တောလည် 2 - Garrad Bible1 မော ရှေ နှင့် အာ ရုန် တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ 2 ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ သည် ကိုယ့် တပ် ပိုင်း တွင်၊ ကိုယ့် အိမ် ထောင် အ လံ အ နီး တွေ့ ဆုံ ရာ တဲ တော် ကို မျက် နှာ မူ၍ ပတ် လည် ချ ရပ် ကြ ရ မည်။ 3-4 နေ ထွက် ရာ အ ရှေ့ မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ယု ဒ တပ် ပိုင်း၊ ယု ဒ အ နွယ် သား စာ ရင်း ဝင် သူ ခု နစ် သောင်း လေး ထောင့် ခြောက် ရာ တပ် ပေါ် တွင် အ မိ န ဒပ် သား နာ ရှုန် ဗိုလ် လုပ် ရ မည်။ 5-6 ယု ဒ တပ် အ ဆက် ချ ရပ် ရ သော ဣ သ ခါ့ အ နွယ် သား စာ ရင်း ဝင် သူ ငါး သောင်း လေး ထောင့် လေး ရာ တပ် ပေါ် တွင် ဇု အာ့ သား နာ သ နေ လ ဗိုလ် လုပ် ရ မည်။ 7-8 ၎င်း နည်း အ ဆက်၊ ဇာ ဗု လုန့် အ နွယ် သား စာ ရင်း ဝင် သူ ငါး သောင်း ခု နစ် ထောင့် လေး ရာ တပ် ပေါ် တွင် ဟေ လုန့် သား ဧ လျာ ဘ ဗိုလ် လုပ် ရ မည်။ 9 တပ် စဉ် အ တိုင်း ယု ဒ တပ် ပိုင်း စာ ရင်း ဝင် လူ ပေါင်း ကား တစ် သိန်း ရှစ် သောင်း ခြောက် ထောင် လေး ရာ ရှိ သ တည်း။ ဤ သူ တို့ သည် တပ် ဦး ချီ ကြ ရ မည်။ 10-11 တောင် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ရု ဗင့် တပ် ပိုင်း၊ ရု ဗင့် အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း ခြောက် ထောင့် ငါး ရာ တပ် ပေါ် တွင် ရှေ ဒု ရ သား ဧ လိ ဇု ရ ဗိုလ် လုပ် ရ မည်။ 12-13 ရု ဗင့် တပ် အ ဆက် ချ ရပ် ရ သော၊ ရှိ မောင် အ နွယ် သား စာ ရင်း ဝင် သူ ငါး သောင်း ကိုး ထောင့် သုံး ရာ တပ် ပေါ် တွင် ဇု ရိ ရှ ဒ္ဒဲ သား ရှေ လု မျေ လ ဗိုလ် လုပ် ရ မည်။ 14-15 ၎င်း နည်း အ ဆက်၊ ဂဒ် အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း ငါး ထောင့် ခြောက် ရာ ငါး ဆယ် တပ် ပေါ် တွင် ရွေလ သား ဧ လျာ သပ် ဗိုလ် လုပ် ရ မည်။ 16 တပ် စဉ် အ တိုင်း ရု ဗင့် တပ် ပိုင်း စာ ရင်း ဝင် လူ ပေါင်း ကား တစ် သိန်း ငါး သောင်း တစ် ထောင့် လေး ရာ့ ငါး ဆယ် ရှိ သ တည်း။ ဤ သူ တို့ သည် ဒု တိ ယ ချီ ကြ ရ မည်။ 17 အ လုံး အ ရင်း ဗ ဟို တွင် လေ ဝိ အ နွယ် တပ် သား တို့ သည် တွေ့ ဆုံ ရာ တဲ တော် ကို ပင့် ဆောင် လျက် အ သီး အ သီး ရပ် နေ ရာ တပ် ပိုင်း တွင် ချ ရပ် သည့် အ တိုင်း ချီ ကြ ရ မည်။ 18-19 အ နောက် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ဧ ဖ ရိမ့် တပ် ပိုင်း၊ ဧ ဖ ရိမ့် အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း ငါး ရာ တပ် ပေါ် တွင် အ မိ ဟုဒ် သား ဧ လိ ရှ မာ ဗိုလ် လုပ် ရ မည်။ 20-21 ဧ ဖ ရိမ့် တပ် အ ဆက် ချ ရပ် ရ သော မ နာ ရှေ့ အ နွယ် သား စာ ရင်း ဝင် သူ သုံး သောင်း နှစ် ထောင့် နှစ် ရာ တပ် ပေါ် တွင် ပေ ဒါ ဇု ရ သား ဂါ မ လျေ လ ဗိုလ် လုပ် ရ မည်။ 22-23 ၎င်း နည်း အ ဆက် ဗင်္ယာ မိန့် အ နွယ် သား စာ ရင်း ဝင် သူ သုံး သောင်း ငါး ထောင့် လေး ရာ တပ် ပေါ် တွင် ဂိ ဒေါ နိ သား အ ဘိ ဒန် ဗိုလ် လုပ် ရ မည်။ 24 တပ် စဉ် အ တိုင်း ဧ ဖ ရိမ့် တပ် ပိုင်း စာ ရင်း ဝင် လူ ပေါင်း ကား တစ် သိန်း ရှစ် ထောင့် တစ် ရာ ရှိ သ တည်း။ ဤ သူ တို့ သည် တ တိ ယ ချီ ကြ ရ မည်။ 25-26 မြောက် မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ဒန့် တပ် ပိုင်း၊ ဒန့် အ နွယ် သား စာ ရင်း ဝင် သူ ခြောက် သောင်း နှစ် ထောင့် ခု နစ် ရာ တပ် ပေါ် တွင် အ မိ ရှ ဒ္ဒဲ သား အ ဟေ ဇာ ဗိုလ် လုပ် ရ မည်။ 27-28 ဒန့် တပ် အ ဆက် ချ ရပ် ရ သော အာ ရှာ့ အ နွယ် သား စာ ရင်း ဝင် သူ လေး သောင်း တစ် ထောင့် ငါး ရာ တပ် ပေါ် တွင် သြ က ရန့် သား ပါ ဂျေ လ ဗိုလ် လုပ် ရ မည်။ 29-30 ၎င်း နည်း အ ဆက် နဿ လိ အ နွယ် သား စာ ရင်း ဝင် သူ ငါး သောင်း သုံး ထောင့် လေး ရာ တပ် ပေါ် တွင် ဧ နန့် သား အ ဟိ ရ ဗိုလ် လုပ် ရ မည်။ 31 ဒန့် တပ် ပိုင်း စာ ရင်း ဝင် လူ ပေါင်း ကား တစ် သိန်း ငါး သောင်း ခု နစ် ထောင့် ခြောက် ရာ ရှိ သ တည်း။ ဤ သူ တို့ သည် တပ် ပိုင်း အ တိုင်း နောက် တပ် ချီ ကြ ရ မည် ဟု မိန့် တော် မူ ၏။ 32 တပ် စဉ် အ တိုင်း တပ် ပိုင်း စာ ရင်း ဝင် ဣ သ ရေ လ အ မျိုး သား တို့ သည် အိမ် ထောင် များ အ လိုက် ရေ တွက် သော် ခြောက် သိန်း သုံး ထောင့် ငါး ရာ့ ငါး ဆယ် ရှိ သ တည်း။ 33 လေ ဝိ အ နွယ် သား တို့ ကို ကား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး သား တို့ စာ ရင်း တွင် မော ရှေ မ သွင်း ချေ။ 34 မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ ၍ အ သီး အ သီး တို့ သည် ကိုယ့် အ ဆက် အ နွယ်၊ ကိုယ့် အိမ် ထောင် များ အ လိုက် တပ် ပိုင်း တွင် ချ ရပ် ခြင်း၊ ချီ သွား ခြင်း ပြု ကြ ကုန် ၏။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar