အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ၊ ရန်သူ့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
ဆာလံ 71:7 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အတွက် ခိုင်ခံ့သည့် ခိုလှုံရာဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်လူတို့ရှေ့တွင်စံနမူနာ ဖြစ်ပါ၏။ Garrad Bible ကိုယ် တော် သည်၊ အ ကျွန်ုပ် အ ဖို့ ခိုင် ခံ့ သော ခို လှုံ ရာ ဖြစ် တော် မူ၍၊ လူ အ များ တို့ ရှေ့ နိ မိတ် လ က္ခ ဏာ သ ဖွယ်၊ အ ကျွန်ုပ် ဖြစ် ပါ ၏။ Judson Bible အကျွန်ုပ်သည် များစွာသောသူတို့၌ အံ့ဖွယ်သောအရာကဲ့သို့ ဖြစ်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောခိုလှုံရာ ဖြစ်တော်မူ၏။ |
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ခိုလှုံရာ၊ ရန်သူ့ရှေ့မှာ ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
ဘုရားသခင်ထံတော်၌ ငါ၏ကယ်တင်ခြင်းနှင့် ငါ၏ဘုန်းအသရေရှိ၏။ ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောကျောက်ဆောင်၊ ငါ၏ခိုလှုံရာဖြစ်တော်မူ၏။
အို လူများတို့၊ ကိုယ်တော်ကို အစဉ်အမြဲယုံကြည်ကိုးစားကြလော့။ သင်တို့၏စိတ်နှလုံးကို ကိုယ်တော်၏ရှေ့တော်၌ ဖွင့်ဟကြလော့။ ဘုရားသခင်သည် ငါတို့၏ခိုလှုံရာဖြစ်တော်မူ၏။(စေလာ)
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ နားထောင်လော့။ သင်နှင့်အတူ သင့်ရှေ့တွင်ထိုင်သောသင့်အပေါင်းပါတို့လည်း နားထောင်ကြလော့။ အကြောင်းမူကား သူတို့သည် နိမိတ်လက္ခဏာနှင့်ဆိုင်သောလူများ ဖြစ်ကြ၏။ ကြည့်ရှုလော့။ ငါ့အစေအပါးဖြစ်သည့် အတက်ကို ငါထွက်လာစေမည်။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။