက်ျား​များ​ကိုယ်တိုင် ပြည့်တန်ဆာ​တို့​နှင့်​ပေါင်းဖော်​ကြ​၏​။ ဗိမာန်ပြည့်တန်ဆာ​တို့​နှင့်အတူ ယဇ်ပူဇော်​ကြ​၏​။ ထို့ကြောင့် အသိဉာဏ်​မ​ရှိ​သော​သူ​တိုင်း ပျက်စီး​ရ​လိမ့်မည်​။


အစ္စရေး​လူမျိုး​တို့​သည် ရှိတ္တိမ်​အရပ်​၌ နေထိုင်​ကြ​စဉ် မောဘ​အမျိုးသမီး​တို့​နှင့် စ​၍​ဖောက်ပြန်မှားယွင်း​လာ​ကြ​၏​။


အစ္စရေး​အမျိုးသမီး​များ​ထဲတွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​မိန်းမ​ပြည့်တန်ဆာ​မ​ရှိ​ရ​။ အစ္စရေး​အမျိုးသား​ထဲတွင် မိစ္ဆာဒိဋ္ဌိ​ကျင့်ထုံး​ဆိုင်ရာ​ယောက်ျား​ပြည့်တန်ဆာ​မ​ရှိ​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ