ယွာဘသည် ရှင်ဘုရင်၏အမိန့်တော်ကို မနှစ်သက်သဖြင့် လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို ထည့်၍စာရင်းမကောက်ချေ။
တောလည် 1:47 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘိုးဘေးအမျိုးအနွယ်ထဲမှ လေဝိအမျိုးတို့ကိုကား သူတို့နှင့်အတူ မရေတွက်ပေ။ Common Language Bible လူဦးရေစာရင်းကောက်ယူရာတွင် လေဝိအနွယ်ဝင်တို့ကိုစာရင်းမကောက်ခဲ့ချေ။- Garrad Bible လေ ဝိ အ နွယ် သား တို့ ကို ကား သူ တို့ စာ ရင်း တွင် မ သွင်း ချေ။ Judson Bible လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်းမဝင်ရသည်အမှုမှာ၊ |
ယွာဘသည် ရှင်ဘုရင်၏အမိန့်တော်ကို မနှစ်သက်သဖြင့် လေဝိအမျိုးနှင့်ဗင်္ယာမိန်အမျိုးကို ထည့်၍စာရင်းမကောက်ချေ။
သင်နှင့်အာရုန်သည် အစ္စရေးလူမျိုးထဲမှ အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူရှိသမျှတို့ကို တပ်ဖွဲ့အလိုက် ရေတွက်ရမည်။
လေဝိအမျိုးတို့ကို သက်သေခံချက်ထားရာကိန်းဝပ်တော်မူရာတဲတော်၊ ထိုတဲတော်၏တန်ဆာပလာရှိသမျှ၊ ထိုတဲတော်နှင့်ဆိုင်သမျှတို့ကို ထိန်းသိမ်းဖို့ ခန့်အပ်လော့။ သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်နှင့် ထိုတဲတော်၏ တန်ဆာပလာရှိသမျှတို့ကို သယ်ဆောင်ရမည်။ ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုဆောင်ရွက်၍ ထိုတဲတော်၏ပတ်ပတ်လည်၌ စခန်းချရမည်။
မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လေဝိအမျိုးတို့ကို အစ္စရေးအမျိုးသားတို့နှင့်အတူ မရေတွက်ပေ။
သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။
“လေဝိအမျိုးသားတို့ကို ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏မျိုးနွယ်စုအလိုက် ရေတွက်လော့။ တစ်လသားအရွယ်နှင့်အထက် ယောက်ျားရှိသမျှတို့ကို ရေတွက်ရမည်”ဟု မိန့်တော်မူ၏။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လူအသီးသီးမိမိတို့လုပ်ရမည့်အလုပ်၊ သယ်ဆောင်ရမည့်ဝန်အလိုက် သူတို့ကို ခန့်အပ်ထား၏။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့ကို ရေတွက်လေ၏။