ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
ဆာလံ 91:15 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။ Common Language Bible သူတို့သည်ငါ့ကိုခေါ်သောအခါငါထူးမည်။ သူတို့ဒုက္ခရောက်သောအခါသူတို့နှင့်အတူ ငါရှိမည်။ ငါသည်သူတို့အားကယ်ဆယ်၍ချီးမြှင့်မည်။ Garrad Bible ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။ Judson Bible သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခခံရသောအခါ သူ့ဘက်မှာငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ |
ယခုမှာ ငါသည် မိတ်ဆွေတို့ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်ရလေပြီ။ ဘုရားသခင်ကိုခေါ်လျှင် ဘုရားသခင်ထူးသောသူ၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်သောသူသည် ပြက်ရယ်ပြုစရာ ဖြစ်ရလေပြီတကား။
ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏အလိုဆန္ဒကို ကြားသိလျက် သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲ၌ ကျင်လည်ရသော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကိုအသက်ရှင်စေတော်မူမည်။ ကိုယ်တော်သည် အကျွန်ုပ်ရန်သူတို့၏အမျက်ဒေါသအပေါ်၌ မိမိ၏လက်တော်ကိုဆန့်၍ ကိုယ်တော်၏လက်ယာလက်တော်ဖြင့် အကျွန်ုပ်ကိုကယ်တင်တော်မူမည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
အကယ်၍ သေခြင်း၏အရိပ်လွှမ်းမိုးသောချိုင့်ဝှမ်း၌ လျှောက်သွားရသော်လည်း အကျွန်ုပ်သည် ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏လှံတံတော်နှင့်တောင်ဝှေးတော်သည် အကျွန်ုပ်ကိုနှစ်သိမ့်ပေးပါ၏။
ထာဝရဘုရားသည် သူတို့ကိုကူညီမစ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၌ခိုလှုံကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကယ်တင်တော်မူ၏။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ အကူအညီအော်ဟစ်တောင်းခံသောအခါ “ငါရှိ၏”ဟု မိန့်တော်မူမည်။ သင်သည် သူတစ်ပါးကိုလက်ညှိုးထိုးခြင်း၊ ယုတ်ညံ့သောစကားပြောဆိုခြင်းဟူသော သင့်တွင်ရှိသောထမ်းပိုးကို ဖယ်ရှား၍
‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။