Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 18:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အို ထာဝရဘုရား​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ရန်​သူ​တို့​အား​အ​မျက် ထွက်​လျက် ဟိန်း​သံ​ဖြင့်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ သ​မုဒ္ဒ​ရာ အောက်​ခံ​မြေ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​ခံ​အုတ်​မြစ်​များ​သည်​လည်း​ကောင်း ပွင့်​လစ်​ပေါ်​ထွက်​လာ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အို ထာ ဝ ရ ဘု ရား၊ အ မိန့် တော် ရှိ၍၊ နှာ တော် ဖြင့် ရှူ မှုတ် တော် မူ သည့် ကာ လ၊ ရေ စီး ရေ မြောင်း အောက် ခံ များ ထင် ပေါ် လျက်၊ မြေ ကြီး အ ခြေ အ မြစ် များ ဟင်း လင်း ပေါ် ရ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​အ​ခါ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ပြစ်​တင်၍ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့်၊ သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ပွင့်​လစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 18:15
22 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။


ကြည့်ရှု​လော့​။ ငါ​သည် သူ​၌​အခြား​သော​စိတ်သဘော​ကို​သွင်းပေး​မည်​။ သူ​သည် သတင်း​တစ်​ခု​ကြား​၍ မိမိ​ပြည်​သို့ ပြန်သွား​လိမ့်မည်​။ ထို့နောက် သူ့​ပြည်​၌ သူ့​ကို ဓား​ဖြင့်​ကျဆုံး​စေ​မည်​’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု ဆင့်ဆို​၏​။


လျှပ်စီး​ကို လက်​တော်​ထဲတွင်​ဆုပ်ကိုင်​ထား​တော်မူ​၍ အမိန့်ပေး​စေလွှတ်​လိုက်​လျှင် ပစ်မှတ်​ကို ထိမှန်​လေ​၏​။


ဘုရားသခင်​ထံ​တော်​မှ ထွက်သက်လေ​တစ်ချက်တည်း​နှင့် ထို​သူ​တို့ ပျက်စီး​ရ​၏​။ အမျက်​တော်​အရှိန်​နှင့် ထို​သူ​တို့ ဘဝ​နိဂုံးချုပ်​ရ​၏​။


မြေကြီး​ကို ၎င်း​၏​အုတ်မြစ်​များ​ပေါ်တွင် တည်​ထား​တော်မူ​၍ ၎င်း​သည် မည်သည့်​အခါ​မျှ တုန်လှုပ်​လိမ့်မည်​မ​ဟုတ်​။


ကိုယ်တော်​သည် ပင်လယ်​နီ​ကို ဆုံးမ​တော်မူ​ရာ ၎င်း​သည်​ခန်းခြောက်​လေ​၏​။ ထို့နောက် တောကန္တာရ​ကို​ဖြတ်​သကဲ့သို့ နက်ရှိုင်း​သော​ရေထု​ကို ဖြတ်​၍ သူ​တို့​ကို​ပို့ဆောင်​တော်မူ​၏​။


လျှပ်စီး​ကို​လက်​စေ​လျက် ရန်သူ​တို့​ကို ကွဲလွင့်​စေ​တော်မူ​ပါ​။ ကိုယ်တော်​၏​မြား​တို့​ကို​ပစ်လွှတ်​၍ သူ​တို့​ကို​အရေးနိမ့်​စေ​တော်မူ​ပါ​။


ကိုယ်တော်​သည် စမ်းရေ​နှင့်​စမ်းချောင်း​ကို ပေါက်ထွက်​စေ​၍ အမြဲ​စီးဆင်း​သော​မြစ်​များ​ကို ခန်းခြောက်​စေ​တော်မူ​၏​။


အို ယာကုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ဆုံးမ​ခြင်း​ကြောင့် စစ်ရထား​နှင့်​မြင်းစီးသူရဲ​တို့​သည် အိပ်မောကျ​သွား​ကြ​ပါ​၏​။


ကိုယ်တော်​၏​ထစ်ချုန်းသံ​သည် လေပွေ​၌​ပါ​၍ လျှပ်စီး​တို့​သည် ကမ္ဘာလောက​ကို​လင်းလက်​စေ​ပါ​၏​။ ကမ္ဘာမြေကြီး​သည် တုန်ခါ​လှုပ်ရမ်း​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးချို​ကို နွားရိုင်း​ဦးချို​ကဲ့သို့​ချီးမြှောက်​၍ သန့်စင်​ကောင်းမွန်​သော​ဆီ​ဖြင့် အကျွန်ုပ်​ကို ဘိသိက်ပေး​တော်မူ​၏​။


ကိုယ်တော်​၏​နှာခေါင်း​တော်​မှ​လေ​ကို မှုတ်ထုတ်​လိုက်​သောအခါ ရေ​သည် မို့မောက်​လာ​၏​။ စီး​သော​ရေ​သည်​လည်း စုပုံ​၍ တန့်သွား​၏​။ ပင်လယ်​ထဲမှ ရေထု​သည်​လည်း ခဲ​လေ​၏​။


ဆင်းရဲ​သော​သူ​တို့​ကို ဖြောင့်မတ်​စွာ​တရားစီရင်​မည်​။ နိမ့်ကျ​သော​မြေကြီးသား​တို့​အတွက် တရားမျှတ​စွာ​ဆုံးဖြတ်​မည်​။ မြေကြီး​ကို သူ​၏​နှုတ်​ကြိမ်လုံး​ဖြင့် ရိုက်နှက်​၍ ဆိုးယုတ်​သော​သူ​တို့​ကို နှုတ်ထွက်​လေ​ဖြင့် ကွပ်မျက်​မည်​။


အကယ်စင်စစ် တောဖက်​အရပ်​ကို ရှေးယခင်​ကပင် ပြင်ဆင်​ထား​လေ​ပြီ​။ ထို​အရပ်​ကို ရှင်ဘုရင်​အတွက် အဆင်သင့်​ဖြစ်စေ​ပြီ​။ ထို​အရပ်​သည် နက်​၍​ကျယ်ဝန်း​ပြီး မီးရှို့​ရန်​ထင်း​အမြောက်အမြား​ပုံထား​၏​။ ထာဝရဘုရား​၏​ထွက်သက်လေ​သည် ကန့်ရည်စီးကြောင်း​ကဲ့သို့​ထွက်လာ​၍ ထို​အရပ်​ကို မီးစွဲလောင်​စေ​မည်​။


ထာဝရဘုရား​က “​သူ​တို့​သည် အထက်​မိုးကောင်းကင်​ကို တိုင်းတာ​နိုင်​၍ အောက်​မြေကြီး​၏​အုတ်မြစ်​ကို စူးစမ်း​နိုင်​မှသာ အစ္စရေး​တစ်မျိုးနွယ်လုံး​ပြု​ခဲ့​သော​အပြစ်​ကြောင့် သူ​တို့​ကို ငါ​စွန့်ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။


တောင်ခြေရင်း​တိုင်အောင် အကျွန်ုပ်​နစ်မြုပ်​သွား​၍ မြေကြီး​သည် အကျွန်ုပ်​ကို အစဉ်​ကန့်လန့်​ထိုး​ထား​သော်လည်း အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​အသက်​ကို သေတွင်း​မှ ကယ်နုတ်​တော်မူ​ပြီ​။


အို တောင်​များ​တို့​၊ အို ခိုင်ခံ့​သော​မြေကြီး​အုတ်မြစ်​တို့​၊ ထာဝရဘုရား​၏​စွဲချက်​ကို​နားထောင်​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​ကို စွဲချက်တင်​တော်မူ​ပြီ​။ အစ္စရေး​လူမျိုး​နှင့် အချေအတင်​ပြောဆို​တော်မူ​မည်​။


ထာဝရဘုရား​သည် မိမိကိုယ်ကို ထင်ရှား​တော်မူ​မည်​။ ကိုယ်တော်​၏​မြား​တော်​သည် လျှပ်ပြက်​သကဲ့သို့ ထွက်သွား​လိမ့်မည်​။ ဘုရားရှင်​ထာဝရဘုရား​သည် တံပိုး​ကို​မှုတ်​လျက် တောင်ဘက်​မှ​မုန်တိုင်း​နှင့်အတူ ကြွချီ​တော်မူ​မည်​။


ထိုသို့ ရှမွေလ​သည် မီးရှို့ရာယဇ်​ကို ပူဇော်​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​ကြ​၏​။ ထို​အချိန်​တွင် ထာဝရဘုရား​သည် ကျယ်လောင်​စွာ​မိုးချုန်း​စေ​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ ဤသို့ဖြင့် ဖိလိတ္တိ​လူမျိုး​တို့​သည် အစ္စရေး​လူမျိုး​တို့​ရှေ့​၌ ရှုံးနိမ့်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ