Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ငါ​ယောဟန်​သည် အာရှ​ပြည်​ရှိ အသင်းတော်​ခုနစ်​ပါး​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့်​အရှင်​ထံမှ​လည်းကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိညာဉ်​ခုနစ်​ပါး​ထံမှ​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 အာ ရှိ ပြည် ရှိ အ သင်း တော် ခု နစ် ပါး ထံ ယော ဟန် ရေး လိုက် သည် မှာ ပ စ္စု ပ္ပန်၊ အ တိတ်၊ အ နာ ဂတ် တည် တော် မူ သော အ ရှင့် ထံ မှ လည်း ကောင်း၊ ပ လ္လင် တော် ရှေ့ တည် ရှိ သော ဝိ ညာဉ် ခု နစ် ပါး ထံ မှလည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ကျွန်ုပ်​ယောဟန်​သည် အာရှပြည်​၌​ရှိသော အသင်းတော်​ခုနစ်ပါး​ထံသို့ စာရေးလိုက်ပါ၏။ ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် ဘုရားသခင်​ထံမှ​လည်းကောင်း၊ ပလ္လင်တော်​ရှေ့​၌ ရှိသော​ဝိညာဉ်​ခုနစ်ပါး​ထံမှ​လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 1:4
41 ပူးပေါင်းရင်းမြစ်များ  

တောင်​များ​မ​ဖြစ်ပေါ်​မီ​၊ မြေကြီး​နှင့်​ကမ္ဘာလောက​ကို ကိုယ်တော်​ဖြစ်ပွား​စေ​တော်​မ​မူ​မီ ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏​။


ဘုရားသခင်​က မောရှေ​အား “​ငါ​သည် ငါ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ကိုယ်တော်​က “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ဖြစ်​၏​ဟု​ဆို​သော​သူ​က သင်​တို့​ထံသို့ ငါ့​ကို​စေလွှတ်​တော်မူ​သည်​’​ဟူ၍ ပြော​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​၏​ဝိညာဉ်​တော်​ဖြစ်​သည့် ဉာဏ်ပညာ​နှင့်​အသိဉာဏ်​ကို ပေး​သော​ဝိညာဉ်​၊ အကြံဉာဏ်​နှင့်​အစွမ်းတန်ခိုး​ကို ပေး​သော​ဝိညာဉ်​၊ အသိပညာ​နှင့်​ထာဝရဘုရား​အား ကြောက်ရွံ့​ခြင်း​ကို ပေး​သော​ဝိညာဉ်​သည် သူ့​အပေါ်​တွင် ကိန်းဝပ်​တော်မူ​မည်​။


အစအဦး​ကပင် မျိုးဆက်​တစ်ဆက်​ပြီး​တစ်ဆက် ပေါ်ထွန်း​စေ​သော​အမှု​ကို ပြု​သော​သူ​ကား မည်သူ​နည်း​။ ထို​သူ​ကား အဦးဆုံး​သော​သူ​ဖြစ်၍ နောက်ဆုံး​သော​သူ​တို့​နှင့်အတူ​ရှိ​သော ငါ​ထာဝရဘုရား​ပင်တည်း​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


“အို ဧဖရတ်​ဗက်လင်​မြို့​၊ ယုဒ​မြို့​များ​တွင် သင်​သည် သေးငယ်​သော​မြို့​ဖြစ်​သော်လည်း ငါ့​အဖို့ အစ္စရေး​လူမျိုး​ကို အုပ်စိုးသူမင်း​သည် သင့်​အထဲ​မှ​ပေါ်ထွန်း​လိမ့်မည်​။ ထို​သခင်​သည် ရှေးမဆွ​ကပင် ရှိ​နှင့်​ပြီး​ဖြစ်​၏​။”


ယောရှု​ရှေ့​တွင် ငါ​ချထား​သော​ကျောက်တုံး​ကို ကြည့်​လော့​။ ထို​ကျောက်တုံး​ပေါ်တွင်​မျက်စိ​ခုနစ်​လုံး​ပါ​၏​။ ငါ​သည် ထို​ကျောက်တုံး​ပေါ်တွင် ကျောက်စာ​ကမ္ပည်းထိုး​ထား​မည်​။ ဤ​ပြည်​၏​အပြစ်​တို့​ကို တစ်နေ့ချင်း​တွင် ငါ​ဖယ်ရှား​ပစ်​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။


ကောင်းကင်တမန်​က ငါ့​အား “ဤ​အရာ​များ​ကား မြေကြီး​တစ်ပြင်လုံး​၏​အရှင်​ရှေ့​တော်​၌ ခစား​ရာ​မှ ထွက်လာ​သော မိုးကောင်းကင်​မှ လေ​လေး​ပါး​ဖြစ်​၏​။


အစအဦး​၌ နှုတ်ကပတ်တော်​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏။


နှစ်​နှစ်​ပတ်လုံး ထိုသို့​ပြု​သောကြောင့် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ အာရှ​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရ​ကြ​၏။


ငါ​တို့​တွင် ပါသိ​လူမျိုး၊ မေဒိ​လူမျိုး​နှင့် ဧလံ​လူမျိုး​များ​မှစ၍ မက်ဆိုပိုတေးမီးယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ ပုန္တု​ပြည်၊ အာရှ​ပြည်၊


ထိုသို့ ဘုရားသခင်​ချစ်​တော်မူ​၍ သန့်ရှင်း​သူ​များ​အဖြစ်​ခေါ်ယူ​တော်မူ​သော ရောမ​မြို့သူ​မြို့သား​အပေါင်း​တို့​ထံသို့ ဤ​စာ​ကို ငါ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


ငါ​တို့​အဖ​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။


ယေရှု​ခရစ်တော်​သည် မနေ့၊ ယနေ့​နှင့် နောင်​ကာလ​အစဉ်အဆက် ပြောင်းလဲ​ခြင်း​မ​ရှိ။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


ဤသည်ကား ယေရှု​ခရစ်တော်​၏​ဗျာဒိတ်​တော်​ဖြစ်​၏။ ဤ​ဗျာဒိတ်​တော်​သည် မကြာမီ​အတွင်း​ဖြစ်ပျက်​ရ​မည့်​အရာ​များ​ကို မိမိ​၏​အစေအပါး​တို့​အား​ပြသ​ရန် ခရစ်တော်​၌ ဘုရားသခင်​ပေးအပ်​တော်မူ​သော​အရာ​ဖြစ်​၏။ ခရစ်တော်​သည် မိမိ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​၍ မိမိ​အစေအပါး​ယောဟန်​အား ဤ​ဗျာဒိတ်​တော်​အရိပ်အယောင်​ကို ဖော်ပြ​တော်မူ​၏။


ထို​အသံ​က“သင်​မြင်​ရ​သော​အရာ​ကို စာစောင်​တွင်​ရေးသား​၍ ဧဖက်​မြို့၊ စမုရန​မြို့၊ ပေရဂံ​မြို့၊ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့​၌​ရှိ​သော အသင်းတော်​ခုနစ်​ပါး​ထံသို့ ပေးပို့​လော့”​ဟု ဆို​၏။


ငါ​သည် ထို​သူ​ကို​မြင်​ရ​သောအခါ သူ​၏​ခြေရင်း​၌​လဲကျ​၍ လူသေ​ကဲ့သို့​ဖြစ်​၏။ ထိုအခါ သူ​သည် ငါ့​အပေါ်၌ သူ​၏​လက်ယာ​လက်​ကို​တင်​လျက်“မ​ကြောက်​နှင့်။ ငါ​သည် အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​၏။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့်​အိုမီဂါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။


ထိုအခါ ရေ​နှင့်ဆိုင်သော​ကောင်းကင်​တမန်​က “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​သည့် သန့်ရှင်း​တော်မူ​သော​အရှင်၊ ဤ​အမှုအရာ​များ​ကို ကိုယ်တော်​စီရင်​တော်မူ​သောကြောင့် ကိုယ်တော်​သည်​ဖြောင့်မတ်​ပါ​၏။


ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


သွာတိရ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မီးလျှံ​ကဲ့သို့သော​မျက်စိ​နှင့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​သော​ခြေ​ရှိ​သည့် ဘုရားသခင်​၏​သား​တော်​က ဤသို့​မိန့်​တော်မူ​၏။


စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”


ငါ​ယောဟန်​သည် ဤ​အကြောင်းအရာ​များ​ကို မြင်​ရ​ကြား​ရ​သော​သူ​ဖြစ်​၏။ ငါ​သည် မြင်​ရ​ကြား​ရ​သောအခါ ၎င်း​တို့​ကို ငါ့​အား​ပြသ​သော ကောင်းကင်​တမန်​ကို​ရှိခိုး​ရန် သူ​၏​ခြေရင်း​၌ ပျပ်ဝပ်​လေ​သော်


သာဒိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​နှင့် ကြယ်​ခုနစ်​လုံး​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အသက်ရှင်​နေ​သည်​ဟု နာမည်​ခံ​ထား​သော်လည်း သေ​သော​သူ​ဖြစ်​၏။


လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ပလ္လင်​တော်​အထဲမှ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း​နှင့် မိုးချုန်း​ခြင်း​များ​ဖြစ်ပေါ်​လေ​၏။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​သော မီးခွက်​ခုနစ်​လုံး​သည်​လည်း ပလ္လင်​တော်​ရှေ့​၌ တောက်လောင်​လျက်​ရှိ​၏။


ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။


ထို့နောက် အသေ​သတ်​ခြင်း​ခံ​ခဲ့​ရ​ပုံ​ပေါ်​သော သိုးသငယ်​တော်​သည် ပလ္လင်​တော်​နှင့်​သတ္တဝါ​လေး​ပါး​တို့​၏​အကြား၊ သက်ကြီးဝါကြီး​တို့​၏​အလယ်​၌ ရပ်​လျက်​နေ​သည်​ကို ငါ​မြင်​ရ​၏။ ထို​သိုးသငယ်​တော်​၌ ဦးချို​ခုနစ်​ချောင်း​နှင့် မျက်စိ​ခုနစ်​လုံး​ရှိ​၏။ ထို​မျက်စိ​တို့​သည် မြေကြီး​တစ်ပြင်လုံး​သို့​စေလွှတ်​ခြင်း​ခံရ​သော ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


ထို့နောက် ဘုရားသခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံပိုးခရာ​ခုနစ်​ခု​ကို​ပေး​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ