Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 4:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သင်​သည် နိမိတ်လက္ခဏာ​များ​ကို​ပြ​ရန် ဤ​တောင်ဝှေး​ကို သင့်​လက်​၌​ယူဆောင်​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 လ က္ခ ဏာ သက် သေ များ ကို ပြ ရန် ဤ တောင် ၀ေး ကို လည်း ကိုင် စွဲ လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သင်​သည် နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လ​တ္တံ့​သော ဤ​လှံ​တံ​ကို​လည်း၊ သင်၏​လက်၌​ကိုင်​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 4:17
8 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​အား “​သင့်​ခါး​ကို​စည်း​၍ ငါ့​တောင်ဝှေး​ကို​ယူ​ပြီး ပြေးသွား​လော့​။ လမ်း​တွင် တစ်ယောက်ယောက်​နှင့်​ဆုံ​လျှင် နှုတ်​မ​ဆက်​နှင့်​။ တစ်ယောက်ယောက်​က သင့်​ကို​နှုတ်ဆက်​လျှင်လည်း ပြန်​နှုတ်​မ​ဆက်​နှင့်​။ ငါ့​တောင်ဝှေး​ကို သူငယ်​မျက်နှာ​ပေါ်တွင် တင်​ထား​လော့​”​ဟု မှာကြား​၏​။


သင်​မူကား တောင်ဝှေး​ကို​မြှောက်​ပြီးလျှင် ပင်လယ်​အပေါ်​သို့ သင့်​လက်​ကို​ဆန့်​၍ ပင်လယ်​ကို​ခွဲ​လော့​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ပင်လယ်​ထဲ၌ ခြောက်သွေ့​သော​မြေ​ပေါ်တွင် သွား​ရ​လိမ့်မည်​။


ထို့ကြောင့် မောရှေ​က ယောရှု​အား “​ငါ​တို့​အတွက် လူ​တို့​ကို​ရွေးချယ်​ပြီးလျှင် အာမလက်​လူမျိုး​တို့​ကို ထွက်​၍​တိုက်​လော့​။ မနက်ဖြန်​၌ ငါ​သည် ဘုရားသခင်​၏​တောင်ဝှေး​ကို ကိုင်​လျက် တောင်ကုန်း​ထိပ်​တွင်​ရပ်​နေ​မည်​”​ဟု ဆို​လေ​၏​။


ထာဝရဘုရား​က “​သင့်​လက်​ထဲ၌ မည်သည့်​အရာ​ရှိ​သနည်း​”​ဟု သူ့​အား မေး​တော်မူ​လျှင် “​တောင်ဝှေး​ရှိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။


ထို့ကြောင့် မောရှေ​သည် မိမိ​မယား​နှင့်​သား​တို့​ကို​ခေါ်​၍ မြည်း​ပေါ်​တင်​ပြီးလျှင် အီဂျစ်​ပြည်​သို့​ပြန်သွား​လေ​၏​။ မောရှေ​သည် မိမိ​၏​လက်​ထဲ၌ ဘုရားသခင်​၏​တောင်ဝှေး​တော်​ကို ကိုင်ဆောင်​သွား​၏​။


“​တောင်ဝှေး​ကို ယူ​လော့​။ သင်​နှင့်​သင်​၏​အစ်ကို​အာရုန်​သည် အစ္စရေး​လူထု​ကို​စုရုံး​၍ သူ​တို့​ရှေ့​၌ ကျောက်တုံး​ကို အမိန့်ပေး​လော့​။ ထို​ကျောက်တုံး​မှ ရေ​ထွက်လာ​မည်​။ ဤသို့ဖြင့် သင်​သည် ထို​ကျောက်တုံး​မှ​ရေ​ထွက်လာ​စေ​ပြီး အစ္စရေး​လူထု​နှင့်​သူ​တို့​၏​တိရစ္ဆာန်​တို့​သောက်စရာ​ရေ​ကို ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သို့သော် ဘုရားသခင်​သည် ပညာရှိ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ မိုက်မဲ​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။ ခွန်အားကြီး​သော​သူ​တို့​ကို​အရှက်ရ​စေရန် လောက​ရှိ အားနည်း​သော​သူ​တို့​ကို ရွေးကောက်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ