Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 71:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ဖြင့် တစ်နေ့လုံး​ပြည့်​လျက်​ရှိ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 တစ်​နေ့​လုံး​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် အား ထော​မ​နာ​ပြု​၍ ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ကျွန်ုပ် နှုတ် သည်၊ နေ့ ရှိ သ မျှ ဂုဏ် တော် ကို ချီး မြှောက် ခြင်း၊ အ သ ရေ တော် ကို ချီး မွမ်း ခြင်း နှင့် ပြည့် လျက် ရှိ ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ဂုဏ်​အ​သ​ရေ​တော်​နှင့် ယှဉ်​သော ထော​မ​နာ​စ​ကား​ကို အ​ကျွန်ုပ်​သည် နေ့​တိုင်း​အ​စဉ် မြွက်​ဆို​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 71:8
9 ပူးပေါင်းရင်းမြစ်များ  

အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် အလွန်​ကြီးမြတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဘုန်းကျက်သရေ​နှင့် ဘုန်းအာနုဘော်​ကို ဆင်မြန်း​တော်မူ​၏​။


ငါ​သည် အသက်ရှင်​စဉ်အခါ ထာဝရဘုရား​ကို​ချီးမွမ်း​မည်​။ ငါ​ရှိ​နေ​သေး​သရွေ့ ငါ​၏​ဘုရားသခင်​ကို သီဆိုချီးမွမ်း​မည်​။


ထိုအခါ အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့် ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။


အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် အဆီအနှစ်​နှင့်​မြိန်ရှက်​သော​အစာ​ကို စား​ရ​သည့်​အလား အားရကျေနပ်​လျက်​ရှိ​ပါ​၏​။ ရွှင်လန်း​စွာ​ကြွေးကြော်​သော​နှုတ်ခမ်း​ဖြင့် အကျွန်ုပ်​၏​နှုတ်​သည် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​နှင့်​ကယ်တင်​ခြင်း​ကို အကျွန်ုပ် အကုန်အစင်​မ​သိ​နိုင်​သော်လည်း အကျွန်ုပ်​၏​နှုတ်​သည် ထို​အကြောင်း​တို့​ကို တစ်နေ့လုံး​ပြောကြား​ပါ​မည်​။


အကျွန်ုပ်​၏​လျှာ​သည်​လည်း ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို တစ်နေ့လုံး​မြွက်ဆို​ပါ​မည်​။ အကြောင်းမူကား အကျွန်ုပ်​ဒုက္ခ​ရောက်​စေရန် ရှာကြံ​သော​သူ​တို့​သည် အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ပါ​ပြီ​။


ဘုန်းကျက်သရေ​နှင့်​ဘုန်းအာနုဘော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌​ရှိ​၏​။ အစွမ်းတန်ခိုး​နှင့်​ဂုဏ်ကျက်သရေ​သည် ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌​ရှိ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ