တောလည် 14:11 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ငါ့ကို မည်မျှကြာအောင် မထီလေးစားပြုကြမည်နည်း။ သူတို့တွင် ငါပြခဲ့သောနိမိတ်လက္ခဏာအလုံးစုံတို့ကို သူတို့မြင်ရသော်လည်း ငါ့ကို မည်မျှကြာအောင် မယုံကြည်ဘဲနေကြမည်နည်း။ Common Language Bible ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။- Garrad Bible ထာ ဝ ရ ဘု ရား က၊ ဤ လူ မျိုး သည် မည် မျှ ကြာ ငါ့ ကို မ ထီ လေး စား ပြု ကြ မည် နည်း။ သူ တို့ အ လယ် တွင် ငါ စီ ရင် ခဲ့ သ မျှ သော သက် သေ လ က္ခ ဏာ များ ကို မ ထောက် မ ထား ဘဲ၊ မည် မျှ ကြာ ငါ့ ကို ယုံ ကြည် ခြင်း ကင်း လျက် နေ ကြ မည် နည်း။ Judson Bible ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကိုမရိုမသေ ပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲ နေကြလိမ့်မည်နည်း။ |
အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမယုံကြည်ကြ။ ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။
သူတို့သည် ဤအရာအားလုံးနှင့်ကြုံတွေ့ရသော်လည်း ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။
မေရိဘအရပ်၌ကဲ့သို့လည်းကောင်း၊ တောကန္တာရရှိ မဿာအရပ်၌ရှိစဉ်ကကဲ့သို့လည်းကောင်း သင်တို့၏စိတ်နှလုံးကို မမာကျောစေကြနှင့်။
မောရှေနှင့်အာရုန်တို့သည်လည်း ဖာရောမင်းကြီးထံသို့ဝင်၍ “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် ငါ့ရှေ့၌ ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ မည်မျှကြာအောင်တင်းခံနေမည်နည်း။ ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ထိုအခါ ထာဝရဘုရားက မောရှေအား “သင်တို့သည် ငါ၏ပညတ်တော်နှင့် ဥပဒေသများကို မည်သည့်အချိန်ထိ မစောင့်ထိန်းဘဲ နေကြမည်နည်း။
သူ့ကိုအလေးထားလော့။ သူ၏စကားကို နားထောင်လော့။ သူသည် သင်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်မည်မဟုတ်သောကြောင့် သူ့ကိုမဆန့်ကျင်နှင့်။ အကြောင်းမူကား ငါ့နာမသည် သူ၌တည်၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ခေါင်းမာသောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
ငါ့စကားကို နားမထောင်၊ ဆိုးညစ်မာကျောသောစိတ်သဘောနောက်သို့လိုက်၍ အခြားသောဘုရားများကို ဝတ်ပြုကိုးကွယ်သော ဤလူမျိုးတို့သည် သုံးမရသောခါးပတ်ကဲ့သို့ ဖြစ်ကြမည်”ဟု မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
သို့သော် အစ္စရေးအမျိုးသည် တောကန္တာရတွင် ငါ့ကိုပုန်ကန်ကြ၏။ ‘လိုက်နာသောသူတိုင်း အသက်ချမ်းသာရာရမည်’ဟူသော ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်း အလွန်ညစ်ညူးစေကြ၏။ ထို့ကြောင့် တောကန္တာရတွင် ငါ့ဒေါသကို သူတို့အပေါ်သွန်ချ၍ သူတို့ကို ဖျက်ဆီးပစ်မည်ဟု ငါမိန့်ဆိုခဲ့၏။
အို ရှမာရိ၊ နွားသငယ်ရုပ်တုကို စွန့်ပစ်လော့။ သူတို့ကို ငါအမျက်ထွက်၏။ သူတို့သည် မည်သည့်အချိန်ရောက်မှ အပြစ်ကင်းနိုင်မည်နည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးတို့အား အမျက်ထွက်ခဲ့စဉ်အခါက သင်တို့အပေါ်သို့ ဘေးဆိုးကို ကျရောက်စေမည်ဟု ငါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း စိတ်ပြောင်းလဲမည်မဟုတ်။
ထိုပြည်ကို သူတို့၏ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ကို သူတို့တွေ့မြင်ရကြမည်မဟုတ်။ ငါ့ကိုမထီလေးစားပြုသောသူတစ်စုံတစ်ဦးမျှ ထိုပြည်ကိုတွေ့မြင်ရမည်မဟုတ်။
“ဤဆိုးညစ်သောလူထုသည် ငါ့ကို မည်မျှကြာအောင် အပြစ်တင်နေကြမည်နည်း။ ငါ့ကို အပြစ်တင်နေကြသည့် အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါကြားရပြီ။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုသည် ဤမျှလောက်များပြားသော နိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်၌ ပြုတော်မူသော်လည်း သူတို့သည် ကိုယ်တော်ကိုမယုံကြည်ကြပေ။
အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။
ထိုသို့ကြားရလျက်နှင့် ဆန့်ကျင်ခဲ့သူများကား မည်သူတို့နည်း။ မောရှေ၏ဦးဆောင်မှုအားဖြင့် အီဂျစ်ပြည်မှထွက်လာသောသူအပေါင်းတို့ပင်မဟုတ်လော။
ထို့ပြင် “ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မည်သူတို့အား တိုင်တည်၍မိန့်တော်မူခဲ့သနည်း။ နာခံခြင်းမရှိသောသူများကိုပင်မဟုတ်လော။
တောကန္တာရတွင် စမ်းသပ်စစ်ဆေးရာကာလ၌ ဆန့်ကျင်ဘက်ပြုကြစဉ်ကကဲ့သို့ သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်။