အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 2:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် မိမိ​တို့​၏​အလံ​နားတွင် စခန်းချ​ကြ​၏​၊ ခရီးပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ ၍ အ သီး အ သီး တို့ သည် ကိုယ့် အ ဆက် အ နွယ်၊ ကိုယ့် အိမ် ထောင် များ အ လိုက် တပ် ပိုင်း တွင် ချ ရပ် ခြင်း၊ ချီ သွား ခြင်း ပြု ကြ ကုန် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​သီး​အ​သီး​တို့​သည် မိ​မိ​အ​လံ​အ​နား​မှာ မိ​မိ​နေ​ရာ​ချ​ခြင်း​ကို​လည်း​ကောင်း၊ မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ချီ​ခြင်း​ကို​လည်း​ကောင်း ပြု​ရ​ကြ၏။

အခန်းကိုကြည့်ပါ။



တော​လည် 2:34
15 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​အလုံးစုံ​တို့​ကို ကြည့်ရှုဆင်ခြင်​သဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​ပါ​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် အလုပ်​ရှိသမျှ​တို့​ကို လုပ်​လေ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် တပ်ဖွဲ့​အလိုက် မိမိ​တို့​၏​စခန်း​၌​လည်းကောင်း​၊ မိမိ​တို့​၏​အလံ​နားတွင်​လည်းကောင်း စခန်းချ​ရ​မည်​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် သိနာ​တောကန္တာရ​မှ ခရီး​ထွက်ခွာ​လာ​ကြ​၏​။ မိုးတိမ်​သည် ပါရန်​တောကန္တာရ​၌ ရပ်တန့်​လေ​၏​။


ဤ​အစီအစဉ်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် ခရီးပြု​ကြ​၏​။


“​အစ္စရေး​အမျိုးသား​အသီးသီး​တို့​သည် ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အမှတ်လက္ခဏာ​ပါ​သည့်​အလံ​နားတွင် စခန်းချ​ရ​မည်​။ သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ဘက်​မျက်နှာမူ​လျက် ပတ်ပတ်လည်​တွင် စခန်းချ​ရ​မည်​။


မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လေဝိ​အမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​နှင့်အတူ မ​ရေတွက်​ပေ​။


ယာကုပ်​အမျိုး​၌ အမင်္ဂလာ​ကို​မ​မြင်​။ အစ္စရေး​လူမျိုး​၌ အခက်အခဲ​ပြဿနာ​ကို​မ​တွေ့​။ သူ​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​နှင့်အတူ​ရှိ​တော်မူ​၏​။ သူ့​ထံ၌ ရှင်ဘုရင်​၏​ဝမ်းမြောက်​စွာ​ကြွေးကြော်သံ​ကို​ကြား​ရ​၏​။


မျှော်ကြည့်​ရာ မျိုးနွယ်​အလိုက် စခန်းချ​နေ​သော​အစ္စရေး​လူမျိုး​တို့​ကို​မြင်​လျှင် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သူ့​အပေါ်​သို့​သက်ရောက်​တော်မူ​၍


သိနာ​တောင်​ပေါ်၌ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အချိန်​ကာလ​တွင် အာရုန်​နှင့်​မောရှေ​တို့​၏​ဆွေစဉ်မျိုးဆက်​များ​မှာ ဤသို့​ဖြစ်​၏​။


သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။