Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 9:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကယ်စင်စစ် သင်​တို့​၏​အသက်​သွေးကြွေး​ကို ငါ​ပြန်တောင်း​မည်​။ တောရိုင်းတိရစ္ဆာန်​ဖြစ်​လျှင်လည်း ၎င်း​တို့​၏​အသက်​ကို​ငါ​ပြန်တောင်း​မည်​။ လူ​အချင်းချင်း​ဖြစ်​လျှင်လည်း ထို​လူ​၏​အသက်​ကို ငါ​ပြန်တောင်း​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 လူ့​အ​သက်​ကို​သတ်​သော​သူ​အား​ဒဏ်​ခံ​စေ​မည်။ လူ​ကို​သတ်​သော​တိ​ရစ္ဆာန်​အား​ငါ​သည်​သေ​ဒဏ်​ခံ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ၎င်း ပြင် သင် တို့၏ ကိုယ် စီ ကိုယ် စီ အ သွေး ကို တိ ရ စ္ဆာန် မှ သော် လည်း ကောင်း၊ လူ မှ သော် လည်း ကောင်း၊ ငါ တောင်း ယူ မည်။ လူ ဖော် ချင်း မှ လည်း၊ လူ ၏ အ သက် ကို ငါ တောင်း ယူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​ကယ်၍ သင်​တို့​အ​သက်​တည်း​ဟူ​သော၊ သင်​တို့​အ​သွေး​ကို ငါ​တောင်း​မည်။ လူ၊ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့၌ ငါ​တောင်း​မည်။ ခပ်​သိမ်း​သော​လူ​တို့၏​ညီ​အစ်​ကို၌၊ လူ၏​အ​သက်​ကို ငါ​တောင်း​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 9:5
26 ပူးပေါင်းရင်းမြစ်များ  

ရုဗင်​က သူ​တို့​အား “ ‘​သူငယ်​ကို မ​ပြစ်မှား​ပါ​နှင့်​’​ဟု သင်​တို့​ကို​ငါ​ပြော​ခဲ့​သည်​မ​ဟုတ်​လော​။ သို့သော် သင်​တို့​နား​မ​ထောင်​ကြ​။ ငါ​တို့​သည် ယခု သူ​၏​သွေးကြွေး​အတောင်း​ခံရ​လေ​ပြီ​”​ဟု ပြန်ပြော​၏​။


အပြစ်မဲ့သူ​ကို သူ့​အိမ်​၊ သူ့​အိပ်ရာ​ပေါ်​အထိ လာသတ်​သော​လူဆိုး​တို့​ကို ထိုထက်မက ပြု​သင့်​သည်​မ​ဟုတ်​လော​။ ယခုမှာ ငါ​သည် သူ့​သွေးကြွေး​ကို သင်​တို့​ထံမှ​တောင်း​၍ သင်​တို့​ကို မြေကြီး​ပေါ်မှ ဖယ်ရှား​ပစ်​သင့်​သည် မ​ဟုတ်​လော​”​ဟု ဆို​ပြီးလျှင်


သို့ဖြစ်၍ သင် ဉာဏ်ပညာ​ရှိ​သည့်​အတိုင်း စီရင်​လော့​။ ဆံပင်ဖြူ​သော​သူ့​ကို မရဏာနိုင်ငံ​သို့ ငြိမ်ဝပ်​စွာ သွား​ခွင့်​မ​ပေး​ပါ​နှင့်​။


အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။


ယောရှ​မင်းကြီး​သည် ဇာခရိ​၏​ဖခင်​ယောယဒ​ပြ​ခဲ့​သော​မေတ္တာကရုဏာ​ကို​ပင် မ​အောက်မေ့​ဘဲ သား​ဖြစ်​သူ​ကို​သတ်​လေ​၏​။ ဇာခရိ​သည် သေ​လုဆဲဆဲ​တွင် “​ထာဝရဘုရား​သည် ဤ​အမှု​ကို မြင်​၍​စီရင်​တော်မူ​ပါစေ​”​ဟု ဆို​၏​။


အာမုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည်​လည်း လျှို့ဝှက်ကြံစည်​ကြ​ပြီး သူ့​ကို နန်းတွင်း​၌​ပင် ကွပ်မျက်​ကြ​လေ​၏​။


ထိုအခါ ပြည်သူပြည်သား​တို့​သည် အာမုန်​မင်းကြီး​အား လုပ်ကြံ​ခဲ့​သူ​အားလုံး​ကို ပြန်သတ်​ပြီး ထို​ပြည်သူပြည်သား​တို့​ကပင် မင်းကြီး​၏​သား​တော်​ယောရှိ​အား ခမည်းတော်​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။


အကြောင်းမူကား သွေးကြွေး​ပြန်တောင်း​တတ်​သော ကိုယ်တော်​သည် ထို​သူ​တို့​ကို​အောက်မေ့​တော်မူ​၏​။ ဖိစီးနှိပ်စက်​ခြင်း​ခံရ​သော​သူ​တို့​၏ အော်ဟစ်တောင်းလျှောက်သံ​ကို မေ့လျော့​တော်​မ​မူ​ပါ​။


လူ​ကို​သေ​အောင်​ရိုက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သင်​၏​လူမျိုး​တို့​တွင် လှည့်လည်​၍ သူတစ်ပါး​အသရေပျက်​အောင် မ​ပြော​ရ​။ သင်​၏​အိမ်နီးချင်း​ကို အသက်အန္တရာယ်​ဖြစ်​အောင် မ​ပြု​ရ​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


မည်သူမဆို လူ့​အသက်​ကို သတ်​လျှင် ထို​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သူတစ်ပါး​၏​တိရစ္ဆာန်​ကို​သတ်​သော​သူ​သည် အလျော်​ပြန်ပေး​ရ​မည်​။ လူ​ကို​သတ်​သော​သူ​မူကား ပြန်​၍​အသတ်​ခံရ​မည်​။


သံထည်​ပစ္စည်း​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သေ​စေ​နိုင်​သော​ကျောက်တုံး​ဖြင့် ထု​၍​လူ​သေ​သွား​လျှင် ထု​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


သေ​စေ​နိုင်​သော​သစ်သား​တုတ်​ဖြင့် ရိုက်​၍​လူ​သေ​သွား​လျှင် ရိုက်​သော​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ လူသတ်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။


ရန်ငြိုး​ထား​၍ လက်သီး​နှင့်​ထိုး​သဖြင့် လူ​သေ​သွား​လျှင်​လည်းကောင်း ထိုသို့​ပြု​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ ထို​သူ​သည် လူသတ်​သော​သူ​ဖြစ်​၏​။ သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​သည် လူသတ်​သော​သူ​ကို တွေ့​လျှင် သတ်​ရ​မည်​။


သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။


ကိုယ်တော်​သည် လူ​တစ်ဦးတည်း​မှ လူမျိုး​အားလုံး​ကို ဖန်ဆင်း​၍ ကမ္ဘာ​မြေ​ပြင်​အနှံ့​တွင်​နေထိုင်​စေ​ကာ အချိန်​ကာလ​များ​နှင့် သူ​တို့​နေထိုင်​ရာ​နယ်နိမိတ်​များ​ကို ကြိုတင်​ချမှတ်​ပေး​တော်မူ​၏။


တစ်စုံတစ်ယောက်​သည် မိမိ​အိမ်နီးချင်း​ကို မုန်း​သောကြောင့် သူ့​ကို​ချောင်းမြောင်း​တိုက်ခိုက်​၍ အသေသတ်​ပြီး ထို​မြို့​တစ်​မြို့​မြို့​သို့ ထွက်ပြေး​သွား​သော်


သူ​နေထိုင်​သော​မြို့​မှ သက်ကြီးဝါကြီး​တို့​က လူ​လွှတ်​၍ သူ့​ကို​ခေါ်ဆောင်​လာ​စေ​ပြီး သွေးကြွေး​အတွက်​လက်စားချေ​ပေး​သော​သူ​၏​လက်​သို့ အပ်​ရ​မည်​။ သူ​သည် အသတ်​ခံရ​မည်​။


အဘိမလက်​သည် မိမိ​ညီအစ်ကို အယောက်​ခုနစ်ဆယ်​ကို သတ်​ခြင်း​ဖြင့် ဖခင်​အပေါ် ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် ဘုရားသခင်​သည် သူ့​အား ထိုသို့​ပြန်​ခံရ​စေ​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ