တမန်တော်ဝတ္ထု 2:9 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့တွင် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊ Common Language Bible ငါတို့သည်ပါသိပြည်၊ မေဒိပြည်၊ ဧလံ ပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊- Garrad Bible ပါ ရ သိ၊ မေ ဒိ နှင့် ဧ လံ ပြည် သား များ၊ မေ သော ပေါ တာ မိ၊ ယု ဒ၊ က ပ္ပ ဒေါ ကိ၊ ပု န္တု၊ အာ ရှိ၊ Judson Bible ပါသိပြည်မှစ၍ မေဒိပြည်၊ ဧလံပြည်၊ မေသောပေါတာမိပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါတို့တွင် ပါသိပြည်၊ မေဒိပြည်၊ ဧလံပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊ |
ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌
ထို့နောက် အစေအပါးသည် မိမိသခင်၏ကုလားအုတ်များထဲမှ ကုလားအုတ်ဆယ်စီးကိုရွေးယူပြီးလျှင် မိမိသခင်ပိုင်ဆိုင်သည့်အဖိုးတန်ပစ္စည်းအမျိုးမျိုးတို့ကိုယူဆောင်လျက် ထ၍ ထွက်ခွာသွားရာ မက်ဆိုပိုတေးမီးယားပြည်ရှိ နာခေါ်နေသောမြို့သို့ရောက်လေ၏။
ဟောရှေမင်းကြီးနန်းစံကိုးနှစ်အကြာတွင် အဆီးရီးယားဘုရင်သည် ရှမာရိမြို့ကိုသိမ်းပိုက်ပြီး အစ္စရေးလူမျိုးတို့ကို အဆီးရီးယားပြည်သို့ဖမ်းခေါ်သွားကာ ဟာလာအရပ်၊ ဂေါဇန်နယ်ရှိဟာဗော်မြစ်နားနှင့်မေဒိမြို့ တို့၌နေထိုင်စေ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့ သိသောအခါ ဟာနုန်မင်းကြီးနှင့် အမ္မုန်အမျိုးသားတို့သည် မက်ဆိုပိုတေးမီးယားပြည်၊ ဆီးရီးယားမာခါပြည်၊ ဇောဘပြည်တို့မှ စစ်ရထားများ၊ မြင်းစီးသူရဲများကို ငွေတာလန်တစ်ထောင်ဖြင့်ငှားရမ်းဖို့ လူလွှတ်လိုက်၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
“သစ္စာမဲ့သောသူသည် သစ္စာမဲ့လျက်နေ၏။ ဖျက်ဆီးသောသူသည်လည်း ဖျက်ဆီးလျက်နေ၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ ဝိုင်းထားကြလော့။ ညည်းတွားခြင်းရှိသမျှကို ငါအဆုံးသတ်စေမည်”ဟူသော ကြောက်မက်ဖွယ်နိမိတ်ကို ငါအားဖော်ပြတော်မူ၏။
‘ဖေရက်’ ဟူသည်မှာ အရှင်မင်းကြီး၏နိုင်ငံကို ခွဲပြီး မေဒိနှင့် ပါးရှားလူမျိုးတို့အား ပေးတော်မူပြီဟူ၍ အနက်ရ၏”ဟု ရှင်ဘုရင်ရှေ့၌ လျှောက်ထားလေ၏။
ထိုဗျာဒိတ်နိမိတ်ကိုမြင်ရစဉ် ငါသည် ဧလံပြည် ရှုရှန်နန်းတော်တွင် ရှိနေ၏။ ထိုဗျာဒိတ်နိမိတ်ထဲတွင် ငါသည် ဥလဲမြစ်နားသို့ ရောက်နေ၏။
သင်မြင်ခဲ့ရသောသိုးထီး၌ပါသည့်ချိုနှစ်ချောင်းမှာ မေဒိဘုရင်နှင့် ပါးရှားဘုရင်ကို ဆိုလို၏။
ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။
ပုန္တုပြည်သား အာကုလအမည်ရှိဂျူးလူမျိုးတစ်ဦးနှင့်တွေ့လေ၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံး ရောမမြို့မှ ထွက်သွားရမည့်အကြောင်း အမိန့်ထုတ်ပြန်သောကြောင့် သူသည် မိမိဇနီးပြစ်ကိလနှင့်အတူ မကြာမီက အီတလီပြည်မှ ရောက်လာခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံသို့သွား၍
နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
ဤအမှုအရာသည် ငါတို့၏လုပ်ငန်းကို နာမည်ပျက်စေမည်ဟု စိုးရိမ်ရသည်သာမက ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်သည် ပမာဏပြုစရာမရှိတော့ဘဲ အာရှပြည်နှင့် ကမ္ဘာတစ်ဝန်းလုံးကိုးကွယ်သည့် နတ်ဘုရားမ၏ခန့်ညားထည်ဝါမှုသည်လည်း ကွယ်ပျောက်သွားတော့မည်ဟု စိုးရိမ်ရ၏”ဟု ပြောဆိုလေ၏။
ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။
သို့ဖြစ်လျှင် ငါတို့အသီးသီးသည် ငါတို့မွေးဖွားရာအရပ်မှ ဘာသာစကားဖြင့် ကြားနေရသည်မှာ မည်သို့နည်း။
ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။
သူတို့ရောက်လာကြသောအခါ ပေါလုက “ငါသည် အာရှပြည်၌ ပထမဦးဆုံးခြေချသည့်နေ့မှစ၍ သင်တို့နှင့်အတူရှိခဲ့သည့်ကာလတစ်လျှောက် မည်ကဲ့သို့အသက်ရှင်ခဲ့သည်ကို သင်တို့သိကြ၏။
ပေါလုနှင့်အတူလိုက်ပါသောသူတို့မှာ ဗေရိမြို့သား ပုရု၏သားသောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့်သေကုန္ဒု၊ ဒေရဗေမြို့သား ဂါယု၊ တိမောသေ၊ အာရှပြည်သား တုခိတ်နှင့်တရောဖိမ်တို့ဖြစ်ကြ၏။
ခုနစ်ရက်ကာလပြည့်လုနီးသောအခါ အာရှပြည်မှလာသောဂျူးလူမျိုးအချို့တို့သည် ပေါလုကို ဗိမာန်တော်၌တွေ့ကြလျှင် လူထုပရိသတ်အားလုံးကို ရုန်းရင်းဆန်ခတ်ဖြစ်စေ၍ သူ့ကိုဖမ်းဆီးကာ
ဗိမာန်တော်၌ သန့်ရှင်းစင်ကြယ်ခြင်းဝတ်ကိုခံယူပြီးသောအကျွန်ုပ်ကို သူတို့တွေ့မြင်သည့်အချိန်တွင် လူအစုအဝေးမရှိ၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလည်း မရှိခဲ့ပါ။
ငါတို့သည် အာရှပြည် ကမ်းခြေတစ်လျှောက်ရှိ ဆိပ်ကမ်းများသို့ရွက်လွှင့်သွားမည့် အဒြာမုတ္တိသင်္ဘောကိုစီးလျက် ရွက်လွှင့်ကြ၏။ မာကေဒေါနိပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုသည်လည်း ငါတို့နှင့်အတူပါလာ၏။
ထိုအခါ “လိဗေရတိန်”ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
အာရှပြည်ရှိအသင်းတော်များသည် သင်တို့ကိုနှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့မှစ၍ သူတို့အိမ်၌စုဝေးသောအသင်းတော်သည် သခင်ဘုရား၌ သင်တို့ကို လှိုက်လှဲစွာနှုတ်ဆက်ကြ၏။
ညီအစ်ကိုတို့၊ အာရှပြည်၌ ငါတို့ကြုံတွေ့ရသောဆင်းရဲဒုက္ခအကြောင်းကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့သည် မိမိတို့ခံနိုင်စွမ်းရှိသည်ထက်ပိုလွန်သည့် အတိုင်းထက်အလွန်ကြီးလေးသောဒုက္ခကိုခံခဲ့ရသဖြင့် အသက်ရှင်ရန်ပင် မျှော်လင့်ချက်ကင်းမဲ့ကာ
အကြောင်းမူကား အီဂျစ်ပြည်မှသင်တို့ထွက်လာသောအခါ လမ်းခရီး၌ သူတို့သည် သင်တို့အား အစားအစာကိုလည်းမပေး၊ ရေကိုလည်းမပေးကြ။ ထို့ပြင် မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့မှ ဗောရသားဗာလမ်ကိုငှား၍ သင်တို့ကိုကျိန်ဆဲစေသောကြောင့်ဖြစ်၏။
သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
ယေရှုခရစ်တော်၏တမန်တော်ငါပေတရုသည် ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်နှင့် ဗိသုနိပြည်အရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသည့်အာဂန္တုများတည်းဟူသော
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
ငါယောဟန်သည် အာရှပြည်ရှိ အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့်အရှင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။