ထာဝရဘုရားအတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
တောလည် 20:8 - မြန်မာ့စံမီသမ္မာကျမ်း “တောင်ဝှေးကို ယူလော့။ သင်နှင့်သင်၏အစ်ကိုအာရုန်သည် အစ္စရေးလူထုကိုစုရုံး၍ သူတို့ရှေ့၌ ကျောက်တုံးကို အမိန့်ပေးလော့။ ထိုကျောက်တုံးမှ ရေထွက်လာမည်။ ဤသို့ဖြင့် သင်သည် ထိုကျောက်တုံးမှရေထွက်လာစေပြီး အစ္စရေးလူထုနှင့်သူတို့၏တိရစ္ဆာန်တို့သောက်စရာရေကို ပေးရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။- Judson Bible လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကိုပေးလိမ့်မည်။ ထိုသို့သင်သည်ကျောက်ထဲက ရေကိုထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဖို့ရေကိုပေးရမည်ဟု၊ |
ထာဝရဘုရားအတွက် ခက်ခဲလွန်းသောအမှုတစ်စုံတစ်ခုရှိသလော။ သတ်မှတ်ထားသောအချိန်တည်းဟူသော နောင်နှစ် ဤသို့သောအချိန်အခါ၌ ငါသည် သင့်ထံသို့ ပြန်လာမည်။ စာရာသည်လည်း သားတစ်ဦးကို ရရှိလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့ဆာလောင်သောအခါ သူတို့အား ကောင်းကင်မှမုန့်ကို ချပေးတော်မူ၏။ သူတို့ရေဆာသောအခါ ကျောက်ထဲမှရေကို ထွက်စေတော်မူ၏။ ထိုပြည်ကို သူတို့အား ပေးမည်ဟု ကျိန်ဆိုထားသည့်အတိုင်း ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ရန် မိန့်တော်မူ၏။
ကိုယ်တော်သည် ကျောက်ဆောင်ကို ဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။
ကိုယ်တော်သည် ကျောက်ဆောင်ကို ရေအိုင်အဖြစ်သို့လည်းကောင်း၊ မာကျောသောကျောက်ကို စမ်းရေတွင်းအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။
အကြောင်းမူကား ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ထိုအတိုင်းဖြစ်၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ ထိုအတိုင်းတည်လျက်နေ၏။
သင်မူကား တောင်ဝှေးကိုမြှောက်ပြီးလျှင် ပင်လယ်အပေါ်သို့ သင့်လက်ကိုဆန့်၍ ပင်လယ်ကိုခွဲလော့။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် သွားရလိမ့်မည်။
ထို့ကြောင့် မောရှေက ယောရှုအား “ငါတို့အတွက် လူတို့ကိုရွေးချယ်ပြီးလျှင် အာမလက်လူမျိုးတို့ကို ထွက်၍တိုက်လော့။ မနက်ဖြန်၌ ငါသည် ဘုရားသခင်၏တောင်ဝှေးကို ကိုင်လျက် တောင်ကုန်းထိပ်တွင်ရပ်နေမည်”ဟု ဆိုလေ၏။
သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။
ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
မောရှေနှင့်အာရုန်သည်လည်း ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်းပြုကြ၏။ အာရုန်သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့မှောက်၌ တောင်ဝှေးကိုမြှောက်၍ နိုင်းမြစ်ရေကို ရိုက်လေသော် နိုင်းမြစ်ရေအားလုံး သွေးအဖြစ်သို့ပြောင်းသွားလေ၏။
ငါရွေးချယ်သော ငါ့လူမျိုးတို့သောက်ဖို့ရန် တောကန္တာရ၌ရေများကိုလည်းကောင်း၊ သဲကန္တာရ၌ မြစ်တို့ကိုလည်းကောင်း ငါပေးသောကြောင့် ခွေးအများ၊ ငှက်ကုလားအုတ်များနှင့် တောရိုင်းတိရစ္ဆာန်တို့သည် ငါ့ကို ဂုဏ်ပြုချီးမွမ်းကြလိမ့်မည်။
သူတို့ကို တောကန္တာရထဲတွင် ပို့ဆောင်တော်မူစဉ် သူတို့သည် ရေမငတ်ရကြ။ ကိုယ်တော်သည် သူတို့အဖို့ ကျောက်ဆောင်ထဲမှ ရေစီးဆင်းစေတော်မူ၏။ ကျောက်ဆောင်ကိုခွဲတော်မူသဖြင့် ရေစီးထွက်လေ၏။
မောရှေသည် မိမိ၏လက်ကိုမြှောက်၍ တောင်ဝှေးဖြင့် ထိုကျောက်ကို နှစ်ကြိမ်ရိုက်လေ၏။ ထိုအခါ ရေများစွာထွက်လာသဖြင့် လူထုကြီးနှင့်သူတို့၏တိရစ္ဆာန်များ ရေသောက်ရကြ၏။
အာရမြို့ရှိရာသို့စီတန်းလျက် မောဘနယ်စပ်တစ်လျှောက် စီးဆင်းနေသည့်ချောင်းများ”ဟု ရေးသားဖော်ပြထား၏။
အကြီးအကဲတို့တူးသောရေတွင်း၊ အမျိုးသားချင်းတို့ထဲမှမြင့်မြတ်သူတို့ ကျိုင်းနှင့်တောင်ဝှေးအားဖြင့် တူးသောရေတွင်း”ဟူသော သီချင်းကိုသီဆိုကြ၏။ ထို့နောက် သူတို့သည် တောကန္တာရမှ မတ္တနာအရပ်သို့လည်းကောင်း၊
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။
သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။
ဤသို့ဖြင့် လူအပေါင်းတို့သည်လည်း ကြွေးကြော်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် တံပိုးမှုတ်ကြ၏။ လူတို့သည် တံပိုးမှုတ်သံကို ကြားရသည်နှင့် ကျယ်လောင်စွာကြွေးကြော်ကြရာ မြို့ရိုးကြီး ပြိုကျသွားကုန်၏။ လူတို့ကလည်း မြို့ထဲသို့ တန်းတန်းမတ်မတ်ဝင်၍ မြို့ကိုသိမ်းပိုက်လေ၏။
ယဇ်ပုရောဟိတ်တို့သည် တံပိုးကိုသံရှည်ဆွဲ၍မှုတ်ရမည်။ တံပိုးမှုတ်သံကိုကြားသောအခါ လူအုပ်ကြီးသည် ကျယ်လောင်စွာအော်ဟစ်ရမည်။ ထိုအခါ မြို့ရိုးကြီး ပြိုကျလိမ့်မည်။ လူတိုင်း မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားရမည်”ဟု မိန့်တော်မူ၏။
ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍
ဝိညာဉ်တော်နှင့်သတို့သမီးတို့က “ကြွလာတော်မူပါ”ဟု ဆိုကြ၏။ ကြားနာသောသူကလည်း “ကြွလာတော်မူပါ”ဟု ဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ယူပါစေ။