အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 9:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား သွေးကြွေး​ပြန်တောင်း​တတ်​သော ကိုယ်တော်​သည် ထို​သူ​တို့​ကို​အောက်မေ့​တော်မူ​၏​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏ အော်ဟစ်တောင်းလျှောက်သံ​ကို မေ့လျော့​တော်​မ​မူ​ပါ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​သည်​ဒုက္ခ​ရောက်​သော​သူ​တို့​ကို သ​တိ​ရ​တော်​မူ​၏။ သူ​တို့​၏​အော်​ဟစ်​သံ​ကို​မေ့​တော်​မ​မူ။ သူ​တို့​အား​မ​တ​ရား​ပြု​သော​သူ​တို့​ကို အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို​စစ်​တော်​မူ၍၊ အ​သေ​ခံ​ရ​သော​သူ​တို့​ကို အောက်​မေ့​တော်​မူ၏။ နှိမ့်​ချ​လျက်​ရှိ​သော သူ​တို့၏​အော်​ဟစ်​ခြင်း​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​တတ်​ပါ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 9:12
21 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။


မနာရှေ​မင်းကြီး​သည် အပြစ်ကင်း​သော​သူ​တို့​ကို​သတ်​၍ ဂျေရုဆလင်​မြို့​တွင် အပြစ်ကင်း​သော​သူ​တို့​၏​သွေး​နှင့် ပြည့်​စေ​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို ခွင့်လွှတ်​ရန် အလို​တော်​မ​ရှိ​။


သို့သော် ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​နှင့် ပူဆွေး​ခြင်း​တို့​ကို​မြင်​၍ လက်​တော်​ဖြင့်​ဖြေရှင်း​ရန် ကြည့်ရှုဆင်ခြင်​တော်မူ​၏​။ ခိုကိုးရာမဲ့သောသူ​သည် ကိုယ်တော်​ထံ၌ မိမိကိုယ်ကို​အပ်နှံ​ပါ​၏​။ ကိုယ်တော်​သည် မိဘမဲ့သူ​ကို ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏​အလိုဆန္ဒ​ကို ကြားသိ​လျက် သူ​တို့​၏​စိတ်နှလုံး​ကို တည်ကြည်​စေ​တော်မူ​၏​။


ကိုယ်တော်​သည် ခိုကိုး​ရာ​မဲ့​သော​သူ​တို့​၏ ဆုတောင်းချက်​ကို ဂရုစိုက်​တော်မူ​၏​။ သူ​တို့​၏​ဆုတောင်းချက်​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။


အကြောင်းမူကား ထာဝရဘုရား​သည် ဇိအုန်​ကို​ရွေးချယ်​ပြီး မိမိ​၏​ကိန်းဝပ်​ရာ​အရပ် ဖြစ်​စေရန် အလိုရှိ​တော်မူ​ပြီ​။


အကြောင်းမူကား ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​သူ​ကြုံတွေ့​ရ​သည့်​ဖိနှိပ်မှု​ကို မထီမဲ့မြင်ပြု​တော်​မ​မူ​။ ရွံရှာ​ခြင်း​လည်း​ရှိ​တော်​မ​မူ​။ မျက်နှာ​တော်​ကို​လည်း သူ့​ထံမှ​လွှဲ​တော်​မ​မူ​ဘဲ အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ သူ့​ကို​နားညောင်း​တော်မူ​၏​။


အဖိနှိပ်​ခံရ​သော​ဤ​သူ ခေါ်​သောအခါ ထာဝရဘုရား​သည် နားထောင်​၍ သူ​၏​ဆင်းရဲဒုက္ခ​အပေါင်း​တို့​မှ သူ့​ကို​ကယ်တင်​တော်မူ​၏​။


ဘုရားသခင်​၏​စစ်ရထား​တို့​သည် အထောင်​အသောင်း​မက​များပြား​ကြ​၏​။ ဘုရားရှင်​သည် သိနာ​တောင်​မှာ​ကဲ့သို့ သူ​တို့​နှင့်အတူ သန့်ရှင်းရာဌာန​တော်​၌ ရှိ​တော်မူ​၏​။


ရှေးကာလ​က ကိုယ်တော်​ဝယ်ယူ​ထား​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ အမွေ​တော်​အဖြစ် ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​အမျိုးအနွယ်​နှင့် ကိုယ်တော်​ကိန်းဝပ်​တော်မူ​ခဲ့​ရာ ဇိအုန်​တောင်​ကို အောက်မေ့​တော်မူ​ပါ​။


ထို​အရပ်​တွင် ကိုယ်တော်​သည် မီးတောက်​နေ​သော​မြား​၊ ဒိုင်းလွှား​၊ ဓား​နှင့်​စစ်လက်နက်​တို့​ကို ချိုးဖျက်​တော်မူ​ပြီ​။(​စေလာ)


ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။


ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။


အကြောင်းမူကား ကြည့်ရှု​လော့​။ ထာဝရဘုရား​သည် မြေကြီးသား​တို့​ကို အပြစ်​ဒဏ်ပေး​ရန် ကိန်းဝပ်​တော်မူ​ရာ​အရပ်​မှ ကြွလာ​တော်မူ​၏​။ ထိုအခါ မြေကြီး​သည် မိမိ​၌ အသတ်​ခံရ​သော​သူ​တို့​ကို ထုတ်ပြ​မည်​။ သတ်​သော​သူ​တို့​ကို​လည်း ဝှက်ထား​မည်​မ​ဟုတ်​။


ဇိအုန်​တောင်​၌​ကိန်းဝပ်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ပေး​တော်မူ​သော အမှတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု​တို့​မှာ ငါ​နှင့် ထာဝရဘုရား​ငါ့​အား​ပေး​တော်မူ​သော သားသမီး​တို့​ပင်​ဖြစ်​၏​။


သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။


အကြောင်းမူကား ထို​သူ​တို့​သည် သန့်ရှင်း​သူ​များ​နှင့် ပရောဖက်​များ​၏​သွေး​ကို သွန်း​ခဲ့​ကြ​သည်​ဖြစ်၍ ကိုယ်တော်​သည် ထို​သွေး​တို့​ကို သူ​တို့​အား​သောက်​ရန် ပေး​တော်မူ​ပြီ။ သူ​တို့​သည် ထိုသို့​ခံရ​ရန် ထိုက်တန်​ပေ​၏”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထို့နောက် သူ​တို့​သည် တိုင်းတစ်ပါးသား​ဘုရား​များ​ကို သူ​တို့​ထံမှ ဖယ်ရှား​ပြီး ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​၏​။ အစ္စရေး​လူမျိုး​တို့ ကြုံတွေ့​ရ​သော အခက်အခဲ​ပြဿနာ​များ​ကြောင့် ကိုယ်တော်​သည် သူ​တို့​ကို သနား​တော်မူ​၏​။