၁ ရာချုပ် 19:6 - မြန်မာ့စံမီသမ္မာကျမ်း6 သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့ သိသောအခါ ဟာနုန်မင်းကြီးနှင့် အမ္မုန်အမျိုးသားတို့သည် မက်ဆိုပိုတေးမီးယားပြည်၊ ဆီးရီးယားမာခါပြည်၊ ဇောဘပြည်တို့မှ စစ်ရထားများ၊ မြင်းစီးသူရဲများကို ငွေတာလန်တစ်ထောင်ဖြင့်ငှားရမ်းဖို့ လူလွှတ်လိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ဟာ နုန် မင်း မှ စ သော အ မ္မုန် အ မျိုး သား တို့ သည် ထို သို့ ဒါ ဝိဒ် မင်း ရှေ့ ကိုယ် ကို စက် ဆုပ် ရွှံ ရှာ ဖွယ် ဖြစ် စေ ကြောင်း သိ မြင် လျှင် မေ သော ပေါ တာ မိ ပြည်၊ ရှု ရိ မာ ခါ ပြည်၊ ဇော ဘ ပြည် များ၌ စစ် မြင်း ရ ထား ငှါး ရန် ငွေ ချိန် ခွက် သုံး သောင်း ထုတ် ပေး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကို ငှားခြင်းငှာ ငွေအခွက်တစ်သောင်းကို ထုတ်၍၊ အခန်းကိုကြည့်ပါ။ |
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
အစ္စရေးဘုရင်အာဟပ်မင်းကြီးက ယုဒဘုရင်ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်နှင့်အတူ ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီလိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်များပင် ဖြစ်ပါ၏။ မင်းကြီးနှင့်အတူ စစ်ချီထွက်ပါမည်”ဟု ပြန်ပြော၏။