ဆာလံ 74:2 - မြန်မာ့စံမီသမ္မာကျမ်း2 ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible2 ရှေးအခါကရွေးကောက်တော်မူခဲ့သည့် လူစုတော်၊ ကိုယ်တော်ရှင်၏လူစုတော်အဖြစ်ဖြင့် ကျွန်ဘဝမှရွေးနုတ်ဝယ်ယူတော်မူခဲ့သည့် လူစုတော်ကိုသတိရတော်မူပါ။ ယခင်ကကိုယ်တော်ရှင်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကိုသတိရတော်မူပါ။ အခန်းကိုကြည့်ပါ။Garrad Bible2 ရှေး ကာ လ က၊ ပိုင် တော် မူ ရာ လူ မျိုး အ ဖြစ်၊ ဝယ် ထား ရွေး နုတ် သော ပ ရိ သတ် တော် ကို လည်း ကောင်း၊ ကိန်း ဝပ် ခဲ့ ဖူး သော ဇိ အုန် တောင် တော် ကို လည်း ကောင်း၊ သ တိ ရ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible2 ရှေးက အပိုင်ရတော်မူသော လူအစည်းအဝေးကိုလည်းကောင်း၊ ရွေးတော်မူသော အမွေတော်အဖို့ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကိုလည်းကောင်း အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။ |
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး