Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 23:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ့​ကို​အလေးထား​လော့​။ သူ​၏​စကား​ကို နားထောင်​လော့​။ သူ​သည် သင်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​မည်​မ​ဟုတ်​သောကြောင့် သူ့​ကို​မ​ဆန့်ကျင်​နှင့်​။ အကြောင်းမူကား ငါ့​နာမ​သည် သူ​၌​တည်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သူ့​ကို​ရို​သေ​လေး​စား​၍​သူ့​စ​ကား​ကို​နား​ထောင် လော့။ သူ့​ကို​ငါ​စေ​လွှတ်​သော​ကြောင့်​သူ့​ကို​မ​ပုန် ကန်​နှင့်။ သူ​သည်​ထို​သို့​သော​ပုန်​ကန်​မှု​ကို​ခွင့် လွှတ်​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို စေ တ မန် တော့် ရှေ့ သ တိ မူ၍ မိန့် သံ ကို နာ ခံ ကြ လော့။ ပုန် မ ကန် ကြ နှင့်။ ငါ့ နာ မ သည် သူ၌ တည်၍ သင် တို့၏ ကျူး လွန် မှု များ ကို ဖြေ လွှတ် မည် မ ဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​တ​မန်​ကို ရို​သေ​စွာ​ပြု​လော့။ စ​ကား​တော်​ကို နား​ထောင်​လော့။ အာ​ဏာ​တော်​ကို မ​ဆန်​နှင့်။ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို သူ​သည်​မ​လွှတ်။ ငါ့​နာ​မ​သည် သူ၌​တည်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 23:21
41 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ကိုယ်တော်​၏​ဘုန်းကြီး​သော​နာမ​တော်​သည် အစဉ်အမြဲ​မင်္ဂလာရှိ​တော်မူ​ပါစေသော​။ ကမ္ဘာမြေ​တစ်ခွင်လုံး​သည် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​နှင့်​ပြည့်​ပါစေသော​။ အာမင်​နှင့်​အာမင်​။


သူ​တို့​သည် တောကန္တာရ​၌ ဘယ်နှကြိမ်​ဘယ်နှခါ​မျှ ကိုယ်တော်​ကို​ပုန်ကန်​ကြ​ပြီး ကန္တာရမြေ​၌ ကိုယ်တော်​ကို​စိတ်ထိခိုက်​စေ​ခဲ့​ကြ​သနည်း​။


သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​ကို အကဲစမ်း​၍​ပုန်ကန်​ကြ​၏​။ ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို​လည်း မ​စောင့်ထိန်း​ဘဲ


ထိုသို့ဖြင့် ထာဝရဘုရား​ဟူသော​နာမ​တော်​ရှိ​သည့် ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အမြင့်ဆုံး​သော​အရှင်​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​ပါစေသော​။


ဘုရားသခင်​က မောရှေ​အား “​ငါ​သည် ငါ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ကိုယ်တော်​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ဖြစ်​၏​ဟု​ဆို​သော​သူ​က သင်​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​သည်​’​ဟူ၍ ပြော​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ယခု သွား​၍ သင့်​အား ငါ​မိန့်ဆို​သော​နေရာ​သို့ ထို​လူ​တို့​ကို ပို့ဆောင်​လော့​။ ကြည့်ရှု​လော့​။ ငါ​၏​ကောင်းကင်တမန်​သည် သင့်​ရှေ့​မှ သွား​လိမ့်မည်​။ သို့သော် ငါ​အပြစ်ဒဏ်​ပေး​မည့်​နေ့ရက်​၌ သူ​တို့​၏​အပြစ်​အတွက် သူ​တို့​ကို​ဒဏ်ခတ်​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​တို့​အား အနန္တတန်ခိုးရှင်​ဘုရားသခင်​အဖြစ် ထင်ရှားပြ​ခဲ့​သော်လည်း ထာဝရဘုရား​ဟူသော​ငါ​၏​နာမ​ကို သူ​တို့​မ​သိ​ခဲ့​ကြ​ပေ​။


ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။ ထို​နာမ​သည် ငါ​၏​နာမ​ဖြစ်​၏​။ ငါ​၏​ဘုန်းအသရေ​ကို အခြား​သော​သူ​အား​လည်းကောင်း​၊ ငါ​ခံထိုက်​သော​ချီးမွမ်း​ခြင်း​ကို ရုပ်တုဆင်းတု​တို့​အား​လည်းကောင်း ငါ​မ​ပေး​။


ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး​အခြား​သော​ဘုရား​မ​ရှိ​ကြောင်း​ကို အရှေ့​အရပ်​မှ အနောက်​အရပ်​တိုင်အောင် လူ​တို့​သိမြင်​ကြ​လိမ့်မည်​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။


စစ်မြေပြင်​၌​စီး​သော​စစ်သည်ဖိနပ်​၊ သွေး​လူး​သော​အဝတ်​ရှိသမျှ​တို့​သည် လောင်စာ​ဖြစ်​ရ​ကြ​လိမ့်မည်​။


အကြောင်းမူကား သူငယ်​သည် ငါ​တို့​အဖို့ ဖွားမြင်​တော်မူ​ပြီ​။ ငါ​တို့​အား သား​ကို​ပေး​တော်မူ​ပြီ​။ သူ​၏​ပခုံး​ပေါ်၌ အာဏာစက်​ရှိ​လိမ့်မည်​။ နာမ​တော်​ကို အံ့ဩဖွယ်​၊ တိုင်ပင်ဖက်​၊ တန်ခိုးကြီး​သော​ဘုရားသခင်​၊ ထာဝရ​အဖ​၊ ငြိမ်သက်​ခြင်း​အရှင်​ဟု ခေါ်ဝေါ်​ကြ​လိမ့်မည်​။


ထို​ဘုရင်​လက်ထက်​၌ ယုဒ​အမျိုး​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်​။ အစ္စရေး​လူမျိုး​သည် ဘေးကင်းလုံခြုံ​စွာ​နေထိုင်​ရ​လိမ့်မည်​။ ထို​ဘုရင်​၏​နာမ​ကို​ကား ‘​ငါ​တို့​ကို ဖြောင့်မတ်​စေ​တော်မူ​သော​ထာဝရဘုရား​’​ဟု ခေါ်ဆို​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


“​သင့်​ကို ငါ​မည်သို့ ခွင့်လွှတ်​နိုင်​မည်နည်း​။ သင်​၏​သားသမီး​တို့​သည် ငါ့​ကို​စွန့်ပစ်​၍ ဘုရား​မ​ဟုတ်​သော​ဘုရား​တို့​ကို တိုင်တည်ကျိန်ဆို​ကြ​ပြီ​။ ငါ​သည် သူ​တို့​ကို ပြည့်စုံကြွယ်ဝ​စေ​သော်လည်း သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၍ ပြည့်တန်ဆာ​အိမ်​၌ စုဝေး​ကြ​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ငါ​၏​စေတမန်​ကို ငါ​စေလွှတ်​မည်​။ သူ​သည် ငါ​သွား​ရ​မည့်​လမ်း​ကို ကြိုတင်​ပြင်ဆင်​လိမ့်မည်​။ သင်​တို့​ရှာဖွေ​သော​အရှင်သခင်​သည် ဗိမာန်တော်​သို့ ချက်ချင်း​ကြွလာ​လိမ့်မည်​။ ကြည့်ရှု​လော့​။ သင်​တို့​အလိုရှိ​သော​ပဋိညာဉ်​တမန်​သည်​လည်း ကြွလာ​နေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က မောရှေ​အား “​ဤ​လူမျိုး​သည် ငါ့​ကို မည်မျှ​ကြာ​အောင် မထီလေးစား​ပြု​ကြ​မည်နည်း​။ သူ​တို့​တွင် ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​အလုံးစုံ​တို့​ကို သူ​တို့​မြင်​ရ​သော်လည်း ငါ့​ကို မည်မျှ​ကြာ​အောင် မ​ယုံကြည်​ဘဲ​နေ​ကြ​မည်နည်း​။


ငါ​ထာဝရဘုရား​မိန့်​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ကို ဆန့်ကျင်​စုဝေး​ကြ​သည့် ဤ​ဆိုးညစ်​သော​လူထု​အပေါင်း​တို့​ကို ငါ​သည် ထိုသို့​ပြု​မည်​။ သူ​တို့​သည် ဤ​တောကန္တာရ​ထဲ၌ လမ်းဆုံး​ကြ​ရ​လိမ့်မည်​။ ထို​အရပ်​တွင် သင်​တို့ သေဆုံး​ကြ​ရ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


“ကြည့်ရှု​လော့။ အပျို​ကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု ခေါ်​ကြ​လိမ့်မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သည့်​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ (ဧမာနွေလ​၏​အဓိပ္ပာယ်​မှာ “ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​သော​ဘုရားသခင်”​ဟူ၍ ဖြစ်​၏။)


ထိုသို့ ပေတရု​လျှောက်ထား​စဉ် တောက်ပ​သော​မိုးတိမ်​သည် သူ​တို့​ကို​ဖုံးလွှမ်း​၍ မိုးတိမ်​ထဲမှ​အသံ​တော်​က “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏။ သူ့​စကား​ကို နားထောင်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ငါ​နှင့်​ခမည်းတော်​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သို့သော် ငါ​ဆောင်ရွက်​လျှင် ငါ့​ကို​မ​ယုံကြည်​သော်လည်း ထို​အမှု​တော်​များ​ကို ယုံကြည်​ကြ​လော့။ ထိုသို့​ယုံကြည်​ပါက ခမည်းတော်​သည် ငါ​၌​ရှိ​တော်မူ​လျက် ငါ​သည် ခမည်းတော်​၌​ရှိ​ကြောင်း​ကို သင်​တို့​သိရှိ​၍​နားလည်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။


ငါ​၏​နာမ​ဖြင့် ထို​ပရောဖက် ဆင့်ဆို​သော ငါ့​စကား​များ​ကို နား​မ​ထောင်​သော​သူ​အား ငါ​စစ်ကြောစီရင်​မည်​။


သင်​သည် တောကန္တာရ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မည်သို့​အမျက်ထွက်​စေ​ခဲ့​သည်​ကို အောက်မေ့​လော့​။ မ​မေ့လျော့​နှင့်​။ သင်​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ဤ​အရပ်​သို့​ရောက်​သည့်​တိုင်အောင် ထာဝရဘုရား​ကို ပုန်ကန်​ခဲ့​ကြ​၏​။


အဘယ်ကြောင့်​ဆိုသော် ဘုရား​ဇာတိ​အဖြစ်​တော်​၏​ပြည့်စုံ​ခြင်း​အပေါင်း​သည် ခရစ်တော်​၌​ခန္ဓာ​အသွင်​အားဖြင့် ကိန်းဝပ်​တော်မူ​၏။


သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။


ထိုသို့​ကြား​ရ​လျက်​နှင့် ဆန့်ကျင်​ခဲ့​သူ​များ​ကား မည်သူ​တို့​နည်း။ မောရှေ​၏​ဦးဆောင်​မှု​အားဖြင့် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​သူ​အပေါင်း​တို့​ပင်​မ​ဟုတ်​လော။


ထိုအခါ ယောရှု​က လူ​တို့​အား “​သင်​တို့​သည် ထာဝရဘုရား​ကို ဝတ်ပြု​နိုင်​မည် မ​ဟုတ်​။ ထာဝရဘုရား​သည် သန့်ရှင်း​သော​ဘုရား​၊ သဝန်တို​တတ်​သော​ဘုရား​ဖြစ်​၏​။ သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်​။


တစ်စုံတစ်ယောက်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​မျိုး​ပြု​နေ​သည့် မိမိ​ညီအစ်ကို​ကို​တွေ့​လျှင် သူ​သည် ဆုတောင်း​ရ​မည်။ ထိုအခါ ဘုရားသခင်​သည် သေ​ခြင်း​သို့​မ​ပို့ဆောင်​သော​အပြစ်​ပြု​နေ​သည့် ထို​ညီအစ်ကို​အား အသက်​ကို​ပေး​တော်မူ​လိမ့်မည်။ သေ​ခြင်း​သို့​ပို့ဆောင်​သော​အပြစ်​မျိုး​ရှိ​၏။ ထိုသို့​သော​အပြစ်​အတွက် တောင်းလျှောက်​ရ​မည်​ဟု ငါ​မ​ဆို​လို။


ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


သူ​၏​သားသမီး​တို့​ကို​လည်း သေ​ဘေး​ဖြင့် ငါ​အဆုံး​စီရင်​မည်။ ထိုအခါ ငါ​သည် စိတ်နှလုံး​နှင့် အတွင်း​သဘော​ကို စူးစမ်း​သော​သူ​ဖြစ်​ကြောင်း အသင်းတော်​အားလုံး​သိ​ရ​ကြ​လိမ့်မည်။ သင်​တို့​အသီးသီး​ကို​လည်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ အကျိုး​အပြစ်​ကို ငါ​ပေး​မည်။


စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ထာဝရဘုရား​၏​ကောင်းကင်တမန်​က သူ့​အား “​အဘယ်ကြောင့် ငါ့​အမည်​ကို မေး​သနည်း​။ ငါ့​အမည်​သည် အလွန်​အံ့ဩဖွယ်​ကောင်း​၏​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ