Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 10:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက် သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​စိတ်​နှိမ့်​ချ​သူ​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​လျက် သူ​တို့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော်​မူ​လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် စိတ် နှိမ့် ချ သူ တို့ အ လို ဆ န္ဒ ကို သိ လျက်၊ သူ တို့ စိတ် နှ လုံး ကို ပြု ပြင် လျက် နား ညောင်း တော် မူ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 10:17
28 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​တို့​၏​ဘိုးဘေး​များ​ဖြစ်​သော အာဗြဟံ​၊ ဣဇက်​၊ အစ္စရေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော့်​လူမျိုး​တော်​တို့​၏​စိတ်နှလုံး​အကြံအစည်​များ​၊ စိတ်ဆန္ဒ​များ​ကို ယခု​ကဲ့သို့​အစဉ်အမြဲ​ဖြစ်​စေရန် စောင့်ထိန်း​ပေး​တော်မူ​ပါ​။ ကိုယ်တော့်​အဖို့ စိတ်နှလုံး​အသင့်ရှိ​သော​သူ​များ ဖြစ်​စေ​တော်မူ​ပါ​။


ဘုရားသခင်​သည် လူ​တို့​အဖို့ ပြု​ပေး​တော်မူ​သဖြင့် အချိန်​အနည်းငယ်​အတွင်း ထို​အမှု​များ​ဖြစ်မြောက်​လာ​သောကြောင့် ဟေဇကိ​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့ အလွန်​ပျော်ရွှင်ဝမ်းမြောက်​ကြ​၏​။


ထာဝရဘုရား​မိန့်မှာချက်​အရ ရှင်ဘုရင်​နှင့်​မှူးမတ်​တို့​၏​စကား​ကို​လိုက်နာ​ရန် ယုဒ​ပြည်သား​တို့​အား တစ်စိတ်တစ်သဘောတည်း​ရှိ​ခြင်း​ကို ဘုရားသခင်​ပေးသနား​တော်မူ​၏​။


ဤ​မြို့​နှင့်​မြို့သား​တို့​အား ဆန့်ကျင်​သော​နှုတ်ကပတ်တော်​ကို သင်​ကြား​ရ​သောအခါ သင်​သည် နှလုံးကြေကွဲ​လျက် ဘုရားသခင်​ရှေ့​တော်​တွင် မိမိကိုယ်ကို​နှိမ့်ချ​လေ​ပြီ​။ သင်​သည် ငါ့​ရှေ့မှောက်​တွင် မိမိကိုယ်ကို​နှိမ့်ချ​လျက်​၊ ကိုယ့်​အဝတ်​ကို​ဆုတ်​လျက် ငါ့​ရှေ့မှောက်​၌​ငိုကြွေး​သည်​ကို ငါ​ကြား​ပြီ​။


ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။


ကိုယ်တော်​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​၏ အလို​ကို ပြည့်စုံ​စေ​တော်မူ​၏​။ သူ​တို့​၏​အော်ဟစ်သံ​ကို​လည်း​ကြား​၍ သူ​တို့​ကို ကယ်တင်​တော်မူ​၏​။


ထာဝရဘုရား​၏​မျက်စိ​တော်​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​၍ ကိုယ်တော်​၏​နား​တော်​သည် သူ​တို့​၏​အော်ဟစ်သံ​ကို​နားထောင်​တော်မူ​၏​။


ထာဝရဘုရား​၌ မွေ့လျော်​ခြင်း​ရှိ​လော့​။ သို့ပြုလျှင် သင်​၏​စိတ်နှလုံး​ဆန္ဒ​များ​ကို သင့်​အား​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။


အကြောင်းမူကား သွေးကြွေး​ပြန်တောင်း​တတ်​သော ကိုယ်တော်​သည် ထို​သူ​တို့​ကို​အောက်မေ့​တော်မူ​၏​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏ အော်ဟစ်တောင်းလျှောက်သံ​ကို မေ့လျော့​တော်​မ​မူ​ပါ​။


သို့သော် နွမ်းပါး​သော​သူ​တို့​သည် အစဉ်​မေ့လျော့​ခြင်း​ခံရ​မည်​မ​ဟုတ်​။ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ထာဝစဉ်​ပျက်စီး​သွား​မည်​မ​ဟုတ်​။


ဆိုးယုတ်​သော​သူ​ကြောက်လန့်​သော​အမှု​သည် သူ့​အပေါ်​သို့​သက်ရောက်​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​တို့​၏​အလိုဆန္ဒ​ကို​ကား ကိုယ်တော်​ဖြည့်ဆည်း​ပေး​တော်မူ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


စိတ်နှလုံး​၏​တွေးတောကြံစည်မှု​တို့​သည် လူ​နှင့်​ဆိုင်​၏​။ လျှာ​ဖြေကြား​သော​စကား​မူကား ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


သူ​တို့​မ​ခေါ်​မီ ငါ​ထူး​မည်​။ သူ​တို့​တောင်းလျှောက်​နေစဉ် ငါ​နားထောင်​မည်​။


“စိတ်​ဝိညာဉ်​ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား ကောင်းကင်​နိုင်ငံ​တော်​သည် သူ​တို့​၏​နိုင်ငံ​ဖြစ်​၏။


ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။


ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။


ထို​သခင်​ကို​ယုံကြည်​ခြင်း​အားဖြင့် ရဲရင့်​ခြင်း​ကို​လည်းကောင်း၊ ယုံကြည်​စိတ်ချ​စွာ​ဖြင့် အထံ​တော်​သို့​တိုးဝင်​ခွင့်​ကို​လည်းကောင်း ကိုယ်တော်​၌ ငါ​တို့​ရရှိ​ကြ​၏။


ထာဝရ​ဘုရား​ရှေ့​တော်​၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်။


သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။


အဘယ်ကြောင့်​ဆိုသော် ထာဝရ​ဘုရား​သည် ဖြောင့်မတ်​သော​သူ​တို့​ကို​ကြည့်ရှု​တော်မူ​၍ သူ​တို့​၏​ဆုတောင်း​သံ​ကို​နားညောင်း​တော်မူ​၏။ သို့သော် မကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​ထံမှ ထာဝရ​ဘုရား​သည် မျက်နှာ​လွှဲ​တော်မူ​၏။


ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ