Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 18:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ဂါ​လျုန်​သည်​အ​ခါ​ယ​ပြည်​ဘု​ရင်​ခံ​ဖြစ်​စဉ် အ​ခါ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စု​ရုံး​လျက် ပေါ​လု​ကို​ဖမ်း​ဆီး​ပြီး​လျှင် တ​ရား​ခွင်​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သို့ သော် လည်း အ ခါ ယ ပြည် ဝန် ကြီး ဂါ လျုန့် လက် ထက် ယု ဒ လူ မျိုး တို့ သည် ပေါ လု ကို တစ် ပြိုင် နက် ရန် မူ လျက် တ ရား ခွင် ရှေ့ ခေါ် သွား ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ခါ​ယ​ပြည်​ကို ဂါ​လျုန်​မင်း​သည် ဝန်​အ​ရာ​နှင့် အုပ်​စိုး​သော​အ​ခါ ယု​ဒ​လူ​များ​သည် တ​ညီ​တ​ညွတ်​တည်း ပေါ​လု​ကို အ​နိုင်​အ​ထက်​ပြု၍ တ​ရား​ပ​လ္လင်​ရှေ့​သို့ ယူ​သွား​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 18:12
27 ပူးပေါင်းရင်းမြစ်များ  

ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။


ပိလတ်​မင်း​သည် ထို​စကား​တို့​ကို​ကြား​သောအခါ ယေရှု​ကို အပြင်​သို့​ခေါ်ဆောင်​လာ​၍ ဟေဗြဲ​ဘာသာစကား​အားဖြင့် ဂဗ္ဗသ​အမည်​ရှိ​သည့် ကျောက်ခင်း​စင်္ကြံ​ဟု​ခေါ်ဝေါ်​သော​နေရာ​မှ တရားပလ္လင်​ပေါ်တွင် ထိုင်​လေ​၏။


အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​များ​နှင့် မြို့​၏​ခေါင်းဆောင်​များ​ကို တိုက်တွန်း​၍ ပေါလု​နှင့်​ဗာနဗ​တို့​ကို ညှဉ်းဆဲ​စေရန် သွေးထိုး​လှုံ့ဆော်​ကာ သူ​တို့​ကို မိမိ​တို့​၏​အရပ်​ဒေသ​မှ နှင်ထုတ်​ကြ​၏။


ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။


သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။


ထိုအခါ အန္တိအုတ်​မြို့​နှင့်​ဣကောနိ​မြို့​တို့​မှ ဂျူး​လူမျိုး​တို့​သည် ရောက်လာ​ကြ​ပြီး လူထု​ပရိသတ်​များ​ကို​စည်းရုံး​ကာ ပေါလု​ကို​ခဲ​နှင့်​ပေါက်​၍ သူ​သေ​ပြီ​ဟု​ထင်မှတ်​လျက် မြို့​ပြင်​သို့​ဆွဲထုတ်​ကြ​၏။


သို့သော် မ​ယုံကြည်​သော​ဂျူး​လူမျိုး​တို့​သည် လူမျိုးခြား​တို့​ကို သွေးထိုး​လှုံ့ဆော်​၍ ညီအစ်ကို​တို့​အပေါ် မလိုမုန်းထား​စိတ် ဖြစ်ပေါ်​စေ​ကြ​၏။


သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။


သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။


သို့ဖြစ်၍ ပေါလု​သည် ထို​မြို့​၌ တစ်​နှစ်​နှင့်​ခြောက်​လ​နေထိုင်​လျက် သူ​တို့​အလယ်​တွင် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သွန်သင်​လေ​၏။


အာပေါလု​သည် အခါယ​ပြည်​သို့​သွား​လို​သောအခါ ညီအစ်ကို​များ​သည် သူ့​ကို​အားပေး​၍ ထို​ပြည်​ရှိ​တပည့်​တော်​များ​အား သူ့​ကို ကြိုဆို​လက်ခံ​ရန် စာ​ရေး​ပေး​ကြ​၏။ သူ​သည် ရောက်​သောအခါ ကျေးဇူး​တော်​အားဖြင့်​ယုံကြည်​လာ​သူ​များ​ကို များစွာ​ကူညီ​လေ​၏။


ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။


သို့သော် ပေါလု​က “အကျွန်ုပ်​သည် ဆီဇာ​ဧကရာဇ်​၏​တရားခွင်​၌ ရပ်​နေ​သည်​ဖြစ်​၍ ထို​နေရာ​တွင် အကျွန်ုပ်​ကို စစ်ဆေး​စီရင်​သင့်​ပါ​သည်။ အရှင်​လည်း ကောင်းစွာ​သိ​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​ကို အကျွန်ုပ်​မ​ပြစ်မှား​ခဲ့​ပါ။


အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။


သူ​တို့​အိမ်​၌​ရှိ​သော​အသင်းတော်​ကို​လည်း နှုတ်ဆက်​ပေး​ကြ​လော့။ အာရှ​ပြည်​တွင် ခရစ်တော်​အတွက်​အသီးဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧပဲနက်​ကို နှုတ်ဆက်​ပေး​ကြ​လော့။


ညီအစ်ကို​တို့၊ သတေဖနာ​၏​အိမ်သူအိမ်သား​တို့​သည် အခါယ​ပြည်​၏​အသီးဦး​ဖြစ်​ကြ​ပြီး သန့်ရှင်း​သူ​တို့​၏​အမှု​ကို​ဆောင်ရွက်​ရန် သူ​တို့​သည် မိမိ​တို့​ကိုယ်ကို​ဆက်ကပ်​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။


ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောရိန္သု​မြို့​၌​ရှိ​သော ဘုရားသခင်​၏​အသင်းတော်​နှင့် အခါယ​ပြည်​တစ်ဝန်းလုံး​ရှိ သန့်ရှင်း​သူ​အပေါင်း​တို့​ထံသို့ စာ​ရေး​လိုက်​ပါ​၏။


ခရစ်တော်​၏​သမ္မာတရား​သည် ငါ​၌​ရှိ​သည်​နှင့်အညီ ငါ​၌​ရှိ​သည့် ဤ​ဂုဏ်ယူ​ဝါကြွား​ခြင်း​ကို အခါယ​ပြည်​တစ်လျှောက်​၌ မည်သူမျှ ပိတ်ပင်​၍​ရ​မည်​မ​ဟုတ်။


မကြာခဏ ခရီးထွက်​၍ မြစ်​ချောင်း​တို့​၌​ကြုံ​ရ​သော​ဘေး၊ ဓားပြ​တို့​၏​ဘေး၊ ကိုယ့်​လူမျိုး​တို့​ပြု​သော​ဘေး၊ လူမျိုးခြား​တို့​ပြု​သော​ဘေး၊ မြို့​တွင်း​၌​ကြုံ​ရ​သော​ဘေး၊ တော​ကန္တာရ​၌​ကြုံ​ရ​သော​ဘေး၊ ပင်လယ်​ထဲ၌​ကြုံ​ရ​သော​ဘေး၊ ညီအစ်ကို​အတုအယောင်​များ​ပြု​သော​ဘေး စသည်​တို့​နှင့် ရင်ဆိုင်​ခဲ့​ရ​၏။


အကြောင်းမူကား သင်​တို့​၏​စေတနာ​စိတ်​ကို ငါ​သိ​၏။ ထို​စေတနာ​စိတ်​အတွက် ငါ​သည် မာကေဒေါနိ​ပြည်သား​တို့​အား “အခါယ​ပြည်​သည် လွန်ခဲ့​သော​နှစ်​ကတည်းက​ပင် အသင့်​ပြင်ဆင်​ထား​ပြီ”​ဟု သင်​တို့​အကြောင်း​ကို​ဝါကြွား​ထား​၏။ ထိုအခါ သင်​တို့​၏​စိတ်အား​ထက်သန်​မှု​သည် များစွာ​သော​သူ​တို့​ကို နှိုးဆော်​ပေး​၏။


ညီအစ်ကို​တို့၊ သင်​တို့​သည် ခရစ်တော်​ယေရှု​၌​တည်​သော ယုဒ​ပြည်​ရှိ ဘုရားသခင်​၏​အသင်းတော်​များ​ကို အတုယူ​သူ​များ​ဖြစ်​ကြ​ပြီ။ အကြောင်းမူကား သူ​တို့​သည် ဂျူး​လူမျိုး​တို့​လက်​တွင် ဒုက္ခ​ဝေဒနာ​ခံစား​ကြ​ရ​သကဲ့သို့ သင်​တို့​သည်​လည်း မိမိ​တို့​၏​အမျိုးသား​ချင်း​များ​လက်​တွင် အလားတူ​ခံစား​ကြ​ရ​၏။


လူမျိုးခြား​တို့​ကယ်တင်​ခြင်း​ရရှိ​ရန် ငါ​တို့​ဟောပြော​သည်​ကို တားမြစ်​ကာ မိမိ​တို့​အပြစ်​များ​ကို အစဉ်အမြဲ​ဖြည့်ဆည်း​ကြ​၏။ သို့ဖြစ်၍ အမျက်​တော်​သည် သူ​တို့​အပေါ်သို့ အဆုံးစွန်​သက်ရောက်​လေ​၏။


သို့ရာတွင် သင်​တို့​သည် ဆင်းရဲ​သော​သူ​တို့​ကို မထီလေးစား​ပြု​ကြ​သည်​တကား။ ချမ်းသာ​သော​သူ​တို့​သည် သင်​တို့​ကို ဖိနှိပ်​ခြယ်လှယ်​ကြ​သည်​မ​ဟုတ်​လော။ သူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့ ဆွဲခေါ်​သွား​ကြ​သည်​မ​ဟုတ်​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ