တမန်တော်ဝတ္ထု 19:21 - မြန်မာ့စံမီသမ္မာကျမ်း ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။ Common Language Bible ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။- Garrad Bible ထို အ ခြင်း အ ရာ များ ဖြစ် ပြီး နောက် ပေါ လု က ငါ သည် မာ ကေ ဒေါ နိ ပြည် နှင့် အ ခါ ယ ပြည် များ ကို လျှောက် လျက် ယေ ရု ရှ လင် မြို့ ရောက် သွား မည် ဟု အ ကြံ ပြု သည့် ပြင် ရောက် ပြီး မှ ရော မ မြို့ သို့ လည်း အ ကြည့် အ ရှု သွား မည် ဟု အောက် မေ့ သည့် အ တိုင်း၊ Judson Bible ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟု စိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာများ ဖြစ်ပျက်ပြီးနောက် ပေါလုသည် ဝိညာဉ်တော်အားဖြင့် မာကေဒေါနိပြည်နှင့် အခါယပြည်တစ်လျှောက်သွားပြီးလျှင် ဂျေရုဆလင်မြို့သို့ သွားရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလုက “ထိုမြို့သို့သွားပြီးလျှင် ငါသည် ရောမမြို့သို့လည်း သွားရမည်” ဟု ပြောလေ၏။ |
ထိုမြို့မှတစ်ဆင့် ဖိလိပ္ပိမြို့သို့ သွားကြ၏။ ဖိလိပ္ပိမြို့သည် မာကေဒေါနိပြည်၏ထိုအပိုင်းတွင် အဓိကမြို့ဖြစ်ပြီး ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ထိုမြို့တွင် ရက်အတန်ကြာနေကြ၏။
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
“ဘုရားသခင်အလိုတော်ရှိလျှင် သင်တို့ထံသို့ နောက်တစ်ဖန် ငါပြန်လာဦးမည်”ဟု ဆိုလျက် သူတို့အား နှုတ်ဆက်ပြီးလျှင် ဧဖက်မြို့မှ ရွက်လွှင့်သွားလေ၏။
ထို့ကြောင့် သူသည် မိမိကိုကူညီဆောင်ရွက်ပေးသူများထဲမှ တိမောသေနှင့်ဧရတ္တုတို့နှစ်ဦးကို မာကေဒေါနိပြည်သို့စေလွှတ်၍ သူကိုယ်တိုင်သည် အာရှပြည်တွင် ခေတ္တနေခဲ့၏။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ဤသို့ခရီးပြုခြင်းမှာ ပေါလုသည် အာရှပြည်တွင် အချိန်မကုန်စေရန် ဧဖက်မြို့၌မဆိုက်ဘဲရွက်လွှင့်သွားမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။ သူသည် ဖြစ်နိုင်လျှင် ပင်တေကုတ္တေပွဲနေ့တွင် ဂျေရုဆလင်မြို့သို့ရောက်လိုသည်ဖြစ်၍ ခရီးကိုလျင်မြန်စွာပြုနေ၏။
ယခု ငါသည် ဝိညာဉ်တော်၏နှောင်ဖွဲ့ခြင်းကိုခံရ၍ ဂျေရုဆလင်မြို့သို့ သွားနေခြင်းဖြစ်၏။ ထိုမြို့တွင် မည်သည့်အရာနှင့်ငါကြုံတွေ့ရမည်ကို ငါမသိ။
ဂျေရုဆလင်မြို့သို့ ငါတို့ရောက်ကြသောအခါ ညီအစ်ကိုများသည် ငါတို့ကို လှိုက်လှဲစွာကြိုဆိုကြ၏။
ငါတို့သည် တပည့်တော်တို့ကိုတွေ့၍ ထိုအရပ်၌ ခုနစ်ရက်နေကြ၏။ သူတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် ဝိညာဉ်တော်အားဖြင့် ပြောကြ၏။
ထိုည၌ သခင်ဘုရားသည် ပေါလုထံပါး၌ပေါ်လာ၍“မစိုးရိမ်နှင့်။ အကြောင်းမူကား သင်သည် ဂျေရုဆလင်မြို့၌ ငါ့အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့၌လည်း သက်သေခံရမည်”ဟု မိန့်တော်မူ၏။
ငါတို့သည် အီတလီပြည်သို့ရွက်လွှင့်ရမည်ဟု သူတို့ဆုံးဖြတ်ကြသောအခါ သူတို့သည် ပေါလုနှင့်အခြားအကျဉ်းသားအချို့တို့ကို ဧကရာဇ်မင်း၏တပ်ဖွဲ့မှ ယုလိအမည်ရှိသောတပ်မှူးထံ အပ်ကြ၏။
‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။
ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။
ထို့ကြောင့် ငါ့အနေဖြင့် ရောမမြို့၌ရှိသော သင်တို့အားလည်း ဤကောင်းမြတ်သောသတင်းကိုဟောပြောရန် စိတ်အားထက်သန်လျက်ရှိ၏။
ငါသည် မာကေဒေါနိပြည်ကိုဖြတ်လာမည်ဖြစ်၍ မာကေဒေါနိပြည်ကို လှည့်လည်ပြီးမှ သင်တို့ထံသို့လာမည်။
သို့သော် သခင်ဘုရားအလိုတော်ရှိလျှင် ငါသည် သင်တို့ထံသို့ မကြာမီလာ၍ မာနထောင်လွှားသောသူတို့၏စကားမဟုတ်ဘဲ သူတို့၏တန်ခိုးကို သိရလိမ့်မည်။
သင်တို့ကိုကျော်လွန်သောအရပ်ဒေသများသို့ ကောင်းမြတ်သောသတင်းကိုဟောပြောနိုင်ရန် ငါတို့မျှော်လင့်ထား၏။ အခြားသူ၏နယ်ပယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သောအရာ၌ ငါတို့ဝါကြွားခြင်းမပြုပေ။
ထို့နောက် တစ်ဆယ့်လေးနှစ်ကြာသောအခါ ငါသည် တိတုကိုခေါ်၍ ဗာနဗနှင့်အတူ ဂျေရုဆလင်မြို့သို့ တစ်ဖန်သွားခဲ့၏။
ဤသို့ဖြင့် သင်တို့သည် မာကေဒေါနိပြည်နှင့်အခါယပြည်၌ရှိသော ယုံကြည်သူအားလုံးအတွက် စံနမူနာဖြစ်ကြ၏။