Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 1:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း သိနာ​တောကန္တာရ​၌ ထို​သူ​တို့​ကို​ရေတွက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း သိ နာ တော၌ မော ရှေ ရေ တွက် လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သိ​နာ​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ရေ​တွက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 1:19
10 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ရှောလမုန်​မင်းကြီး​သည် ခမည်းတော်​ဒါဝိဒ်​မင်းကြီး​ကောက်ယူ​ခဲ့​သော အစ္စရေး​ပြည်​ရှိ​တိုင်းတစ်ပါးသား​စာရင်း​ကို ပြန်​၍​စာရင်းကောက်ယူ​ရာ လူ​ပေါင်း တစ်သိန်း​ငါးသောင်း​သုံး​ထောင့်​ခြောက်​ရာ​ရှိ​၏​။


မောရှေ​သည် မိမိ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း ပြု​လေ​၏​။


သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့​ဝင်​သောအခါ​၌​ဖြစ်စေ​၊ ယဇ်ပလ္လင်​သို့​ချဉ်းကပ်​သောအခါ​၌​ဖြစ်စေ ထို​အင်တုံ​၌ မိမိ​တို့​ခြေ​လက်​ကို​ဆေးကြော​ကြ​၏​။


“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း တစ်သဝေမတိမ်း​ပြု​ကြ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သမျှ​အတိုင်း ပြု​ကြ​၏​။ သူ​တို့​အသီးသီး​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် မိမိ​တို့​၏​အလံ​နားတွင် စခန်းချ​ကြ​၏​၊ ခရီးပြု​ကြ​၏​။


ဤသည်ကား ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​ကို ရေတွက်​ခဲ့​သော​အရေအတွက် ဖြစ်​၏​။


မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း ရွေးနုတ်​သော​အခ​ငွေ​ကို အာရုန်​နှင့်​သူ့​သား​တို့​အား ပေး​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ