Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 10:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သို့သော် ကိုယ်တော်​သည် အခက်အခဲ​ပြဿနာ​နှင့် ပူဆွေး​ခြင်း​တို့​ကို​မြင်​၍ လက်​တော်​ဖြင့်​ဖြေရှင်း​ရန် ကြည့်ရှုဆင်ခြင်​တော်မူ​၏​။ ခိုကိုးရာမဲ့သောသူ​သည် ကိုယ်တော်​ထံ၌ မိမိကိုယ်ကို​အပ်နှံ​ပါ​၏​။ ကိုယ်တော်​သည် မိဘမဲ့သူ​ကို ကူညီမစ​သော​အရှင်​ဖြစ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ကိုယ် တော် မြင် တော် မူ ပါ၏။ အ ကျိုး ဖျက် ဆီး ခြင်း နှင့် အ ငြိုး ထား ခြင်း များ ကို၊ လက် စား ချေ ရန် ရှု ကြည့် တော် မူ ပါ၏။ ခို ကိုး ရာ မဲ့ သူ သည်၊ ကိုယ် တော့် ထံ ကိုယ် ကို လွှဲ အပ် ပါ၏။ ဖ သက် ဆိုး ကို လည်း၊ ကိုယ် တော် မ စ တော် မူ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သို့​သော်​လည်း၊ ကိုယ်​တော်​သည် မြင်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ပင်​ပန်း​စေ​ခြင်း​နှင့် နှောင့်​ယှက်​စေ​ခြင်း​ကို လက်​ဝါး​တော်၌ မှတ်​သား​မည်​ဟု ကြည့်​ရှု​တော်​မူ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​သည် ကိုယ်​တော်၌ ကိုယ်​ကို​အပ်​တတ်​ပါ၏။ ကိုယ်​တော်​သည် မိ​ဘ​မ​ရှိ​သော​သူ၏​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 10:14
35 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် သူငယ်​၏​အသံ​ကို ကြား​တော်မူ​၏​။ ထိုအခါ ဘုရားသခင်​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ ဟာဂရ​ကို​ခေါ်​ပြီးလျှင် “​ဟာဂရ​၊ သင်​ဘာဖြစ်​သနည်း​။ မ​ကြောက်​နှင့်​။ အကြောင်းမူကား သူငယ်​ရှိ​သည့်​နေရာ​မှ သူငယ်​၏​အသံ​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။


ထိုအခါ ကောင်းကင်တမန်​က ‘​မျှော်ကြည့်​လော့​။ သိုးမ​၊ ဆိတ်မ​တို့​နှင့်​မိတ်လိုက်​နေ​သော သိုးထီး​၊ ဆိတ်ထီး​အားလုံး​တို့​သည် အစင်းကျား​ပါ​သော​အကောင်​များ​၊ အစက်​အပြောက်​ပါ​သော​အကောင်​များ​ဖြစ်​ကြ​၏​။ အကြောင်းမူကား သင့်​အား လာဗန်​ပြု​ခဲ့​သမျှ​ကို ငါ​မြင်​၏​။


ထာဝရဘုရား​သည် ငါ​ခံရ​သော​ဒုက္ခဆင်းရဲ​ကို မြင်​တော်မူ​၍ ယနေ့​ခံရ​သော​ကျိန်ဆဲ​ခြင်း​အစား ကောင်း​သော​အရာ​ကို ငါ့​အား ထာဝရဘုရား​ပြန်ပေး​ကောင်း​ပေး​တော်မူ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


‘အကယ်စင်စစ် နာဗုတ်​နှင့် သူ့​သား​တို့ အသတ်ခံ​ခဲ့​ရ​သည်​ကို မနေ့က ငါ​မြင်​ပြီ​။ ဤ​မြေကွက်​ပေါ်တွင်​ပင် သင့်​ကို ငါ​ပြန်​ပေးဆပ်​စေ​မည်​’​ဟု ထာဝရဘုရား ကြွေးကြော်​ထား​ပြီ​။ ထို့ကြောင့် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း သူ့​ကို မ​၍ ဤ​မြေကွက်​တွင် ပစ်ချ​ပါ​”​ဟု ဆို​၏​။


ယောရှ​မင်းကြီး​သည် ဇာခရိ​၏​ဖခင်​ယောယဒ​ပြ​ခဲ့​သော​မေတ္တာကရုဏာ​ကို​ပင် မ​အောက်မေ့​ဘဲ သား​ဖြစ်​သူ​ကို​သတ်​လေ​၏​။ ဇာခရိ​သည် သေ​လုဆဲဆဲ​တွင် “​ထာဝရဘုရား​သည် ဤ​အမှု​ကို မြင်​၍​စီရင်​တော်မူ​ပါစေ​”​ဟု ဆို​၏​။


ကိုယ်တော်​သည် ကောင်းကင်ဘုံ​မှ နားညောင်း​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​တို့​အား အရေးယူ​စီရင်​တော်မူ​ပါ​။ အပြစ်ရှိ​သူ​ကို သူ​ပြု​ခဲ့​သည့်​အပြစ်​အတိုင်း ပြန်ခံရ​စေရန် စီရင်​တော်မူ​ပါ​။ ဖြောင့်မတ်​မှန်ကန်​သူ​ကို​မူ သူ​ဖြောင့်မတ်​သည့်​အတိုင်း အကျိုး​ကို​ခံစား​ရ​စေရန် စီရင်​တော်မူ​ပါ​။


ထာဝရဘုရား​သည် တိုင်းတစ်ပါးသား​တို့​ကို စောင့်ရှောက်​၍ ဖတဆိုး​နှင့်​မုဆိုးမ​ကို ကူညီစောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​ကို​ကား ကွေ့ကောက်​စေ​တော်မူ​၏​။


အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား ဆင်းရဲဒုက္ခ​သည် နီးကပ်​လာ​ပါ​ပြီ​။ ကူညီမစ​မည့်​သူ​လည်း​မ​ရှိ​ပါ​။


အကျွန်ုပ်​ကို ရန်သူ​၏​လက်​သို့​အပ်​တော်​မ​မူ​ဘဲ အကျွန်ုပ်​၏​ခြေ​ကို ကျယ်ဝန်း​သော​အရပ်​၌ ရပ်​စေ​တော်မူ​ပြီ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​မြင်​တော်မူ​ပါ​၏​။ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ အို ဘုရားရှင်​၊ အကျွန်ုပ်​နှင့်​ဝေးဝေးနေ​တော်​မ​မူ​ပါ​နှင့်​။


သင်​၏​ဝန်ထုပ်ဝန်ပိုး​ကို ထာဝရဘုရား​ထံ၌ ချထား​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို​ထောက်မ​တော်မူ​လိမ့်မည်​။ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​ကို မည်သည့်​အခါ​မျှ တုန်လှုပ်​စေ​တော်မူ​မည်​မ​ဟုတ်​။


ဖတဆိုး​တို့​၏​ဖခင်​၊ မုဆိုးမ​တို့​အတွက်​တရားစီရင်​ပေး​သော​အရှင်​မှာ မိမိ​၏​သန့်ရှင်း​သော​ကိန်းဝပ်​ရာ​အရပ်​၌ ရှိ​တော်မူ​သော ဘုရားသခင်​ပေတည်း​။


ဘုရားသခင်​သည် အထီးကျန်​သော​သူ​တို့​အား အတူ​နေထိုင်​ရန်​မိသားစု​ကို​ပေး​၍ အချုပ်အနှောင်​ခံရ​သော​သူ​တို့​ကို ကောင်းစားရာ​သို့​ပို့ဆောင်​တော်မူ​၏​။ ငြင်းဆန်​သော​သူ​တို့​မူကား ပူပြင်း​ခြောက်သွေ့​သော​အရပ်​၌​နေထိုင်​ကြ​ရ​၏​။


ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။


မည်သည့်​မုဆိုးမ​၊ မည်သည့်​မိဘမဲ့သူ​ကို​မျှ မ​နှိပ်စက်​ရ​။


သင်​သည် သင့်​အိမ်နီးချင်း​၏​ခြုံထည်​ကို အမှန်​အပေါင်ခံ​လျှင် သူ့​အား နေ​မ​ဝင်​မီ​ပြန်ပေး​ရ​မည်​။


ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။ မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။


ထာဝရဘုရား​၏​မျက်စိ​တော်​သည် နေရာ​တိုင်း​၌​ရှိ​၍ မကောင်းမှု​ပြု​သော​သူ​တို့​နှင့် သူတော်ကောင်း​တို့​ကို စောင့်ကြည့်​နေ​တော်မူ​၏​။


စစ်ကြောစီရင်​ရာ​နေ့​၊ ဝေး​သော​အရပ်​မှ​ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​သော​နေ့​၌ သင်​တို့​မည်သို့​ပြု​ကြ​မည်နည်း​။ မည်သူ့​ထံ​ပြေး​၍ အကူအညီ​တောင်း​ကြ​မည်နည်း​။ သင်​တို့​၏​စည်းစိမ်ဥစ္စာ​များ​ကို မည်သည့်​နေရာ​၌​ထားခဲ့​ကြ​မည်နည်း​။


ငါ့​မျက်စိ​သည် သူ​တို့​သွား​သော​လမ်း​ရှိသမျှ​တို့​ကို မြင်​၏​။ သူ​တို့​သည် ငါ့​ရှေ့​မှ မ​ပုန်းရှောင်​နိုင်​။ သူ​တို့​၏​ဒုစရိုက်​များ​ကို ငါ့​မျက်မှောက်​မှ မ​ဝှက်ထား​နိုင်​။


“ငါ​မ​မြင်​နိုင်​အောင် ကွယ်​ရာ​၌ ပုန်းနိုင်​သော​သူ တစ်စုံတစ်ယောက်​ရှိ​သလော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။ “​ငါ​သည် ကောင်းကင်​၊ မြေကြီး​အနှံ့ ရှိ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။


သင်​၌​ရှိ​သော မိဘမဲ့​ကလေး​တို့​ကို ထားခဲ့​လော့​။ ငါ​ကြည့်ရှု​မည်​။ သင်​၌​ရှိ​သော​မုဆိုးမ​တို့​သည်​လည်း ငါ့​ကို​ယုံကြည်ကိုးစား​ကြ​စေ​”​ဟု မိန့်​တော်မူ​၏​။


အကြောင်းမူကား ဘေဘီလုံ​မြို့​ကို တိုက်ခိုက်ဖျက်ဆီး​မည့်​သူ ရောက်လာ​ပြီ​။ ဘေဘီလုံ​စစ်သူရဲ​တို့ အဖမ်း​ခံရ​ပြီ​။ သူ​တို့​၏​လေး​တို့​သည်​လည်း ကျိုး​လေ​ပြီ​။ ထာဝရဘုရား​သည် အကျိုးအပြစ်​အလျောက် ပြန်ပေးဆပ်​သော​ဘုရားသခင် ဖြစ်​တော်မူ​သောကြောင့် အမှန်ပင် ပြန်ပေးဆပ်​တော်မူ​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ် မတရား​သဖြင့်​ခံရ​သည်​ကို ကိုယ်တော်​မြင်​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​အမှု​ကို စီရင်​တော်မူ​ပါ​။


အကျွန်ုပ်​ကို အဘယ်မျှလောက် အငြိုး​ထား​၍ အဘယ်မျှလောက် မကောင်း​ကြံစည်​နေ​သည်​ကို ကိုယ်တော်​သိ​တော်မူ​ပါ​ပြီ​။


အဆီးရီယား​ပြည်​သည် အကျွန်ုပ်​တို့​ကို မ​ကယ်တင်​နိုင်​ပါ​။ အကျွန်ုပ်​တို့​သည် မြင်း​မ​စီး​တော့​ပါ​။ ကိုယ့်​လက်​ဖြင့်​လုပ်​သော​အရာ​တို့​ကို ‘​အကျွန်ုပ်​တို့​၏​ဘုရား​’​ဟု မ​ဆို​တော့​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် ဖတဆိုး​တို့​ကို သနားစုံမက်​တော်မူ​ပါ​၏​”​ဟု လျှောက်ဆို​လော့​။


“ငါ​သည် အမျက်ပြေ​ပြီ​ဖြစ်၍ သူ​တို့​လမ်းလွဲဖောက်ပြန်​သည်​များ​ကို ပြန်လည်​ပြုပြင်​ပေး​မည်​။ စေတနာစိတ်​ထက်သန်​သည့်​အလျောက် သူ​တို့​ကို ငါ​ချစ်​မည်​။


အို တိုင်ရာ​မြို့​၊ ဆီဒုန်​မြို့​နှင့် ဖိလိတ္တိ​ပြည်သား​အပေါင်း​တို့​၊ အဘယ်ကြောင့် ငါ့​ကို​ဆန့်ကျင်​ကြ​သနည်း​။ တစ်စုံတစ်ရာ​ကြောင့် ငါ့​ကို​တုံ့ပြန်​ကြ​သလော​။ သင်​တို့ ငါ့​ကို​တုံ့ပြန်​လျှင် ငါ​သည်​လည်း မနှေးအမြန် သင်​တို့​ပြု​သော​အမှု​ကို သင်​တို့​ခေါင်း​ပေါ် ပြန်ရောက်​စေ​မည်​။


ကိုယ်တော်​သည် မကောင်းမှု​များ​ကို မ​မြင်​ထိုက်​၊ ဆိုးညစ်မှု​များ​ကို မ​ကြည့်​ထိုက်​အောင် သန့်ရှင်းစင်ကြယ်​သော​မျက်လုံး​များ ရှိ​တော်မူ​ပါ​၏​။ သို့သော် သစ္စာမရှိ​သော​သူ​တို့​ကို အဘယ်ကြောင့် ကြည့်​နေ​နိုင်​ပါ​သနည်း​။ ဆိုးယုတ်​သော​သူ​တို့​က မိမိ​ထက်​ဖြောင့်မတ်​သော​သူ​တို့​အား ဝါးမျို​နေ​သည်​ကို အဘယ်ကြောင့် ဆိတ်ဆိတ်​နေ​တော်မူ​ပါ​သနည်း​။


ဖတဆိုး​နှင့်​မုဆိုးမ​တို့​အတွက် တရားသဖြင့်​စီရင်​သော​အရှင်​၊ တိုင်းတစ်ပါးသား​ကို​ချစ်​၍ အစားအစာ​နှင့် အဝတ်အစား​တို့​ကို ပေးသနား​တော်မူ​သော​အရှင်​ဖြစ်​တော်မူ​၏​။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။


ထို့ကြောင့် ဘုရားသခင်​၏​အလို​တော်​အရ ဒုက္ခ​ဝေဒနာ​ခံစား​ရ​သော​သူ​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ မိမိ​တို့​၏​စိတ်ဝိညာဉ်​ကို သစ္စာ​နှင့်​ပြည့်စုံ​သော​ဖန်ဆင်းရှင်​ထံသို့ အပ်နှံ​ထား​ကြ​စေ။


ဘုရားသခင်​သည် သင်​တို့​ကို ဂရုစိုက်​တော်မူ​သည်​ဖြစ်၍ သင်​တို့​၏​စိုးရိမ်​ပူပန်​ခြင်း​ရှိသမျှ​တို့​ကို အထံ​တော်​၌ အပ်နှံ​ကြ​လော့။


ထိုအခါ အဒေါနိဗေဇက်​မင်းကြီး​က “​ငါ​သည် ဘုရင်​အပါး​ခုနစ်ဆယ်​တို့​၏​ခြေမ​၊ လက်မ​ကို​ဖြတ်​၍ ငါ့​စားပွဲ​အောက်​၌​စားနုပ်စားပေါက်​တို့​ကို​ကောက်စား​စေ​ခဲ့​၏​။ ဘုရားသခင်​သည် ငါ​ပြု​ခဲ့​သည့်​အတိုင်း ငါ့​အား​ပြန်ပြု​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။ သူ​တို့​သည် အဒေါနိဗေဇက်​မင်းကြီး​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​ပြီး ထို​မြို့​၌ပင် သူ​သေ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ