Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 20:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ပေါလု​နှင့်အတူ​လိုက်ပါ​သော​သူ​တို့​မှာ ဗေရိ​မြို့သား ပုရု​၏​သား​သောပတရု၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​နှင့်​သေကုန္ဒု၊ ဒေရဗေ​မြို့သား ဂါယု၊ တိမောသေ၊ အာရှ​ပြည်သား တုခိတ်​နှင့်​တရောဖိမ်​တို့​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ထို အ ခါ အ ပေါင်း ပါ ဖြစ် သူ ဗေ ရိ မြို့ နေ ပု ရု၏ သား သော ပ တ ရု၊ သက် သာ လော နိတ် မြို့ သား အာ ရိ တ္တာ ခု နှင့် သေ ကု န္ဒု၊ ဒေ ရ ဗေ မြို့ သား ဂါ ယု၊ တိ မော သေ၊ အာ ရှိ ပြည် သား တု ခိတ် နှင့် တ ရော ဖိမ် တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ပေါ​လု​နှင့်​အ​တူ အာ​ရှိ​ပြည်​သို့ လိုက်​သော​သူ ဟူ​မူ​ကား၊ ဗေ​ရိ​မြို့​သား​ဖြစ်​သော ပု​ရု၏​သား သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား အာ​ရိ​တ္တာ​ခု​နှင့် သေ​ကု​န္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဂါ​ယု၊ လု​တ္တ​ရ​မြို့​သား တိ​မော​သေ၊ အာ​ရှိ​ပြည်​သား​တု​ခိတ်​နှင့် တ​ရော​ဖိမ်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ဗေရိမြို့သား​ဖြစ်သော ပုရု​၏​သား သောပတရု၊ သက်သာလောနိတ်မြို့သားများ​ဖြစ်ကြသော အာရိတ္တာခု​နှင့် သေကုန္ဒု၊ ဒေရဗေမြို့သား​ဖြစ်သော ဂါယု၊ တိမောသေ၊ အာရှပြည်​သားများ​ဖြစ်ကြသော တုခိတ်​နှင့် တရောဖိမ်​တို့​သည် ပေါလု​နှင့်အတူ လိုက်ပါသွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 20:4
29 ပူးပေါင်းရင်းမြစ်များ  

သို့သော် တပည့်​တော်​တို့​သည် သူ့​ကို​ဝိုင်းရံ​လျက်​နေ​ကြ​စဉ် သူ​သည် ထ​၍ မြို့​ထဲသို့​ဝင်​လေ​၏။ နောက်တစ်နေ့​တွင် ပေါလု​သည် ဗာနဗ​နှင့်အတူ ဒေရဗေ​မြို့​သို့ ထွက်ခွာ​သွား​လေ​၏။


တမန်တော်​တို့​သည် ကြားသိ​၍ လုကောနိ​ပြည်​ရှိ​မြို့​များ​ဖြစ်​ကြ​သည့် လုတ္တရ​မြို့၊ ဒေရဗေ​မြို့​နှင့် ဝန်းကျင်​ရှိ​ဒေသ​များ​သို့ ထွက်ပြေး​ကာ


ထို့နောက် ပေါလု​သည် ဒေရဗေ​မြို့​မှတစ်ဆင့် လုတ္တရ​မြို့​သို့ ရောက်​လာ​၏။ ထို​အရပ်​၌ တိမောသေ​အမည်​ရှိ တပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံကြည်​သူ​ဂျူး​အမျိုးသမီး​၏​သား​ဖြစ်​သော်လည်း သူ​၏​ဖခင်​မှာ​မူ ဂရိ​အမျိုးသား​ဖြစ်​၏။


ထို့နောက် သူ​တို့​သည် ဖြူဂိ​ပြည်​နှင့်​ဂလာတိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သောအခါ အာရှ​ပြည်​တွင် နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ရန် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တားမြစ်​ခြင်း​ကို ခံရ​ကြ​၏။


ထို့နောက် ပေါလု​နှင့်​သိလ​တို့​သည် အံဖိပေါလိ​မြို့​နှင့်​အာပေါလောနိ​မြို့​တို့​ကို ဖြတ်​၍ သက်သာလောနိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ရှိ​၏။


သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။


ထိုအခါ တစ်​မြို့​လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါလု​နှင့်အတူ​လိုက်ပါ​သည့် မာကေဒေါနိ​ပြည်သား ဂါယု​နှင့်​အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေး​ဝင်​သွား​ကြ​၏။


ငါ​တို့​တွင် ပါသိ​လူမျိုး၊ မေဒိ​လူမျိုး​နှင့် ဧလံ​လူမျိုး​များ​မှစ၍ မက်ဆိုပိုတေးမီးယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ ပုန္တု​ပြည်၊ အာရှ​ပြည်၊


ဤသို့​ခရီး​ပြု​ခြင်းမှာ ပေါလု​သည် အာရှ​ပြည်​တွင် အချိန်​မ​ကုန်​စေရန် ဧဖက်​မြို့​၌​မ​ဆိုက်​ဘဲ​ရွက်လွှင့်​သွား​မည်​ဟု ဆုံးဖြတ်​ထား​သောကြောင့်​ဖြစ်​၏။ သူ​သည် ဖြစ်နိုင်​လျှင် ပင်တေကုတ္တေ​ပွဲ​နေ့​တွင် ဂျေရုဆလင်​မြို့​သို့​ရောက်​လို​သည်​ဖြစ်၍ ခရီး​ကို​လျင်မြန်​စွာ​ပြု​နေ​၏။


သူ​တို့​ရောက်လာ​ကြ​သောအခါ ပေါလု​က “ငါ​သည် အာရှ​ပြည်​၌ ပထမ​ဦးဆုံး​ခြေချ​သည့်​နေ့​မှစ၍ သင်​တို့​နှင့်အတူ​ရှိ​ခဲ့​သည့်​ကာလ​တစ်လျှောက် မည်ကဲ့သို့​အသက်ရှင်​ခဲ့​သည်​ကို သင်​တို့​သိ​ကြ​၏။


ထိုသို့​ဆို​ခြင်း​မှာ သူ​တို့​သည် ဧဖက်​မြို့သား တရောဖိမ်​ကို ပေါလု​နှင့်အတူ မြို့​ထဲ၌​တွေ့​ခဲ့​သဖြင့် ပေါလု​သည် ထို​သူ​ကို ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​ခဲ့​သည်​ဟု ထင်မှတ်​သောကြောင့်​ဖြစ်​၏။


ငါ​တို့​သည် အာရှ​ပြည် ကမ်းခြေ​တစ်လျှောက်​ရှိ ဆိပ်ကမ်း​များ​သို့​ရွက်လွှင့်​သွား​မည့် အဒြာမုတ္တိ​သင်္ဘော​ကို​စီး​လျက် ရွက်လွှင့်​ကြ​၏။ မာကေဒေါနိ​ပြည်၊ သက်သာလောနိတ်​မြို့သား အာရိတ္တာခု​သည်​လည်း ငါ​တို့​နှင့်အတူ​ပါ​လာ​၏။


ငါ​၏​လုပ်ဖော်ဆောင်ဖက်​တိမောသေ၊ ငါ့​အမျိုးသား​ချင်း လုကိ၊ ယာသုန်​နှင့် သောသိပါတရု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။


ငါ​မှစ၍ အသင်းတော်​တစ်ခုလုံး​ကို​လက်ခံ​သော​အိမ်ရှင်​ဂါယု​သည် သင်​တို့​ကို​နှုတ်ဆက်​၏။ မြို့​တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ငါ​တို့​၏​ညီအစ်ကို​ကွာတု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောရိန္သု​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယ​ပြည်​တစ်ဝန်းလုံး​ရှိ သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


အမှန်စင်စစ် ငါ​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့​က သင်​တို့​ထဲတွင်​ဟောပြော​ခဲ့​သော ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၌ တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍​မ​ရှိ​ဘဲ ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍​သာ​ရှိ​၏။


ငါ​၌​ဖြစ်​နေ​သော​အရာ​များ​နှင့် ငါ​ပြု​နေ​သည့်​အမှု​ကို သင်​တို့​လည်း​သိရှိ​နိုင်​ရန် သခင်​ဘုရား​၌​သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ တုခိတ်​သည် အလုံးစုံ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


ငါ​သည် သင်​တို့​အကြောင်း​ကို​ကြားသိ​၍ အားတက်​လာ​စေရန် တိမောသေ​ကို သင်​တို့​ထံသို့ မကြာမီ​စေလွှတ်​နိုင်​မည်​ဟု သခင်​ယေရှု​၌ ငါ​မျှော်လင့်​ထား​၏။


ငါ​နှင့်အတူ​အကျဉ်းချ​ခံ​နေ​ရ​သူ​အာရိတ္တာခု​နှင့် ဗာနဗ​၏​ညီဝမ်းကွဲ​မာကု​တို့​သည် သင်​တို့​ကို နှုတ်ဆက်​လိုက်​ပါ​၏။ မာကု​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို​လက်ခံ​ကြ​ပါ​ဟူသည့် သူ​နှင့်​ပတ်သက်သော​ညွှန်ကြား​ချက်​များ​ကို သင်​တို့​ရရှိ​ထား​၏။


သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။


ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​နှင့် ငါ​တို့​၏​မျှော်လင့်​ရာ​ဖြစ်​တော်မူ​သော ခရစ်တော်​ယေရှု​၏​အမိန့်​တော်​အတိုင်း ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​သည်


ချစ်​သား​တိမောသေ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ခမည်းတော်​ဘုရားသခင်​နှင့် ငါ​တို့​သခင်​ခရစ်တော်​ယေရှု​ထံမှ ကျေးဇူး​တော်၊ ကရုဏာ​တော်​နှင့် ငြိမ်သက်​ခြင်း​သည် သင်​၌​ရှိ​ပါစေသော။


တုခိတ်​ကို​မူကား ဧဖက်​မြို့​သို့ ငါ​စေလွှတ်​လိုက်​၏။


ဧရတ္တု​သည် ကောရိန္သု​မြို့​၌ နေရစ်​ခဲ့​၏။ တရောဖိမ်​ကို​မူကား နာမကျန်း​ဖြစ်​နေ​သဖြင့် မိလက်​မြို့​တွင် ငါ​ထားခဲ့​၏။


ငါ​သည် အာတေမ​၊ သို့မဟုတ် တုခိတ်​ကို သင့်​ထံသို့​စေလွှတ်​သောအခါ ငါ​ရှိ​ရာ​နိကောပလိ​မြို့​သို့​လာ​ရန် ကြိုးစား​လော့။ အကြောင်းမူကား ဆောင်း​ကာလ​အတွင်း ထို​မြို့​၌​နေထိုင်​ရန် ငါ​ဆုံးဖြတ်​ထား​၏။


ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် မာကု၊ အာရိတ္တာခု၊ ဒေမ​နှင့် လုကာ​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​ပါ​၏။


သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ