ဆာလံ 79:6 - မြန်မာ့စံမီသမ္မာကျမ်း6 ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible6 ကိုယ်တော်ရှင်အားရှိမခိုး၊ဝတ်မပြုသည့် လူမျိုးတို့အားလည်းကောင်း၊ကိုယ်တော်ရှင်ထံ ဆုတောင်းပတ္ထနာမတောင်းမလျှောက် သူတို့အားလည်းကောင်းအမျက်ထွက်တော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible6-7 ယာ ကုပ် အ မျိုး ကို မျို စား လျက်၊ နေ ထိုင် ရာ ပါ ဖျက် ဆီး ကြ သည့် အ တွက်၊ ကိုယ် တော် ကို မ သိ သော လူ မျိုး ခြား များ၊ နာ မ တော် အား ပ ဌ နာ မ ပြု သော တိုင်း နိုင် ငံ များ အ ပေါ် တွင်၊ အ မျက် တော် ကို သွန်း လောင်း တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible6 ကိုယ်တော်ကို မသိသော တစ်ပါးအမျိုးသားတို့ အပေါ်သို့လည်းကောင်း၊ နာမတော်ကို ပတ္ထနာမပြုသော တိုင်းနိုင်ငံသားတို့အပေါ်သို့လည်းကောင်း၊ အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။