Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 1:54 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

54 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အ​မိန့်​ပေး​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 1:54
17 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မောရှေ​နှင့်​အာရုန်​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည်​သွား​၍ တစ်သဝေမတိမ်း​ပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​တည်းဟူသော ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့်ဆိုင်သော​လုပ်ငန်း​ရှိသမျှ​ကို တစ်သဝေမတိမ်း လုပ်ဆောင်​ပြီးစီး​လေ​၏​။


မောရှေ​သည် အစ္စရေး​အမျိုးသား​တို့ လုပ်ဆောင်​သော​အလုပ်​အားလုံး​ကို စစ်ဆေးကြည့်​သောအခါ သူ​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လုပ်ဆောင်​ကြ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် မောရှေ​သည် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။


မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း ပြု​လေ​၏​။


သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ​၌​ဖြစ်စေ​၊ ယဇ်ပလ္လင်​သို့​ချဉ်းကပ်​သောအခါ​၌​ဖြစ်စေ ထို​အင်တုံ​၌ မိမိ​တို့​ခြေ​လက်​ကို​ဆေးကြော​ကြ​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။


လေဝိ​အမျိုး​တို့​မူကား အစ္စရေး​အမျိုးသား​လူထု​ပေါ်သို့ အမျက်​တော်​မ​သက်ရောက်​စေရန် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​ပတ်ပတ်လည်​၌ စခန်းချ​ရ​မည်​။ လေဝိ​အမျိုး​သည် သက်သေခံချက်​ထား​ရာ​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို စောင့်ရှောက်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် မိမိ​တို့​၏​အလံ​နားတွင် စခန်းချ​ကြ​၏​၊ ခရီးပြု​ကြ​၏​။


ဇလောဖဒ်​သမီး​တို့​သည်​လည်း မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ပြု​ကြ​၏​။


ထိုသို့ မောရှေ​၊ အာရုန်​နှင့် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် လေဝိ​အမျိုး​တို့​အား ပြု​ကြ​၏​။ လေဝိ​အမျိုး​တို့​နှင့်​ပတ်သက်၍ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​အား ပြု​ကြ​၏​။


ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​အပေါ်​၌ မိုးတိမ်​သည် နှစ်​ရက်​ဖြစ်စေ​၊ တစ်​လ​ဖြစ်စေ​၊ တစ်​နှစ်​ဖြစ်စေ တည်​နေ​သောအခါ​လည်း ရှိ​၏​။ ထိုအခါ အစ္စရေး​အမျိုးသား​တို့​သည် ခရီး​မ​ပြု​ဘဲ စခန်းချ​ကြ​၏​။ မိုးတိမ်​ကွာ​သောအခါ​မှ ခရီးပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပထမ​လ​၊ တစ်ဆယ့်​လေး​ရက်​နေ့ နေဝင်ချိန်​တွင် သိနာ​တောကန္တာရ​၌ ပသခါပွဲတော်​ကို ကျင်းပ​ပြုလုပ်​ကြ​၏​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​မှာကြား​ထား​သည့် နှုတ်ကပတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​ရ​မည်​။ မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။


ရှမွေလ​က​လည်း “​ထာဝရဘုရား​၏​စကား​တော်​ကို နာခံ​ခြင်း​ထက် မီးရှို့​ရာ​ယဇ်ပူဇော်​ခြင်း​ကို ထာဝရဘုရား ပို၍​နှစ်သက်​တော်မူ​မည်​လော​။ ကြည့်ရှု​လော့​။ နာခံ​ခြင်း​သည် ယဇ်ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အာရုံစိုက်​နားထောင်​ခြင်း​သည် သိုးထီး​အဆီ​ထက် ပို၍​ကောင်း​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ