Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 43:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 တော​တိ​ရစ္ဆာန်​များ​ပင်​လျှင်​ငါ​၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​ကူး​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​လူ​တို့ ရေ​ရ​ရှိ​ရေး​အ​တွက်၊သဲ​ကန္တာ​ရ​တွင်​မြစ်​ရေ များ​ကို စီး​ဆင်း​စေ​သော​အ​ခါ၊ ခွေး​အ​များ​နှင့်​ငှက်​ကု​လား​အုတ်​များ​သည် ငါ့​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20-21 ဘုန်း တော် ကို ဖော် ပြ ကြ စေ ခြင်း ငှာ ပိုင် ဆိုင် တော် မူ ရာ အ ဖြစ် ငါ ပြု ပြင် ရွေး ချယ် သော လူ မျိုး တော် ကို ရေ တိုက် လို၍ သဲ တော၌ ရေ ကိုလည်း‌ ကောင်း၊ ဆိတ် ညံ ရာ အ ရပ်၌ မြစ် များ ကိုလည်း‌ ကောင်း၊ ငါ ပေါက် ရောက် စေ သ ဖြင့်၊ ခွေး အ နှင့် ငှက် ကု လား အုပ် မှ စ၍ တော သား ရဲ တို့ ပင်၊ ဂုဏ် တော် ကို ဝန် ခံ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 43:20
27 ပူးပေါင်းရင်းမြစ်များ  

အို ကိုယ်တော်​၏​အစေအပါး အစ္စရေး​၏​သားစဉ်မြေးဆက်​၊ ကိုယ်တော်​ရွေးကောက်​တော်မူ​သော ယာကုပ်​သားမြေး​တို့​၊


ခြင်္သေ့ပျို​တို့​သည် သားကောင်​ရ​ရန် ဟိန်းဟောက်​လျက် ဘုရားသခင်​ထံမှ မိမိ​တို့​၏​အစားအစာ​ကို တောင်း​ကြ​ပါ​၏​။


တောရိုင်းတိရစ္ဆာန်​နှင့် ယဉ်ပါးသောတိရစ္ဆာန်​ရှိသမျှ​၊ တွားသွားသောတိရစ္ဆာန်​များ​နှင့် ပျံသန်း​တတ်​သော​ငှက်​၊


ထာဝရဘုရား​ကို မိမိ​ဘုရား​အဖြစ်​ကိုးကွယ်​သော​တိုင်းနိုင်ငံ​နှင့် ကိုယ်တော်​၏​အမွေခံ​အဖြစ် ကိုယ်တော်​ရွေးချယ်​သော​လူမျိုး​သည် မင်္ဂလာ​ရှိ​၏​။


တောခွေး​တို့​သည် ထို​မြို့​၏​ခံတပ်​တို့​၌​လည်းကောင်း​၊ ခွေးအ​တို့​သည် ဇိမ်ခံ​ရာ​နန်းတော်​တို့​၌​လည်းကောင်း အူ​ကြ​လိမ့်မည်​။ ထိုသို့ ထို​မြို့​၏​အချိန်​သည် မကြာမီ​ရောက်လာ​မည်​။ ထို​မြို့​တည်​ရ​မည့်​နေ့ရက် ကြာရှည်​တော့​မည်​မ​ဟုတ်​။


သတ်ဖြတ်မှု​နေ့​ကြီး​၌ ရဲတိုက်​များ​ပြိုလဲ​သောအခါ မြင့်မား​သော​တောင်​၊ အထွတ်အမြတ်​ထား​သော​တောင်ကုန်း ရှိသမျှ​တို့​ပေါ်၌ ချောင်း​ရေ​များ​စီး​မည်​။


သူ​တို့​သည် လေဘေး​မှ​ခိုလှုံ​ရာ​၊ မုန်တိုင်းဘေး​မှ​ကွယ်ကာ​ရာ​ကဲ့သို့​၊ ခြောက်သွေ့​သော​အရပ်​မှ စမ်းချောင်း​ကဲ့သို့​၊ ပူပြင်း​သော​အရပ်​မှ ကျောက်ဆောင်​ကြီး​၏​အရိပ်​ကဲ့သို့ ဖြစ်​ကြ​မည်​။


ထို​အရပ်​၌ တန်ခိုးကြီး​သော​ထာဝရဘုရား​သည် ငါ​တို့​အတွက် မြစ်ကြီး​၊ ချောင်း​ကြီး​များ ဖြစ်​တော်မူ​မည်​။ ထို​နေရာ​တွင် တက်​ခတ်​လှေ​လည်း မ​သွား​နိုင်​၊ သင်္ဘော​ကြီး​လည်း ဖြတ်​မ​ကူး​နိုင်​။


ခြစ်ခြစ်တောက်​ပူ​သော​သဲမြေ​သည် ရေအိုင်​ဖြစ်​လိမ့်မည်​။ ခြောက်ကပ်​သော​မြေ​သည် စမ်းရေတွင်း​ဖြစ်​လိမ့်မည်​။ ခွေးအ​တို့​ကျက်စား​ရာ​နေရာ​၊ လဲလျောင်း​ရာ​နေရာ​၌ မြက်ပင်​နှင့်အတူ ကျူပင်​နှင့်​ကျူပင်ကြီး​တို့ ပေါက်​လိမ့်မည်​။


ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် ရေ​ကို​ရှာ​ကြ​၏​။ ရေ​မ​ရှိ​သောကြောင့် သူ​တို့​သည် ရေငတ်​၍ အာခေါင်​ခြောက်ကပ်​သောအခါ ငါ​ထာဝရဘုရား​သည် သူ​တို့​ကို​ထူး​မည်​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင် ငါ​သည် သူ​တို့​ကို စွန့်ပစ်​မည်​မ​ဟုတ်​။


ငါ​သည် တောင်ကတုံး​ပေါ်တွင် မြစ်​ကို​လည်းကောင်း​၊ ချိုင့်ဝှမ်း​အလယ်​တွင် စမ်းရေ​ကို​လည်းကောင်း စီးဆင်း​စေ​မည်​။ တောကန္တာရ​ကို ရေအိုင်​ဖြစ်စေ​၍ ခြောက်သွေ့​သော​အရပ်​ကို စမ်းရေတွင်း​ဖြစ်စေ​မည်​။


ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။


သူ​တို့​ကို တောကန္တာရ​ထဲတွင် ပို့ဆောင်​တော်မူ​စဉ် သူ​တို့​သည် ရေ​မ​ငတ်​ရ​ကြ​။ ကိုယ်တော်​သည် သူ​တို့​အဖို့ ကျောက်ဆောင်​ထဲမှ ရေ​စီးဆင်း​စေ​တော်မူ​၏​။ ကျောက်ဆောင်​ကို​ခွဲ​တော်မူ​သဖြင့် ရေ​စီးထွက်​လေ​၏​။


သူ​တို့​သည် ဆာလောင်​မည်​မ​ဟုတ်​၊ ရေငတ်​မည်​မ​ဟုတ်​။ အပူဒဏ်​၊ နေ​ဒဏ်​ကို​လည်း မ​ခံရ​။ အကြောင်းမူကား သူ​တို့​ကို​သနား​သော​သူ​သည် သူ​တို့​ကို​ဦးဆောင်​ပေး​လိမ့်မည်​။ စမ်းရေတွင်း​သို့ လမ်းပြ​ပေး​လိမ့်မည်​။


သင်​တို့​၏​နာမည်​သည် ငါ​ရွေးချယ်​သော​သူ​တို့ ကျိန်ဆဲစရာ​အဖြစ် ကျန်ရစ်​မည်​။ အရှင်​ထာဝရဘုရား​သည် သင့်​ကို​ကွပ်မျက်​တော်မူ​မည်​။ မိမိ​၏​အစေအပါး​များ​ကို​ကား အခြား​နာမည်​ဖြင့် ခေါ်​တော်မူ​မည်​။


သူ​တို့​သည် ငိုကြွေး​လျက် ပြန်လာ​ကြ​လိမ့်မည်​။ သူ​တို့​ကို နှစ်သိမ့်​လျက် ငါ​ပြန်ခေါ်​လာ​မည်​။ သူ​တို့​ကို စမ်းချောင်း​နား​၊ သူ​တို့​ခလုတ်​မ​တိုက်​နိုင်​သည့် ဖြောင့်ဖြူး​သော​လမ်း​ဖြင့် ငါ​ပို့ဆောင်​မည်​။ ငါ​သည် အစ္စရေး​လူမျိုး​၏​အဖ​ဖြစ်​၏​။ ဧဖရိမ်​အမျိုး​သည် ငါ​၏​သားဦး​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


ထို​နေ့ရက်​ကာလ​တွင် တောင်​များ​ပေါ်မှ စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​များ​မှ နို့ရည်​စီးကျ​လိမ့်မည်​။ ယုဒ​မြစ်ချောင်း​ရှိသမျှ​တို့​သည် ရေ​များ​စီးဆင်း​နေ​လိမ့်မည်​။ စမ်းရေ​သည်​လည်း ထာဝရဘုရား​အိမ်​တော်​မှ စီးထွက်​၍ ရှိတ္တိမ်​လွင်ပြင်​ကို ရေဝ​စေ​လိမ့်မည်​။


ထာဝရ​ဘုရား​သည် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ကိုယ်တော်​ရွေးကောက်​ထား​သည့် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏။


ယေရှု​က​လည်း“ဘုရားသခင်​၏​ကောင်းချီး​လက်ဆောင်​ကို​လည်းကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြောဆို​နေ​သူ​မှာ မည်သူ​ဖြစ်​သည်​ကို​လည်းကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အသက်​ရေ​ကို​ပေး​ခဲ့​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူကား ကာလ​အစဉ်အဆက် မည်သည့်​အခါ​မျှ ရေငတ်​မည်​မ​ဟုတ်။ ထိုထက်မက ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာဝရ​အသက်​တိုင်အောင် ရေ​ပန်းထွက်​ရာ စမ်းရေ​ပေါက်​ဖြစ်​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သင်​တို့​မူကား ရွေးကောက်​ခံရ​သော​အမျိုးအနွယ်၊ တော်ဝင်​ယဇ်ပုရောဟိတ်​မျိုး၊ သန့်ရှင်း​သော​တိုင်းသူပြည်သား၊ ပိုင်ဆိုင်​တော်မူ​သော​လူမျိုး​တော်​ဖြစ်​ကြ​၏။ ဤသည်ကား သင်​တို့​ကို အမှောင်​ထဲမှ မိမိ​၏​အံ့ဩဖွယ်​အလင်း​ထဲသို့ ခေါ်ယူ​တော်မူ​သော​အရှင်​၏​ကောင်းမြတ်​တော်မူ​ခြင်း​များ​ကို သင်​တို့​ဖော်ပြ​ကြ​မည့်​အကြောင်း​တည်း။


သူ​တို့​သည် သိုးသငယ်​တော်​နှင့်​စစ်တိုက်​ကြ​လိမ့်မည်။ သို့သော် သိုးသငယ်​တော်​သည် သူ​တို့​ကို​အနိုင်ရ​တော်မူ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် အရှင်​တကာ​တို့​၏​အရှင်၊ ဘုရင်​တကာ​တို့​၏​ဘုရင်​ဖြစ်​တော်မူ​၏။ ကိုယ်တော်​နှင့်အတူ​ရှိ​သော​သူ​များ​သည်​လည်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သူ၊ ရွေးကောက်​ခံရ​သော​သူ​နှင့် သစ္စာ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု ဆို​၏။


တစ်ဖန် “အမှု​ပြီးမြောက်​ပြီ။ ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏။ အစ​နှင့်​အဆုံး​ဖြစ်​၏။ ရေငတ်​သော​သူ​အား အသက်​စမ်းရေ​ကို အခမဲ့​ငါ​ပေး​မည်။


ဝိညာဉ်​တော်​နှင့်​သတို့သမီး​တို့​က “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ကြ​၏။ ကြားနာ​သော​သူ​က​လည်း “ကြွလာ​တော်မူ​ပါ”​ဟု ဆို​ပါစေ။ ရေငတ်​သော​သူ​သည် လာ​ပါစေ။ အလိုရှိ​သော​သူ​သည် အသက်​ရေ​ကို အခမဲ့​ယူ​ပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ