ဟ္ဂဲ 2:22 - မြန်မာ့စံမီသမ္မာကျမ်း22 တိုင်းနိုင်ငံရှိ ရာဇပလ္လင်တို့ကို ငါဖြိုလှဲမည်။ တိုင်းတစ်ပါးသားတို့၏နိုင်ငံ့အင်အားကို ငါဖြိုဖျက်မည်။ စစ်ရထားနှင့်တကွ စီးနင်းသူတို့ကို မှောက်လှန်ပစ်မည်။ အချင်းချင်းဓားဖြင့်ခုတ်ကြသဖြင့် မြင်းများနှင့် မြင်းစီးသူရဲတို့သည် လဲကျသေဆုံးကြရလိမ့်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 တိုင်းနိုင်ငံတို့ကိုဖြိုခွင်းကာသူတို့၏တန် ခိုးအာဏာကိုပျက်သုဉ်းစေမည်။ စစ်မြင်း ရထားများကိုရထားထိန်းများနှင့်တကွ မှောက်လှန်ပစ်မည်။ မြင်းတို့သည်သေကြ လိမ့်မည်။ မြင်းစီးသူရဲတို့သည်လည်း အချင်းချင်းသတ်ဖြတ်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible22 တိုင်း နိုင် ငံ များ၌ နန်း ချ ခြင်း၊ လူ မျိုး ခြား တို့ နိုင် ငံ များ၌ အ ခိုင် အ လုံ ကို ဖျက် ဆီး ခြင်း၊ ရ ထား တပ် နှင့် ရ ထား စီး သူ ရဲ တို့ ကို ဖြို လှဲ ခြင်း၊ အ ချင်း ချင်း ဓား ခုတ် သ ဖြင့် မြင်း တပ် နှင့် မြင်း စီး သူ ရဲ တို့ ကျ စေ ခြင်း များ ကို ပြု လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible22 တိုင်းနိုင်ငံတို့၏ ရာဇပလ္လင်များကိုမှောက်လှန်၍၊ အမျိုးမျိုးသော တိုင်းနိုင်ငံတန်ခိုးကို ဖျက်ဆီးမည်။ ရထားနှင့် ရထားစီးသူရဲတို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့် မြင်းစီးသူရဲတို့သည် တစ်ယောက်ကို တစ်ယောက်ခုတ်၍ လဲကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် တောတိရစ္ဆာန်တို့အလယ်မှ ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်တို့အလယ်မှ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း လူမျိုးခြားတို့အလယ်၊ လူများစွာတို့ကြားတွင် ရှိနေလိမ့်မည်။ ထိုခြင်္သေ့တို့သည် သွားလာ၍ မည်သူမျှမကယ်နိုင်အောင် စားသောက်ကိုက်ဖြတ်တတ်၏။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။