Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 3:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သိနာ​တောင်​ပေါ်၌ မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​အချိန်​ကာလ​တွင် အာရုန်​နှင့်​မောရှေ​တို့​၏​ဆွေစဉ်မျိုးဆက်​များ​မှာ ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​သည့်​အ​ချိန် အ​ခါ​၌ အာ​ရုန်​နှင့်​မော​ရှေ​တို့​၏​မိ​သား​စု စာ​ရင်း​မှာ​ဤ​သို့​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 သိ နာ တောင် ၌ မော ရှေ အား ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည့် ကာ လ အာ ရုန် နှင့် မော ရှေ တို့ ဆွေ စဉ် မျိုး ဆက် အ တွင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​မှာ မော​ရှ​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ၊ အာ​ရုန်​နှင့် မော​ရှေ​အ​မျိုး​အ​နွယ်၏ အ​တ္ထု​ပ္ပ​တ္တိ​များ​ကို မှတ်​သား​သည်​တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 3:1
11 ပူးပေါင်းရင်းမြစ်များ  

နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​၏​ဆွေစဉ်မျိုးဆက်​မှာ ဤသို့​ဖြစ်​၏​။ ရေလွှမ်းမိုး​ပြီးသည့်နောက် သူ​တို့​တွင် သားသမီး​များ​မွေးဖွား​လာ​ကြ​၏​။


ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​စဉ်​အခါက ၎င်း​တို့​၏​အတ္ထုပ္ပတ္တိ​ကား ဤသို့​ဖြစ်​၏​။ ထာဝရအရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ရာ​ကာလ​တွင်


အာဒံ​၏​သားစဉ်မြေးဆက်​စာရင်း​မှာ ဤသို့​ဖြစ်​၏​။ ဘုရားသခင်​သည် လူ​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ သူ့​ကို ဘုရားသခင်​နှင့်​တစ်ပုံစံတည်း​ပြုလုပ်​၍


လေဝိ​သားမြေး​တို့​၏​ဆွေစဉ်မျိုးဆက်​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။ လေဝိ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


အာမရံ​သည် မိမိ​၏​အရီး​ယောခေဗက်​နှင့်​စုံဖက်​၍ ထို​မိန်းမ​သည် သူ့​အတွက် အာရုန်​နှင့်​မောရှေ တို့​ကို​မွေးဖွား​ပေး​၏​။ အာမရံ​အသက်ရှင်​ခဲ့​သော​နှစ်​ကာလ​မှာ တစ်ရာ​သုံးဆယ့်​ခုနစ်​နှစ်​ဖြစ်​၏​။


အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​ထဲမှ ထွက်သွား​ခွင့်​ပေး​ရန် အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အား ပြောဆို​ခဲ့​သော​သူ​များ​ကား အာရုန်​နှင့်​မောရှေ​ပင်တည်း​။


တစ်ဖန် သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​က မောရှေ​အား


ဤသည်ကား သိနာ​တောင်​ပေါ်၌ ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​အား မောရှေ​မှတစ်ဆင့် မိန့်မှာ​တော်မူ​ခဲ့​သည့် ပညတ်တော်​များ​ဖြစ်​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် မိမိ​တို့​၏​အလံ​နားတွင် စခန်းချ​ကြ​၏​၊ ခရီးပြု​ကြ​၏​။


အာဗြဟံ​၏​သား၊ ဒါဝိဒ်​၏​သား​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​စာရင်း​ဟူမူကား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ