Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 16:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​သင်​တို့​သည် ငါ​၏​ပညတ်တော်​နှင့် ဥပဒေသ​များ​ကို မည်သည့်​အချိန်​ထိ မ​စောင့်ထိန်း​ဘဲ နေ​ကြ​မည်နည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထာ ဝ ရ ဘု ရား က လည်း၊ ငါ့ မိန့် မှာ ချက်၊ ဥ ပ ဒေ ချက် များ ကို မည် မျှ ကြာ မ စောင့် ရှောက် ဘဲ ငြင်း ဆို ကြ အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည်​ငါ့​ပ​ညတ်​တ​ရား​များ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငြင်း​ပယ်​ကြ​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 16:28
19 ပူးပေါင်းရင်းမြစ်များ  

သို့သော် သူ​တို့​သည် နား​မ​ထောင်​ကြ​။ မိမိ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပင် မ​ယုံကြည်​သော​ဘိုးဘေး​တို့ ခေါင်းမာ​သကဲ့သို့ သူ​တို့​လည်း ခေါင်းမာ​ကြ​၏​။


ပြဋ္ဌာန်းချက်​များ​၊ ဘိုးဘေး​တို့​နှင့်​ဖွဲ့​ခဲ့​သော​ပဋိညာဉ်​များ​၊ သူ​တို့​အား ပြ​တော်မူ​သော​သက်သေခံချက်​များ​ကို စွန့်ပယ်​ကြ​၏​။ မိမိ​တို့​ဝန်းကျင်​ရှိ​လူမျိုးခြား​တို့​နောက်သို့​မ​လိုက်​ရ​၊ သူ​တို့​ကဲ့သို့​မ​ပြု​ရ​ဟု ထာဝရဘုရား​မိန့်​တော်မူ​လျက်​နှင့် သူ​တို့​သည် အချည်းနှီး​သော​အရာ​များ​နောက်သို့​လိုက်​ပြီး အချည်းနှီး​သော​သူ​များ​ဖြစ်​ကြ​၏​။


သို့သော် သူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​အမှု​တို့​ကို အလျင်အမြန်​မေ့လျော့​ကြ​၏​။ ကိုယ်တော်​၏​အကြံဉာဏ်​ကို​လည်း မ​စောင့်မျှော်​ဘဲ


သူ​တို့​သည် ဘုရားသခင်​၏​ပဋိညာဉ်​တော်​ကို မ​စောင့်ထိန်း​ကြ​။ တရားတော်​အတိုင်း​လျှောက်လှမ်း​ရန်​လည်း ငြင်းဆန်​ကြ​၏​။


အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မ​ယုံကြည်​ကြ​။ ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို​လည်း ယုံကြည်ကိုးစား​ခြင်း​မ​ရှိ​ကြ​။


မောရှေ​နှင့်​အာရုန်​တို့​သည်​လည်း ဖာရော​မင်းကြီး​ထံသို့​ဝင်​၍ “​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က ‘​သင်​သည် ငါ့​ရှေ့​၌ ကိုယ့်ကိုယ်ကိုယ် မ​နှိမ့်ချ​ဘဲ မည်မျှ​ကြာ​အောင်​တင်းခံ​နေ​မည်နည်း​။ ငါ​၏​လူမျိုး​တော်​သည် ငါ့​ကို​ဝတ်ပြု​ရန် သူ​တို့​ကို​လွှတ်​လော့​။


သတ္တမ​နေ့​၌ လူ​အချို့​တို့​သည် ကောက်ယူ​ရန်​ထွက်သွား​ကြ​သော်လည်း ရှာ​မ​တွေ့​ကြ​။


ငါ​ထာဝရဘုရား​သည် သင်​တို့​အား ဥပုသ်နေ့​ကို သတ်မှတ်​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် ဆဋ္ဌမ​နေ့​၌ သင်​တို့​အား မုန့်​ကို နှစ်​ရက်​စာ​ပေး​တော်မူ​၏​။ လူ​တိုင်း​မိမိ​နေရာ​၌​နေ​ကြ​လော့​။ သတ္တမ​နေ့​၌ မည်သူမျှ မိမိ​နေရာ​မှ​မ​ထွက်သွား​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။


ထိုအခါ ဟေရှာယ​က “​ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နားထောင်​လော့​။ သင်​တို့​သည် လူ​တို့​ကို​စိတ်ပင်ပန်း​စေ​သည်​မှာ နည်း​သေး​၍ ငါ​၏​ဘုရားသခင်​ကို​ပါ စိတ်ပင်ပန်း​စေ​ကြ​မည်လော​။


ဧဖရိမ်​ပြည်​၏​ဦးခေါင်း​သည် ရှမာရိ​မြို့​၊ ရှမာရိ​မြို့​၏​ဦးခေါင်း​သည် ရေမလိ​၏​သား​ဖြစ်​၏​။ သင်​တို့​၌ ယုံကြည်​ခြင်း​မ​ရှိ​လျှင် သင်​တို့​တည်မြဲ​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


အို ဂျေရုဆလင်​မြို့​၊ ကယ်တင်​ခြင်း​ခံရ​ရန် ဆိုးညစ်​သော​သင်​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​လော့​။ ယုတ်ညံ့​သော​အကြံအစည်​များ​ကို သင့်​စိတ်​ထဲ​၌ မည်မျှ​ကြာ​အောင် ရှိ​နေ​စေ​မည်နည်း​။


သင်​သည် လိမ်လည်လှည့်ဖြားမှု​အလယ်​၌ နေထိုင်​၏​။ သူ​တို့​သည် လိမ်လည်လှည့်ဖြား​ကြ​၏​။ ငါ့​ကို အသိအမှတ်​မပြု​ကြ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သို့သော် အစ္စရေး​အမျိုး​သည် တောကန္တာရ​တွင် ငါ့​ကို​ပုန်ကန်​ကြ​၏​။ ‘လိုက်နာ​သော​သူ​တိုင်း အသက်ချမ်းသာ​ရာ​ရ​မည်’​ဟူသော ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​ကြ​၏​။ ဥပုသ်နေ့​ကို​လည်း အလွန်​ညစ်ညူး​စေ​ကြ​၏​။ ထို့ကြောင့် တောကန္တာရ​တွင် ငါ့​ဒေါသ​ကို သူ​တို့​အပေါ်​သွန်ချ​၍ သူ​တို့​ကို ဖျက်ဆီး​ပစ်​မည်​ဟု ငါ​မိန့်ဆို​ခဲ့​၏​။


သူ​တို့​သည် ရုပ်တု​များ​နောက်သို့ စိတ်ပါ​သွား​ကြ​သောကြောင့် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်လျှောက်​၊ ဥပုသ်နေ့​ကို​လည်း ညစ်ညူး​စေ​ကြ​၏​။


သို့သော် သူ​သည် ဆိုးယုတ်​သော​အမှု​ကို​ပြု​လျက် လူမျိုးတကာ​တို့​ထက် ငါ့​စီရင်ထုံးဖွဲ့ချက်​တို့​ကို သာ၍​ဖီဆန်​ကြ​၏​။ သူ့​ဝန်းကျင်​ရှိ တိုင်းနိုင်ငံ​များ​ထက် ငါ့​ပြဋ္ဌာန်းချက်​တို့​ကို သာ၍​ဖီဆန်​ကြ​၏​။ စင်စစ် သူ​တို့​သည် ငါ့​စီရင်ထုံးဖွဲ့ချက်​ကို စွန့်ပယ်​၍ ငါ့​ပြဋ္ဌာန်းချက်​တို့​ကို မ​လိုက်နာ​ဘဲ​နေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ငါ့​ကို မည်မျှ​ကြာ​အောင် မထီလေးစား​ပြု​ကြ​မည်နည်း​။ သူ​တို့​တွင် ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို သူ​တို့​မြင်​ရ​သော်လည်း ငါ့​ကို မည်မျှ​ကြာ​အောင် မ​ယုံကြည်​ဘဲ​နေ​ကြ​မည်နည်း​။


သို့သော် ထာဝရဘုရား​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ငါ့​ကို​မ​ယုံကြည်​၊ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​၌ ငါ​သန့်ရှင်း​ကြောင်း အသိအမှတ်​မ​ပြု​ကြ​သောကြောင့် သင်​တို့​သည် ဤ​လူအစုအဝေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ သူ​တို့​ကို ပို့ဆောင်​ရ​လိမ့်မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​ရ​မည်နည်း။ သင်​တို့​ကို မည်မျှ​ကြာအောင်​သည်းခံ​ရ​မည်နည်း။ သူ့​ကို​ငါ့​ထံသို့​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ