ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
ဇေဖနိ 3:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။ Common Language Bible ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။ Garrad Bible သို့ ဖြစ်၍ မြေ တစ် ပြင် လုံး သည်၊ ရှု စိတ် တော် မ မူ ခြင်း အ ရှိန် ကြောင့် ကျွမ်း လောင် ခံ ရ မည့် အ လျောက်၊ လူ မျိုး များ၊ တိုင်း နိုင် ငံ များ အ ပေါ် တွင်၊ အ မျက် ဒဏ် နှင့် ဒေါ သ အ ဟုန် ကို သွန်း လောင်း ရ အံ့ သော ငှာ၊ ထို သူ တို့ ကို ငါ ခေါ် ငင် စု ရုံး မည် ဟု ပြ ဋ္ဌာန်း ပြီး ဖြစ် သည့် အ ရာ၊ အ လိုက် အ ဖမ်း မ ထွက် မ ချင်း ဆိုင်း လင့် ကြ ဦး။ Judson Bible သို့သော်လည်း၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံ ပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကို လောင်ရလိမ့်မည်။ |
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
ကျွန်ယောက်ျားတို့သည် မိမိတို့သခင်၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ ကျွန်မိန်းမသည် မိမိသခင်မ၏လက်ကို မျှော်ကြည့်သကဲ့သို့လည်းကောင်း၊ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ကို သနားတော်မူသည်အထိ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို မျှော်ကြည့်ကြပါ၏။
ထာဝရဘုရားကို စောင့်မျှော်လော့။ အားယူ၍ သင်၏စိတ်နှလုံးကိုရဲရင့်စေလော့။ ထာဝရဘုရားကို စောင့်မျှော်လော့။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ ငါ့ကိုကယ်တင်ခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာ၏။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ အကြောင်းမူကား ငါ၏မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံမှလာ၏။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။
ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
“မကောင်းမှုကိုငါတုံ့ပြန်မည်”ဟု မဆိုနှင့်။ ထာဝရဘုရားကိုသာ စောင့်မျှော်လော့။ သို့ပြုလျှင် ကိုယ်တော်သည် သင့်ကို ကယ်တင်တော်မူလိမ့်မည်။
အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
ဤသည်ကား ကမ္ဘာမြေတစ်ခွင်လုံးအတွက် ကြံစည်ထားသောအကြံအစည်တော်ဖြစ်၏။ ဤသည်ကား တိုင်းနိုင်ငံအားလုံးတို့အပေါ် ဆန့်သောလက်တော်ဖြစ်၏။
ထို့ကြောင့် ထာဝရဘုရားသည် သင်တို့ကို ကျေးဇူးပြုတော်မူရန် စောင့်မျှော်နေ၏။ သင်တို့ကို ကရုဏာပြတော်မူရန် ထတော်မူ၏။ အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတသောဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို စောင့်မျှော်သောသူအပေါင်းတို့သည် မင်္ဂလာရှိ၏။
အကယ်စင်စစ် ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ကို အမျက်ထွက်တော်မူ၍ အမျက်တော်သည် သူတို့၏စစ်သည်ဗိုလ်ပါအားလုံးအပေါ် သက်ရောက်လေပြီ။ ကိုယ်တော်သည် သူတို့ကို အကုန်အစင်ဖျက်ဆီးတော်မူမည်။ သူတို့ကို သတ်ဖြတ်သူလက်သို့ အပ်တော်မူမည်။
လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။
ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။
သင်သည် သင်၏ဘုရားသခင်ထံသို့ ပြန်လှည့်လာလော့။ ကရုဏာတရား၊ ဖြောင့်မတ်ခြင်းတရားတို့ကို စောင့်ထိန်းလော့။ သင်၏ဘုရားသခင်ကို အစဉ်စောင့်မျှော်လော့။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
ငါမူကား ထာဝရဘုရားကို မျှော်ကြည့်မည်။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ကိုးစားမည်။ ငါ၏ဘုရားသခင်သည် ငါ့စကားကို နားညောင်းတော်မူမည်။
အကြောင်းမူကား ဤဗျာဒိတ်နိမိတ်သည် အချိန်တန်လျှင် ဖြစ်လာမည်။ နှုတ်ထွက်စကားအတိုင်း အဆုံးသတ်ချိန် မလွဲမသွေရောက်လာမည်။ ကြာသော်လည်း စောင့်မျှော်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လာမည်။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့နှင့် သီးခြားခွဲထားသကဲ့သို့ ကိုယ်တော်သည် သူတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ
သို့ရာတွင် ထာဝရဘုရား၏နေ့ရက်သည် သူခိုးလာသကဲ့သို့ရောက်လာလိမ့်မည်။ ထိုနေ့ရက်၌ ကောင်းကင်သည် ကျယ်လောင်သောအသံဖြင့် ကွယ်ပျောက်သွား၍ လောကဓာတ်တို့သည် ပြင်းထန်သောအပူရှိန်ဖြင့် ပျက်သုဉ်းသွားလိမ့်မည်။ မြေကြီးမှစ၍ ၎င်းပေါ်၌ပြုလုပ်သောအရာတို့သည်လည်း လောင်ကျွမ်းလိမ့်မည်။
ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။
ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။